Premier League

လီဗာပူးလ်မနိုင်မချင်း ဝီစီမမှုတ်ဘူးလို့ ဝေဖန်ခဲ့တဲ့ ဖလားပြိုင်ဘက်ပရိသတ်များ

ဒါဝင် နူးညက်ဇ်ဟာ စနေနေ့ညက စီးတီးဂရောင်းမှာ နောက်ကျအနိုင်ဂိုးကို သွင်းယူသွားခဲ့မှုကြောင့် အာဆင်နယ်ပရိသတ်တွေ ဒေါသထွက်ခဲ့ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ လီဗာပူးလ်ကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်စေမယ့် ၁-၀ နိုင်ပွဲရရှိအောင် ပွဲပြီးဆုံးခါနီး နောက်ဆုံးမိနစ်မှာ ခေါင်းတိုက်သွင်းဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၈ မိနစ် သတ်မှတ်ပေးခဲ့ပေမယ့်လည်း ဒါဝင် နူးညက်ဇ်က အချိန်ပို ၉ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေက ဒီရာသီ လီဗာပူးလ် ဂိုးမသွင်းမချင်း အချိန်ပိုတွေ ထပ်ပေးနေတဲ့အကြောင်း စောဒကတက်ခဲ့ကြတာဖြစ်ပါတယ်။

“ဒီရာသီ လီဗာပူးလ် အချိန်ပိုရခဲ့တဲ့မိနစ်တွေကတော့ သူတို့ ဂိုးမသွင်းမချင်းပါပဲ။ သူတို့တွေက ကလော့ပ်ကို ဒဏ္ဍာရီဆန်ဆန် နှုတ်ဆက်စေချင်နေကြတယ်”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ် ဂန်းနားပရိသတ်တစ်ဦးကလည်း “သူတို့တွေက အချိန်ပို ၈ မိနစ်ပေးတဲ့အပြင် ၂ မိနစ်ပါ အပိုကစားခဲ့တယ်။ ပြီးတော့ လီဗာပူးလ် ဂိုးသွင်းပြီးတော့ အချိန်ပို ထပ်မပေးတော့ဘဲ ပွဲသိမ်းလိုက်တယ်”လို့ X မှာ မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ လီဗာပူးလ်နဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး တနင်္လာနေ့ည ရှက်ဖီးယူနိုက်တက်ကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ၂ မှတ်အကွာကို ပြန်လည်တက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။

ဂန်းနားပရိသတ်တွေဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆယ်စုနှစ် ၂ ခုကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားအောင်မြင်မှုနဲ့ လက်တစ်ကမ်းအလိုအထိ ရောက်ခဲ့ပြီးမှ မန်ချက်စတာစီးတီးကို လက်လွှဲပေးခဲ့ရတဲ့အတွက် ရင်ကွဲပက်လက်ဖြစ်ခဲ့ရပြီး ဒီရာသီမှာတော့ ထပ်မံမလွဲချော်ချင်တော့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒါဝင္ ႏူးညက္ဇ္ဟာ စေနေန႔ညက စီးတီးဂေရာင္းမွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူသြားခဲ့မႈေၾကာင့္ အာဆင္နယ္ပရိသတ္ေတြ ေဒါသထြက္ခဲ့ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာ လီဗာပူးလ္ကို ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ဆက္လက္ ရပ္တည္ႏိုင္ေစမယ့္ ၁-၀ ႏိုင္ပြဲရရွိေအာင္ ပြဲၿပီးဆုံးခါနီး ေနာက္ဆုံးမိနစ္မွာ ေခါင္းတိုက္သြင္းဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၈ မိနစ္ သတ္မွတ္ေပးခဲ့ေပမယ့္လည္း ဒါဝင္ ႏူးညက္ဇ္က အခ်ိန္ပို ၉ မိနစ္မွာ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြက ဒီရာသီ လီဗာပူးလ္ ဂိုးမသြင္းမခ်င္း အခ်ိန္ပိုေတြ ထပ္ေပးေနတဲ့အေၾကာင္း ေစာဒကတက္ခဲ့ၾကတာျဖစ္ပါတယ္။

“ဒီရာသီ လီဗာပူးလ္ အခ်ိန္ပိုရခဲ့တဲ့မိနစ္ေတြကေတာ့ သူတို႔ ဂိုးမသြင္းမခ်င္းပါပဲ။ သူတို႔ေတြက ကေလာ့ပ္ကို ဒ႑ာရီဆန္ဆန္ ႏႈတ္ဆက္ေစခ်င္ေနၾကတယ္”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ ဂန္းနားပရိသတ္တစ္ဦးကလည္း “သူတို႔ေတြက အခ်ိန္ပို ၈ မိနစ္ေပးတဲ့အျပင္ ၂ မိနစ္ပါ အပိုကစားခဲ့တယ္။ ၿပီးေတာ့ လီဗာပူးလ္ ဂိုးသြင္းၿပီးေတာ့ အခ်ိန္ပို ထပ္မေပးေတာ့ဘဲ ပြဲသိမ္းလိုက္တယ္”လို႔ X မွာ မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ လက္ရွိမွာ လီဗာပူးလ္နဲ႔ ၅ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး တနလၤာေန႔ည ရွက္ဖီးယူႏိုက္တက္ကို အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္ ၂ မွတ္အကြာကို ျပန္လည္တက္လွမ္းသြားႏိုင္မွာျဖစ္ပါတယ္။

ဂန္းနားပရိသတ္ေတြဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဆယ္စုႏွစ္ ၂ ခုၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားေအာင္ျမင္မႈနဲ႔ လက္တစ္ကမ္းအလိုအထိ ေရာက္ခဲ့ၿပီးမွ မန္ခ်က္စတာစီးတီးကို လက္လႊဲေပးခဲ့ရတဲ့အတြက္ ရင္ကြဲပက္လက္ျဖစ္ခဲ့ရၿပီး ဒီရာသီမွာေတာ့ ထပ္မံမလြဲေခ်ာ္ခ်င္ေတာ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.