Match Report Premier League

ဒီညီရဲ့ နောက်ကျဂိုးနဲ့ လူတန်ကို အနိုင်ယူပြီး အဆင့် ၄ မှာ အခိုင်အမာ တပ်စွဲခဲ့တဲ့ ဗီလာ

စနေနေ့ညက ကစားခဲ့တဲ့ လူတန်နဲ့ အက်စတန် ဗီလာတို့ရဲ့ ပွဲစဉ်မှာ အူနိုင်း အမ်မရီရဲ့ အသင်းက ပွဲပြီးဆုံးခါနီးမှာ လူးကပ်စ် ဒီညီ သွင်းယူပေးခဲ့တဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။

အက်စတန် ဗီလာရဲ့ ပုံမှန်ခြေစွမ်းရရှိနေတဲ့ တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်က ပွဲအစကတည်းက ဂိုးသွင်းမယ်တကဲကဲဖြစ်နေခဲ့ပြီး ၂၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေတစ်ဆင့် ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၄ မိနစ်အကြာမှာ ဝပ်ကင်းစ်ကပဲ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပြီး ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ အလွတ်တည်ကန်ဘောကနေ လျင်လျင်မြန်မြန် ပေးပို့လိုက်တဲ့ ဘောလုံးကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဝပ်ကင်းစ် လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့ပေမယ့်လည်း VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက်မှာတော့ လူကျွံခဲ့ခြင်းမရှိတာကြောင့် အက်စတန် ဗီလာတို့ကို ဂိုးခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ ဝပ်ကင်းစ်ကို ပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ၁ ဂိုးအကွာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဒုတိယနေရာကို တက်လှမ်းနိုင်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ အိမ်ရှင်လူတန်တို့က အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့မှုကြောင့် ဟက်ထရစ်သွင်းယူဖို့ မျှော်လင့်ချက်က ပျောက်ကွယ်သွားခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဂိုးကန်သွင်းမှုတောင် မလုပ်နိုင်ခဲ့တဲ့ အိမ်ရှင်တွေဟာ ဒုတိယပိုင်းမှာတော့ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။

တာဟစ် ချုံက ၆၆ မိနစ်မှာ ဂိုးပေါက်ရှေ့မှာ ဝရုန်းသုန်းကားဖြစ်ခဲ့ပြီးနောက် အနီးကပ်ပိတ်သွင်းပြီး ချေပဂိုး စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး နောက်ထပ် ၆ မိနစ်အကြာမှာ ကာလ်တန် မောရစ်က တစ်ဖက် ၂ ဂိုးစီ ညီမျှသွားစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူတန်ဟာ ဖြတ်တင်ပေးပို့မှုတွေနဲ့ အက်စတန် ဗီလာရဲ့ ပင်နယ်တီဧရိယာထဲမှာ ဆက်လက် တိုက်စစ်ဆင်ခဲ့တာကြောင့် ဧည့်သည်တွေဟာ ခံစစ်ကစားပုံ လျင်လျင်မြန်မြန် ပြောင်းလဲခဲ့ရပြီး ထောင့်ကန်ဘောတွေ အများအပြား ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အလားတူ တိုက်စစ်ဆင်မှုမျိုးကနေ အနိုင်ဂိုးကို ရရှိသွားတာကတော့ အက်စတန် ဗီလာ ဖြစ်နေခဲ့တာဖြစ်ပြီး ၇၉ မိနစ်မှာ မိုရီနိုအစား လူစားဝင်လာခဲ့တဲ့ ဒီညီက ပွဲပြီးခါနီး ၁ မိနစ်အလို မူဆာ ဒီယာဘီရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်ပြီး ဧည့်သည်တွေကို ရမှတ် ၅၅ မှတ်နဲ့ အဆင့် ၄ နေရာမှာ အခိုင်အမာရပ်တည်နိုင်စေမယ့်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လူတန်ကတော့ ဒီရှုံးပွဲကြောင့် စနေနေ့အစောပိုင်းက လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်ရဲ့အနောက် ၄ မှတ်အကွာမှာ အဆင့် ၁၈ နဲ့ တန်းဆင်းဇုန်အတွင်းမှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ညက ကစားခဲ့တဲ့ လူတန္နဲ႔ အက္စတန္ ဗီလာတို႔ရဲ႕ ပြဲစဥ္မွာ အူႏိုင္း အမ္မရီရဲ႕ အသင္းက ပြဲၿပီးဆုံးခါနီးမွာ လူးကပ္စ္ ဒီညီ သြင္းယူေပးခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးေၾကာင့္ ၃-၂ နဲ႔ အႏိုင္ရခဲ့ပါတယ္။

