Premier League

ဒိုင်အမှားကြောင့် လီဗာပူးလ်နိုင်သွားတာလို့ ထောက်ပြလိုက်တဲ့ ကလတ်တန်ဘာ့ဂ်

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလတ်တန်ဘာ့ဂ်က လီဗာပူးလ်ဟာ စနေနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒိုင်လူကြီး ပေါလ် တီယာနီရဲ့ အမှားကြောင့် အမြတ်ထွက်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါဝင် နူးညက်ဇ်ရဲ့ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၄ မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖောရက်စ်ဟာ နူးညက်ဇ်ရဲ့ အနိုင်ဂိုးအတွက် တိုက်စစ်စတင်မှုကို မကျေမနပ်ဖြစ်ခဲ့ပြီး ဦးခေါင်းဒဏ်ရာကြောင့် ကိုနာတီ လဲကျသွားခဲ့ပြီးနောက် ကစားတာကို ရပ်တန့်ခဲ့ချိန်မှာ ဟတ်ဒ်ဆန်-အိုဒွိုင်းက ဘောလုံးပိုင်ဆိုင်မှု ရရှိထားခဲ့ပေမယ့်လည်း လီဗာပူးလ်ကို ဘောလုံးပေးခဲ့ရတာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင် အီဗန်ဂျယ်လို့စ် မာရီနာကစ်ဟာ ပွဲအပြီးမှာ ဒိုင်လူကြီး တီယာနီနဲ့ ထိပ်တိက်ရင်ဆိုင်ခဲ့ပြီး နည်းပြ စတီဗင် ရိဒ်လည်း ကွင်းထဲထိဝင်ပြီး ဒိုင်ဆီကို ချဉ်းကပ်ခဲ့တဲ့အတွက် အနီကတ်ပြခံခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မာရီနာကစ်ဟာ ဒိုင်လူကြီးတွေရဲ့ စွမ်းဆောင်ရည်ကို လေ့လာဆန်းစစ်ဖို့အတွက် ကလတ်တန်ဘာ့ဂ်ကို အကြံပေးရာထူးနဲ့ ခေါ်ယူခဲ့ပြီး လီဗာပူးလ်နဲ့ပွဲအပြီးမှာ ပရီးမီးယားလိဂ်ဒိုင်ဟောင်းက တီယာနီက အမှားကျူးလါန်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဥပဒေက တော်တော်လေး ရှင်းပါတယ်။ ဥပဒေမှာ ဖော်ပြထားတာက ဒိုင်လူကြီးအနေနဲ့ ဦးခေါင်းဒဏ်ရာရရှိမှုရှိတယ်လို့ ခံစားရရင် ပွဲကို ရပ်ခွင့်ရှိတယ်။ ဒါပေမယ့်လည်း ဘောလုံးက နဂို ပိုင်ဆိုင်ထားတဲ့အသင်းဆီကို ပြန်ပေးရမယ်။ နော်တင်ဟမ်ဖောရက်စ်က ဘောလုံးပိုင်ဆိုင်မှုရထားခဲ့တာ ရှင်းနေတာပဲ။ နော်တင်ဟမ်ဖောရက်စ်က ဘောလုံးပိုင်ဆိုင်မှု ပြန်ရသင့်တယ်။ ဘောလုံးပိုင်ဆိုင်မှုကြောင့် ပွဲက လုံးဝကို ကွဲပြားခြားနားသွားခဲ့တယ်။ လီဗာပူးလ်က ဘောလုံးရပြီး တိုက်စစ်ဆင်ပြီး အဲဒီကနေ ဂိုးရသွားခဲ့တာပါ။ ခင်ဗျား စိတ်ပျက်ဒေါသထွက်မှုတွေကို နားလည်နိုင်ပါတယ်။ အရာအားလုံးက အခုအချိန်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ဆန့်ကျင်နေတဲ့ပုံပေါ်ပါတယ်။ ပိုင်ရှင်လည်း တော်တော်လေး စိတ်ပျက်ဒေါသထွက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ခဲ့လို့ပါ။ သူ ဘောလုံးအသင်းထဲမှာ ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံခဲ့ပြီး သူ ရလဒ်ကောင်းတွေ မြင်ချင်တယ်။ သူ့အသင်းကို ဒုက္ခရောက်စေတဲ့ နောက်ထပ်ဆုံးဖြတ်ချက်တစ်ခုလို့ သူ ခံစားခဲ့ရတယ်။ သူ စိတ်ဆိုးဒေါသထွက်တာလည်း တော်တော်လေး မှန်ပါတယ်။ အားလုံးလည်း စိတ်ဆိုးဒေါသထွက်ခဲ့ကြမယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ဒီလိုပုံစံနဲ့ ရှုံးသွားတာကို ဝမ်းနည်းခဲ့ကြမှာပါ။ အနာဂတ်မှာ ကံတရားက အပြောင်းအလဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း