Match Report Premier League

စိတ်လှုပ်ရှားစရာအပြည့်နဲ့ မန်ချက်စတာဒါဘီမှာ ရပ်တန့်မရတဲ့ ဖိုဒန်ကြောင့် နိုင်ပွဲရခဲ့တဲ့ မန်စီးတီး

တနင်္ဂနွေနေ့ည ၁၀ နာရီမှာ ဒီအပတ်ရဲ့ အကြီးမားဆုံးပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ အိမ်ရှင်တွေက ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ပထမပိုင်းစစချင်း ၄ မိနစ်မှာပဲ ဂျွန် စတုန်းစ်ကို ကက်စမီရို နောက်ကနေ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် မန်ချက်စတာစီးတီးတို့ ပင်နယ်တီတောင်းခဲ့ပေမယ့် ဒိုင်ကလည်း မပေးသလို VAR ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ရပ်တည်ခဲ့ပါတယ်။

၈ မိနစ်မှာ ဧည့်သည် မန်ချက်စတာယူနိုက်တက်က ဘယ်သူမှ မထင်မှတ်ထားတာကို လုပ်ပြခဲ့ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်က ဖာနန်ဒက်စ် ပေးပို့ခဲ့တဲ့ ဘောလုံးကို ၂၅ ကိုက်အကွာကနေ ညာခြေနဲ့ ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့ပြီး ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က မထင်မှတ်ဘဲ ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီးနောက် မန်ချက်စတာစီးတီးတို့ ပျာသွားခဲ့ပြီး ၁၇ မိနစ်မှာ ရက်ရှ်ဖို့ဒ် ဂိုးရှေ့ကို လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့်ရခဲ့ပေမယ့်လည်း ပြေးလမ်းကြောင်းထဲ ခေါင်းတိုက်ချခဲ့မှုက လွဲချော်ခဲ့တာကြောင့် ဘောလုံးတခြား လူတခြားဖြစ်ပြီး ဝေါ်ကာက ကြားဖြတ်လုယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ ဖီးလ် ဖိုဒန် တန်ပြန်တိုက်စစ်ကနေတဆင့် လင်ဒီလော့ဖ် ဗာရွမ်းကို မကြည့်ဘဲ လူကျွံဘောဖမ်းခဲ့ရာကနေ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းခွင့်ရခဲ့ပေမယ့် အိုနာနာက ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးက ပထမပိုင်း ပွဲကစားချိန်အလယ်ကနေ ပွဲကစားချိန်ကုန်ဆုံးတဲ့အထိ တစ်ဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပေမယ့်လည်း ရိုဒရီရဲ့ အပိုင်ကန်ချက်ကို အိုနာနာ ကာကွယ်နိုင်ခဲ့သလို ဟာလန်းရဲ့ အပိုင်ကန်သွင်းမှု အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ မန်ချက်စတာယူနိုက်တက်က ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အိမ်ရှင်တွေကပဲ ဆက်လက် အသာစီးရယူကစားနိုင်ခဲ့ပြီး ချေပဂိုး ပြန်ရဖို့ တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး ၅၆ မိနစ်မှာတော့ ဖိုဒန်က ညာတောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းတာကြောင့် အိုနာနာလည်း ဘယ်လိုမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန် ၆၉ မိနစ်မှာ ကစားအားကျလာတဲ့ အီဗန်အစား လူငယ်ကစားသမား ကမ်ဘဝါလာကို ထည့်သွင်းကစားစေခဲ့ပြီး ၇၅ မိနစ်မှာ ပထမပိုင်း ဦးဆောင်ဂိုးရှင် ရက်ရှ်ဖို့ဒ်အစား အန်တိုနီကို လူစားဝင်ကစားစေခဲ့ပါတယ်။