အက္စတန္ ဗီလာရဲ႕ ပုံမွန္ေျခစြမ္းရရွိေနတဲ့ တိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္က ပြဲအစကတည္းက ဂိုးသြင္းမယ္တကဲကဲျဖစ္ေနခဲ့ၿပီး ၂၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေနတစ္ဆင့္ ေခါင္းတိုက္ၿပီး အဖြင့္ဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၄ မိနစ္အၾကာမွာ ဝပ္ကင္းစ္ကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၿပီး ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ အလြတ္တည္ကန္ေဘာကေန လ်င္လ်င္ျမန္ျမန္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ အစပိုင္းမွာေတာ့ ဝပ္ကင္းစ္ လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့ေပမယ့္လည္း VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္မွာေတာ့ လူကြၽံခဲ့ျခင္းမရွိတာေၾကာင့္ အက္စတန္ ဗီလာတို႔ကို ဂိုးခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ ဝပ္ကင္းစ္ကို ပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းနဲ႔ ၁ ဂိုးအကြာ သြင္းဂိုး ၁၆ ဂိုးနဲ႔ ဒုတိယေနရာကို တက္လွမ္းႏိုင္ေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ အိမ္ရွင္လူတန္တို႔က အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့မႈေၾကာင့္ ဟက္ထရစ္သြင္းယူဖို႔ ေမွ်ာ္လင့္ခ်က္က ေပ်ာက္ကြယ္သြားခဲ့တာျဖစ္ၿပီး ပထမပိုင္းမွာ ဂိုးကန္သြင္းမႈေတာင္ မလုပ္ႏိုင္ခဲ့တဲ့ အိမ္ရွင္ေတြဟာ ဒုတိယပိုင္းမွာေတာ့ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

တာဟစ္ ခ်ဳံက ၆၆ မိနစ္မွာ ဂိုးေပါက္ေရွ႕မွာ ဝ႐ုန္းသုန္းကားျဖစ္ခဲ့ၿပီးေနာက္ အနီးကပ္ပိတ္သြင္းၿပီး ေခ်ပဂိုး စတင္သြင္းယူေပးခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၆ မိနစ္အၾကာမွာ ကာလ္တန္ ေမာရစ္က တစ္ဖက္ ၂ ဂိုးစီ ညီမွ်သြားေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လူတန္ဟာ ျဖတ္တင္ေပးပို႔မႈေတြနဲ႔ အက္စတန္ ဗီလာရဲ႕ ပင္နယ္တီဧရိယာထဲမွာ ဆက္လက္ တိုက္စစ္ဆင္ခဲ့တာေၾကာင့္ ဧည့္သည္ေတြဟာ ခံစစ္ကစားပုံ လ်င္လ်င္ျမန္ျမန္ ေျပာင္းလဲခဲ့ရၿပီး ေထာင့္ကန္ေဘာေတြ အမ်ားအျပား ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အလားတူ တိုက္စစ္ဆင္မႈမ်ိဳးကေန အႏိုင္ဂိုးကို ရရွိသြားတာကေတာ့ အက္စတန္ ဗီလာ ျဖစ္ေနခဲ့တာျဖစ္ၿပီး ၇၉ မိနစ္မွာ မိုရီႏိုအစား လူစားဝင္လာခဲ့တဲ့ ဒီညီက ပြဲၿပီးခါနီး ၁ မိနစ္အလို မူဆာ ဒီယာဘီရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္ၿပီး ဧည့္သည္ေတြကို ရမွတ္ ၅၅ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ အခိုင္အမာရပ္တည္ႏိုင္ေစမယ့္အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လူတန္ကေတာ့ ဒီရႈံးပြဲေၾကာင့္ စေနေန႔အေစာပိုင္းက လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္ရဲ႕အေနာက္ ၄ မွတ္အကြာမွာ အဆင့္ ၁၈ နဲ႔ တန္းဆင္းဇုန္အတြင္းမွာပဲ ဆက္လက္ ရပ္တည္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.