Premier League

တန်ဟက်တို့ တသိုက် ဘယ်ဦးတည်ချက်အတိုင်း သွားနေတာလဲလို့ မေးခွန်းထုတ်လိုက်တဲ့ ရွိုင်ကီးန်

ရွိုင် ကီးန်က တနင်္ဂနွေနေ့ညမှာ မန်ချက်စတာစီးတီးကို မန်ချက်စတာဒါဘီမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကစားသမားတွေနဲ့ နည်းပြကို မေးဖို့ လိုတဲ့ မေးခွန်းတွေ အများကြီးရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်က ပရီးမီးယားလိဂ်မှာ ယခုရာသီ ၁၁ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာက အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့်လည်း ကောင်းကောင်း မကစားနိုင်ဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ၃-၁ နဲ့ ရှုံးပွဲအ​ပြီး Sky Sports မှာ ရွိုင် ကီးန်က အသင်းဟောင်းအပေါ်မှာ အရမ်းပြင်းပြင်းထန်ထန် မဝေဖန်ချင်ဘူးလို့ ပြောဆိုခဲ့ပြီး မန်စီးတီးဟာ ကွင်းအတွင်းမှာ ပိုမိုကောင်းမွန်ခဲ့သလို ဘာကြောင့် ချန်ပီယံတွေဖြစ်နေရတာလဲဆိုတာကို ပြသခဲ့တာလို့ ယုံကြည်နေပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက အသင်းဟောင်းအနေနဲ့ ဘယ်ဦးတည်ချက်အတိုင်း သွားနေတာလဲဆိုတာ မသေချာဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဒီနေ့ မန်ချက်စတာယူနိုက်တက်အပေါ် အရမ်း ပြင်းပြင်းထန်ထန် မပြောနိုင်ပါဘူး။ မန်စီးတီး တကယ်ကို ကောင်းမွန်ခဲ့လို့ပါ။ သူတို့တွေက ဘာကြောင့် ချန်ပီယံတွေဖြစ်နေတာလဲဆိုတာကို ပြသခဲ့တာပါ။ အခုဆိုရင် မန်ယူနိုက်တက်အတွက် လိဂ်ရှုံးပွဲ ၁၁ ပွဲရှိပြီ။ မန်စီးတီးလုပ်ခဲ့တာက ခင်ဗျားရဲ့ ဟာကွက်တွေကို ရှာတွေ့သွားတာပါပဲ။ ဒီမန်ချက်စတာယူနိုက်တက်အသင်းက ဘယ်ကို သွားနေတာလဲဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ ရှိနေတုန်းပဲ။ နောက်ဆုံး ၂၅ မိနစ်မှာ သူတို့တွေ မန်စီးတီး ခြေဖျားတောင် မမီခဲ့ဘူး။သူတို့ကို ဟိုက ကလေးကစားသလို လုပ်သွားတာ။ မန်ယူနိုက်တက်က ကိုယ်ဖော်တဲ့ဆေး ကိုယ်သောက်ဖို့လိုအပ်နေပြီး ဒီအသင်းနဲ့ ဒီနည်းပြအပေါ် နောက်ထပ်တစ်ကြိမ် မေးခွန်းထုတ်စရာ အကြီးကြီးရှိနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ ကီးန္က တနဂၤေႏြေန႔ညမွာ မန္ခ်က္စတာစီးတီးကို မန္ခ်က္စတာဒါဘီမွာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြနဲ႔ နည္းျပကို ေမးဖို႔ လိုတဲ့ ေမးခြန္းေတြ အမ်ားႀကီးရွိေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္က ပရီးမီးယားလိဂ္မွာ ယခုရာသီ ၁၁ ပြဲအထိ ရႈံးပြဲေတြ႕ခဲ့တာက အဆင့္ ၆ ေနရာမွာ ရပ္တည္ေနေပမယ့္လည္း ေကာင္းေကာင္း မကစားႏိုင္ဘူးဆိုတာကို ျပသေနတာျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၃-၁ နဲ႔ ရႈံးပြဲအ​ၿပီး Sky Sports မွာ ႐ြိဳင္ ကီးန္က အသင္းေဟာင္းအေပၚမွာ အရမ္းျပင္းျပင္းထန္ထန္ မေဝဖန္ခ်င္ဘူးလို႔ ေျပာဆိုခဲ့ၿပီး မန္စီးတီးဟာ ကြင္းအတြင္းမွာ ပိုမိုေကာင္းမြန္ခဲ့သလို ဘာေၾကာင့္ ခ်န္ပီယံေတြျဖစ္ေနရတာလဲဆိုတာကို ျပသခဲ့တာလို႔ ယုံၾကည္ေနပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းက အသင္းေဟာင္းအေနနဲ႔ ဘယ္ဦးတည္ခ်က္အတိုင္း သြားေနတာလဲဆိုတာ မေသခ်ာဘူးလို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီေန႔ မန္ခ်က္စတာယူႏိုက္တက္အေပၚ အရမ္း ျပင္းျပင္းထန္ထန္ မေျပာႏိုင္ပါဘူး။ မန္စီးတီး တကယ္ကို ေကာင္းမြန္ခဲ့လို႔ပါ။ သူတို႔ေတြက ဘာေၾကာင့္ ခ်န္ပီယံေတြျဖစ္ေနတာလဲဆိုတာကို ျပသခဲ့တာပါ။ အခုဆိုရင္ မန္ယူႏိုက္တက္အတြက္ လိဂ္ရႈံးပြဲ ၁၁ ပြဲရွိၿပီ။ မန္စီးတီးလုပ္ခဲ့တာက ခင္ဗ်ားရဲ႕ ဟာကြက္ေတြကို ရွာေတြ႕သြားတာပါပဲ။ ဒီမန္ခ်က္စတာယူႏိုက္တက္အသင္းက ဘယ္ကို သြားေနတာလဲဆိုတာနဲ႔ပတ္သက္ၿပီး ေမးခြန္းေတြ ရွိေနတုန္းပဲ။ ေနာက္ဆုံး ၂၅ မိနစ္မွာ သူတို႔ေတြ မန္စီးတီး ေျခဖ်ားေတာင္ မမီခဲ့ဘူး။သူတို႔ကို ဟိုက ကေလးကစားသလို လုပ္သြားတာ။ မန္ယူႏိုက္တက္က ကိုယ္ေဖာ္တဲ့ေဆး ကိုယ္ေသာက္ဖို႔လိုအပ္ေနၿပီး ဒီအသင္းနဲ႔ ဒီနည္းျပအေပၚ ေနာက္ထပ္တစ္ႀကိမ္ ေမးခြန္းထုတ္စရာ အႀကီးႀကီးရွိေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.