Premier League

မန်စီးတီးနဲ့က ခြေမကွာပါဘူးလို့ ပြောချလိုက်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ကြားက ကွာဟချက်က အလွန်သေးငယ်တယ်လို့ တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီရှုံးပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး တစ်ဂိုးရရှိခဲ့တာဖြစ်ပြီး စုစုပေါင်း မျှော်မှန်းသွင်းဂိုးက မန်စီးတီးက ၃.၁၅ ဂိုးရှိခဲ့ချိန်မှာ ၀.၁၉ ဂိုးသာ ရှိခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းက ဒုတိယပိုင်းမှာ ၃ ဂိုးအထိ ပြန်သွင်းပြီး အရေးပါတဲ့ အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့တာကြောင့် တန်ဟက်ဟာ မန်ယူနိုက်တက်နည်းပြဘဝ မန်ချက်စတာဒါဘီ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြက မန်ချက်စတာယူနိုက်တက်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးထက် အရမ်းကြီး ကွာဟနေတာမျိုး မရှိဘူးလို့ အခိုင်အမာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရှုံးနိမ့်မှုက မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ကြား ကွာဟမှုကို သတိပေးချက်ဖြစ်ခဲ့သလားလို့ မေးမြန်းခဲ့ရာမှာ “ဟင့်အင်း။ ကျွန်တော်တော့ အဲဒီလိုမထင်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အခု ဒဏ်ရာပြဿနာတွေနဲ့ ပြဿနာတွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့ အခွင့်အရေးရခဲ့ပါသေးတယ်။ အရမ်းကို သေးငယ်တဲ့ ကွာဟချက်လေးပါ။ ကျွန်တော်တို့ ဒုတိယဂိုး သွင်းယူနိုင်ခဲ့သင့်တာပါ။ ကျွန်တော်တို့ အငြင်းအခုံဖြစ်စရာအခိုက်အတန့်မှာ ဒုတိယဂိုး သွင်းယူနိုင်ခဲ့ရမှာပါ။ ကွာဟချက်က အဲဒီလောက်မကြီးတာ ခင်ဗျားမြင်မှာပါ။ ကျွန်တော်တို့ လူစုံတက်စုံ ပါနိုင်တဲ့အချိန်ကျရင် ကျွန်တော်တို့က တကယ်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အက်ဖ်အေဖလားဗိုလ်လုပွဲမှာ သူတို့ကို ကျွန်တော်တို့ အဲဒါကို ပြသခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးက အခုအချိန်မှာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းဆိုတာကိုတော့ မမေ့ပါနဲ့”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးတို႔ၾကားက ကြာဟခ်က္က အလြန္ေသးငယ္တယ္လို႔ တနဂၤေႏြေန႔ မန္ခ်က္စတာဒါဘီရႈံးပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့ၿပီး တစ္ဂိုးရရွိခဲ့တာျဖစ္ၿပီး စုစုေပါင္း ေမွ်ာ္မွန္းသြင္းဂိုးက မန္စီးတီးက ၃.၁၅ ဂိုးရွိခဲ့ခ်ိန္မွာ ၀.၁၉ ဂိုးသာ ရွိခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕အသင္းက ဒုတိယပိုင္းမွာ ၃ ဂိုးအထိ ျပန္သြင္းၿပီး အေရးပါတဲ့ အႏိုင္ ၃ မွတ္ကို ရယူသြားႏိုင္ခဲ့တာေၾကာင့္ တန္ဟက္ဟာ မန္ယူႏိုက္တက္နည္းျပဘဝ မန္ခ်က္စတာဒါဘီ ၅ ပြဲမွာ ၄ ပြဲအထိ ရႈံးပြဲေတြ႕ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒတ္ခ်္လူမ်ိဳးနည္းျပက မန္ခ်က္စတာယူႏိုက္တက္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးထက္ အရမ္းႀကီး ကြာဟေနတာမ်ိဳး မရွိဘူးလို႔ အခိုင္အမာ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

ရႈံးနိမ့္မႈက မန္ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔ၾကား ကြာဟမႈကို သတိေပးခ်က္ျဖစ္ခဲ့သလားလို႔ ေမးျမန္းခဲ့ရာမွာ “ဟင့္အင္း။ ကြၽန္ေတာ္ေတာ့ အဲဒီလိုမထင္ပါဘူး။ လုံးဝ မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာ အခု ဒဏ္ရာျပႆနာေတြနဲ႔ ျပႆနာေတြ အမ်ားႀကီးရွိေနတယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးရခဲ့ပါေသးတယ္။ အရမ္းကို ေသးငယ္တဲ့ ကြာဟခ်က္ေလးပါ။ ကြၽန္ေတာ္တို႔ ဒုတိယဂိုး သြင္းယူႏိုင္ခဲ့သင့္တာပါ။ ကြၽန္ေတာ္တို႔ အျငင္းအခုံျဖစ္စရာအခိုက္အတန႔္မွာ ဒုတိယဂိုး သြင္းယူႏိုင္ခဲ့ရမွာပါ။ ကြာဟခ်က္က အဲဒီေလာက္မႀကီးတာ ခင္ဗ်ားျမင္မွာပါ။ ကြၽန္ေတာ္တို႔ လူစုံတက္စုံ ပါႏိုင္တဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္တို႔က တကယ္ကို ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိၿပီး အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ သူတို႔ကို ကြၽန္ေတာ္တို႔ အဲဒါကို ျပသခဲ့ပါတယ္။ ဒါေပမယ့္ မန္စီးတီးက အခုအခ်ိန္မွာ ကမာၻေပၚက အေကာင္းဆုံးအသင္းဆိုတာကိုေတာ့ မေမ့ပါနဲ႔”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.