မာ့ခ္ ကလတ္တန္ဘာ့ဂ္က လီဗာပူးလ္ဟာ စေနေန႔ညက ေနာ္တင္ဟမ္ေဖာရက္စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဒိုင္လူႀကီး ေပါလ္ တီယာနီရဲ႕ အမွားေၾကာင့္ အျမတ္ထြက္ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါဝင္ ႏူးညက္ဇ္ရဲ႕ နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၄ မွတ္အသာနဲ႔ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဖာရက္စ္ဟာ ႏူးညက္ဇ္ရဲ႕ အႏိုင္ဂိုးအတြက္ တိုက္စစ္စတင္မႈကို မေက်မနပ္ျဖစ္ခဲ့ၿပီး ဦးေခါင္းဒဏ္ရာေၾကာင့္ ကိုနာတီ လဲက်သြားခဲ့ၿပီးေနာက္ ကစားတာကို ရပ္တန႔္ခဲ့ခ်ိန္မွာ ဟတ္ဒ္ဆန္-အိုဒြိဳင္းက ေဘာလုံးပိုင္ဆိုင္မႈ ရရွိထားခဲ့ေပမယ့္လည္း လီဗာပူးလ္ကို ေဘာလုံးေပးခဲ့ရတာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္အသင္းပိုင္ရွင္ အီဗန္ဂ်ယ္လို႔စ္ မာရီနာကစ္ဟာ ပြဲအၿပီးမွာ ဒိုင္လူႀကီး တီယာနီနဲ႔ ထိပ္တိက္ရင္ဆိုင္ခဲ့ၿပီး နည္းျပ စတီဗင္ ရိဒ္လည္း ကြင္းထဲထိဝင္ၿပီး ဒိုင္ဆီကို ခ်ဥ္းကပ္ခဲ့တဲ့အတြက္ အနီကတ္ျပခံခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက မာရီနာကစ္ဟာ ဒိုင္လူႀကီးေတြရဲ႕ စြမ္းေဆာင္ရည္ကို ေလ့လာဆန္းစစ္ဖို႔အတြက္ ကလတ္တန္ဘာ့ဂ္ကို အႀကံေပးရာထူးနဲ႔ ေခၚယူခဲ့ၿပီး လီဗာပူးလ္နဲ႔ပြဲအၿပီးမွာ ပရီးမီးယားလိဂ္ဒိုင္ေဟာင္းက တီယာနီက အမွားက်ဴးလါန္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဥပေဒက ေတာ္ေတာ္ေလး ရွင္းပါတယ္။ ဥပေဒမွာ ေဖာ္ျပထားတာက ဒိုင္လူႀကီးအေနနဲ႔ ဦးေခါင္းဒဏ္ရာရရွိမႈရွိတယ္လို႔ ခံစားရရင္ ပြဲကို ရပ္ခြင့္ရွိတယ္။ ဒါေပမယ့္လည္း ေဘာလုံးက နဂို ပိုင္ဆိုင္ထားတဲ့အသင္းဆီကို ျပန္ေပးရမယ္။ ေနာ္တင္ဟမ္ေဖာရက္စ္က ေဘာလုံးပိုင္ဆိုင္မႈရထားခဲ့တာ ရွင္းေနတာပဲ။ ေနာ္တင္ဟမ္ေဖာရက္စ္က ေဘာလုံးပိုင္ဆိုင္မႈ ျပန္ရသင့္တယ္။ ေဘာလုံးပိုင္ဆိုင္မႈေၾကာင့္ ပြဲက လုံးဝကို ကြဲျပားျခားနားသြားခဲ့တယ္။ လီဗာပူးလ္က ေဘာလုံးရၿပီး တိုက္စစ္ဆင္ၿပီး အဲဒီကေန ဂိုးရသြားခဲ့တာပါ။ ခင္ဗ်ား စိတ္ပ်က္ေဒါသထြက္မႈေတြကို နားလည္ႏိုင္ပါတယ္။ အရာအားလုံးက အခုအခ်ိန္မွာ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းကို ဆန႔္က်င္ေနတဲ့ပုံေပၚပါတယ္။ ပိုင္ရွင္လည္း ေတာ္ေတာ္ေလး စိတ္ပ်က္ေဒါသထြက္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြ ေနာက္ဆုံးမိနစ္အထိ တိုက္ပြဲဝင္ခဲ့လို႔ပါ။ သူ ေဘာလုံးအသင္းထဲမွာ ေငြေတြအမ်ားႀကီး ရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး သူ ရလဒ္ေကာင္းေတြ ျမင္ခ်င္တယ္။ သူ႔အသင္းကို ဒုကၡေရာက္ေစတဲ့ ေနာက္ထပ္ဆုံးျဖတ္ခ်က္တစ္ခုလို႔ သူ ခံစားခဲ့ရတယ္။ သူ စိတ္ဆိုးေဒါသထြက္တာလည္း ေတာ္ေတာ္ေလး မွန္ပါတယ္။ အားလုံးလည္း စိတ္ဆိုးေဒါသထြက္ခဲ့ၾကမယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ ဒီလိုပုံစံနဲ႔ ရႈံးသြားတာကို ဝမ္းနည္းခဲ့ၾကမွာပါ။ အနာဂတ္မွာ ကံတရားက အေျပာင္းအလဲ ျဖစ္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.