တန်ဟက်ရဲ့ လူစားလဲလှယ်မှုက မှားယွင်းသွားခဲ့တယ်ဆိုတာ သိလိုက်ရဖို့ သိပ်မစောင့်လိုက်ရဘဲ နောက်ထပ် ၅ မိနစ်အကြာမှာပဲ ဖိုဒန်က ပင်နယ်တီဧရိယာဘယ်အစွန်က ယူလီယန် အယ်လ်ဗာရက်ဇ်နဲ့ ဝမ်းတူးရိုက်ပြီး ပင်နယ်တီဧရိယာထဲပြေးဝင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဖိုဒန်ရဲ့ သွင်းဂိုးမှာ အသစ်ဝင်လာတဲ့ လူငယ်ကစားသမား ရှေ့တက်နေမှုကြောင့် ဗာရွမ်း နေရာကနေ အပြင်ထွက်နေလို့ နေရာလွတ်ဖြစ်နေတာကို မန်စီးတီးက ကောင်းကောင်း အသုံးချသွားနိုင်ခဲ့တာဖြစ်ပြီး တန်ဟက်က ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် မိန်းနိုးနဲ့ ဂါနာချိုတို့နေရာမှာ အမ်မရာဘတ်နဲ့ ဖော်ဆင်တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။

ဦးဆောင်ဂိုးရရှိသွားခဲ့ပြီးတဲ့နောက် အိမ်ရှင် မန်စီးတီးက နောက်ထပ် ဦးဆောင်ဂိုးတွေအတွက် တရစပ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး မန်ယူနိုက်တက် နောက်ခံလူတွေ အလူးအလဲ ကာကွယ်ခဲ့ရပါတယ်။ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၂ မိနစ်မှာ တန်ဟက်ရဲ့ နောက်ထပ် လူစားလဲလှယ်မှု မှားယွင်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး ခံစစ်ကနေ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းရင်း အမ်မရာဘတ်ခြေထောက်ထဲက ဘောလုံးကို ရိုဒရီက လုယူပြီး ခင်းပေးလိုက်တဲ့​ ဘောလုံးကို ဟာလန်းက အိုနာနာနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ၁၉၂ ကြိမ်မြောက် မန်ချက်စတာဒါဘီမှာ အရေးကြီးတဲ့ အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေန႔ည ၁၀ နာရီမွာ ဒီအပတ္ရဲ႕ အႀကီးမားဆုံးပြဲစဥ္အျဖစ္ မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာ အိမ္ရွင္ေတြက ဒုတိယပိုင္းသြင္းဂိုးေတြေၾကာင့္ ၃-၁ နဲ႔ အႏိုင္ရခဲ့ပါတယ္။

ပထမပိုင္းစစခ်င္း ၄ မိနစ္မွာပဲ ဂြၽန္ စတုန္းစ္ကို ကက္စမီ႐ို ေနာက္ကေန ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ မန္ခ်က္စတာစီးတီးတို႔ ပင္နယ္တီေတာင္းခဲ့ေပမယ့္ ဒိုင္ကလည္း မေပးသလို VAR ကလည္း ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း ရပ္တည္ခဲ့ပါတယ္။

