Match Report Premier League

စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဝံပုလွေအုပ်ကို ထိုးသုတ်ပြီး အိမ်ကွင်းနိုင်ပွဲပြန်ယူတဲ့ ငှက်ကျားများ

စနေနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ဝုဗ်တို့ပွဲမှာ အိမ်ရှင်တွေက အီဆက်ခ်၊ ဂေါ်ဒွန်နဲ့ လီဗရာမန်တိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ဒီဇင်ဘာလလယ်နောက်ပိုင်း ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်က ပထမပိုင်း ၁၄ မိနစ်မှာ ဂေါ်ဒွန်နဲ့ ဂီမာရေးစ်တို့ရဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးကန်သွင်းမှု လမ်းကြောင်းပြောင်းပြီး ရလာတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

အက်ဒီဟောင်းရဲ့အသင်းဟာ ၃၃ မိနစ်မှာ ဂျိုဆေး ဆားနဲ့ ကေးလ်မန်းတို့ မာဖီရဲ့ အနိမ့်ဘောဖြတ်တင်ပေးပို့မှုကို မရှင်းထုတ်နိုင်ခဲ့မှုကနေ ဂေါ်ဒွန်က ပိတ်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဝုဗ်ဟာ နယူးကာဆယ်ဂိုးသမား ဒူဗရက်ကာကို ဒုတိယပိုင်း ပွဲကစားချိန်အလယ်မတိုင်ခင်အထိ စမ်းသပ်နိုင်ခြင်းမရှိခဲ့ဘဲ ပထမပိုင်းအပြီး လူစားဝင်လာတဲ့ နေသန် ဖရေဆာရဲ့ ကန်ချက်ကို သရဲနီဂိုးသမားဟောင်းက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒူဗရက်ကာဟာ နောက်ထပ် မိနစ်အနည်းငယအကြာမှာ ဆာရာဘီယာရဲ့ ကန်ချက်ကို အလွန်ကောင်းမွန်တဲ့ ဟန့်တားမှု ပြုလုပ်နိုင်ခဲ့ပြီး လီဗရာမန်တိုက နာကျင်အချိန်ပိုမှာ အိမ်ရှင်တွေအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ မှာ ဖူလ်ဟမ်ကို အနိုင်ရပြီးနောက်ပိုင်း ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ငှက်ကျားတို့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ ဝုဗ္တို႔ပြဲမွာ အိမ္ရွင္ေတြက အီဆက္ခ္၊ ေဂၚဒြန္နဲ႔ လီဗရာမန္တိုတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဒီဇင္ဘာလလယ္ေနာက္ပိုင္း ပထမဆုံး အိမ္ကြင္းႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဆြီဒင္တိုက္စစ္မႉး အီဆက္ခ္က ပထမပိုင္း ၁၄ မိနစ္မွာ ေဂၚဒြန္နဲ႔ ဂီမာေရးစ္တို႔ရဲ႕ တန္ျပန္တိုက္စစ္ကေနတဆင့္ ဂိုးကန္သြင္းမႈ လမ္းေၾကာင္းေျပာင္းၿပီး ရလာတဲ့ ေဘာလုံးကို ေခါင္းတိုက္သြင္းယူၿပီး အဖြင့္ဂိုး သြင္းယူေပးခဲ့ပါတယ္။

အက္ဒီေဟာင္းရဲ႕အသင္းဟာ ၃၃ မိနစ္မွာ ဂ်ိဳေဆး ဆားနဲ႔ ေကးလ္မန္းတို႔ မာဖီရဲ႕ အနိမ့္ေဘာျဖတ္တင္ေပးပို႔မႈကို မရွင္းထုတ္ႏိုင္ခဲ့မႈကေန ေဂၚဒြန္က ပိတ္သြင္းယူၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဝုဗ္ဟာ နယူးကာဆယ္ဂိုးသမား ဒူဗရက္ကာကို ဒုတိယပိုင္း ပြဲကစားခ်ိန္အလယ္မတိုင္ခင္အထိ စမ္းသပ္ႏိုင္ျခင္းမရွိခဲ့ဘဲ ပထမပိုင္းအၿပီး လူစားဝင္လာတဲ့ ေနသန္ ဖေရဆာရဲ႕ ကန္ခ်က္ကို သရဲနီဂိုးသမားေဟာင္းက ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒူဗရက္ကာဟာ ေနာက္ထပ္ မိနစ္အနည္းငယအၾကာမွာ ဆာရာဘီယာရဲ႕ ကန္ခ်က္ကို အလြန္ေကာင္းမြန္တဲ့ ဟန႔္တားမႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး လီဗရာမန္တိုက နာက်င္အခ်ိန္ပိုမွာ အိမ္ရွင္ေတြအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီးေနာက္ ဒီဇင္ဘာ ၁၆ မွာ ဖူလ္ဟမ္ကို အႏိုင္ရၿပီးေနာက္ပိုင္း ပထမဆုံးအိမ္ကြင္းႏိုင္ပြဲကို ငွက္က်ားတို႔ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.