၈ မိနစ္မွာ ဧည့္သည္ မန္ခ်က္စတာယူႏိုက္တက္က ဘယ္သူမွ မထင္မွတ္ထားတာကို လုပ္ျပခဲ့ၿပီး မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ဖာနန္ဒက္စ္ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ၂၅ ကိုက္အကြာကေန ညာေျခနဲ႔ ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းသြားခဲ့ၿပီး ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က မထင္မွတ္ဘဲ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးတို႔ ပ်ာသြားခဲ့ၿပီး ၁၇ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ ဂိုးေရွ႕ကို လြတ္လြတ္ကြၽတ္ကြၽတ္ ဆြဲေျပးခြင့္ရခဲ့ေပမယ့္လည္း ေျပးလမ္းေၾကာင္းထဲ ေခါင္းတိုက္ခ်ခဲ့မႈက လြဲေခ်ာ္ခဲ့တာေၾကာင့္ ေဘာလုံးတျခား လူတျခားျဖစ္ၿပီး ေဝၚကာက ၾကားျဖတ္လုယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ဖီးလ္ ဖိုဒန္ တန္ျပန္တိုက္စစ္ကေနတဆင့္ လင္ဒီေလာ့ဖ္ ဗာ႐ြမ္းကို မၾကည့္ဘဲ လူကြၽံေဘာဖမ္းခဲ့ရာကေန လြတ္လြတ္ကြၽတ္ကြၽတ္ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းခြင့္ရခဲ့ေပမယ့္ အိုနာနာက ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးက ပထမပိုင္း ပြဲကစားခ်ိန္အလယ္ကေန ပြဲကစားခ်ိန္ကုန္ဆုံးတဲ့အထိ တစ္ဖက္သတ္ ဖိအားေပးတိုက္စစ္ဆင္ခဲ့ေပမယ့္လည္း ႐ိုဒရီရဲ႕ အပိုင္ကန္ခ်က္ကို အိုနာနာ ကာကြယ္ႏိုင္ခဲ့သလို ဟာလန္းရဲ႕ အပိုင္ကန္သြင္းမႈ အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္က ၁-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အိမ္ရွင္ေတြကပဲ ဆက္လက္ အသာစီးရယူကစားႏိုင္ခဲ့ၿပီး ေခ်ပဂိုး ျပန္ရဖို႔ တရစပ္ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး ၅၆ မိနစ္မွာေတာ့ ဖိုဒန္က ညာေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ၿပီး ဘယ္ေျခနဲ႔ ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို အျပင္းကန္သြင္းတာေၾကာင့္ အိုနာနာလည္း ဘယ္လိုမွ မတတ္ႏိုင္ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ၆၉ မိနစ္မွာ ကစားအားက်လာတဲ့ အီဗန္အစား လူငယ္ကစားသမား ကမ္ဘဝါလာကို ထည့္သြင္းကစားေစခဲ့ၿပီး ၇၅ မိနစ္မွာ ပထမပိုင္း ဦးေဆာင္ဂိုးရွင္ ရက္ရွ္ဖို႔ဒ္အစား အန္တိုနီကို လူစားဝင္ကစားေစခဲ့ပါတယ္။

တန္ဟက္ရဲ႕ လူစားလဲလွယ္မႈက မွားယြင္းသြားခဲ့တယ္ဆိုတာ သိလိုက္ရဖို႔ သိပ္မေစာင့္လိုက္ရဘဲ ေနာက္ထပ္ ၅ မိနစ္အၾကာမွာပဲ ဖိုဒန္က ပင္နယ္တီဧရိယာဘယ္အစြန္က ယူလီယန္ အယ္လ္ဗာရက္ဇ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ပင္နယ္တီဧရိယာထဲေျပးဝင္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဖိုဒန္ရဲ႕ သြင္းဂိုးမွာ အသစ္ဝင္လာတဲ့ လူငယ္ကစားသမား ေရွ႕တက္ေနမႈေၾကာင့္ ဗာ႐ြမ္း ေနရာကေန အျပင္ထြက္ေနလို႔ ေနရာလြတ္ျဖစ္ေနတာကို မန္စီးတီးက ေကာင္းေကာင္း အသုံးခ်သြားႏိုင္ခဲ့တာျဖစ္ၿပီး တန္ဟက္က ဦးေဆာင္ဂိုး ေပးခဲ့ရၿပီးေနာက္ မိန္းႏိုးနဲ႔ ဂါနာခ်ိဳတို႔ေနရာမွာ အမ္မရာဘတ္နဲ႔ ေဖာ္ဆင္တို႔ကို ထည့္သြင္း ကစားေစခဲ့ပါတယ္။

ဦးေဆာင္ဂိုးရရွိသြားခဲ့ၿပီးတဲ့ေနာက္ အိမ္ရွင္ မန္စီးတီးက ေနာက္ထပ္ ဦးေဆာင္ဂိုးေတြအတြက္ တရစပ္ ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး မန္ယူႏိုက္တက္ ေနာက္ခံလူေတြ အလူးအလဲ ကာကြယ္ခဲ့ရပါတယ္။ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၂ မိနစ္မွာ တန္ဟက္ရဲ႕ ေနာက္ထပ္ လူစားလဲလွယ္မႈ မွားယြင္းခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ခံစစ္ကေန တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းရင္း အမ္မရာဘတ္ေျခေထာက္ထဲက ေဘာလုံးကို ႐ိုဒရီက လုယူၿပီး ခင္းေပးလိုက္တဲ့​ ေဘာလုံးကို ဟာလန္းက အိုနာနာနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ၁၉၂ ႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီမွာ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္ကို ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၁ မွတ္အကြာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.