Match Report Premier League

ဒုတိယပိုင်းမှ ဂိုးတွေ သွင်းပြီး မန်ယူကို ဇယားကပ်တဲ့ ဝက်စ်ဟမ်း

စနေနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ပွဲမှာ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဒေးဗစ် မိုရက်စ်ရဲ့အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းပွဲကစားချိန် အလယ်လောက်မှာ ဘီတို ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထား ကန်သွင်းခွင့်ရရှိခဲ့ပေမယ့်လည်း အာရီယိုလာက ပါးပါးနပ်နပ်နဲ့ ကာကွယ်သွားနိုင်ခဲ့တာကြောင့် အဲဗာတန်တို့ ဦးဆောင်ဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီး ၄၃ မိနစ်မှာ ဘီတို ပင်နယ်တီ ဧရိယာထဲ ဖြတ်တင်ပေးပို့ဖို့ ကြိုးပမ်းခဲ့ရာမှာ ဇူးမားနဲ့ထိသွားခဲ့ပြီးနောက် အဲဗာတန်ကစားသမားတွေက ပင်နယ်တီပေးဖို့ တောင်းဆိုခဲ့တာကြောင့် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ဇူးမားနဲ့ ဘီတိုတို့ရဲ့ ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးပြီးနောက် ဒိုင်လူကြီးက အဲဗာတန်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပြီး ဘီတိုက ကန်သွင်းခဲ့ရာမှာ အာရီယိုလာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ပြီးနောက် အိမ်ရှင်တွေကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၅၆ မိနစ်မှာ ဂျိမ်းစ် ဂါနာက ညာတောင်ပံကနေ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုပြုလုပ်ခဲ့ရာမှာ လူကပ်မခံထားရတဲ့ ဘီတိုက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိမ်ရှင်တွေရဲ့ ဦးဆောင်နိုင်မှုဟာ ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ၆၂ မိနစ်မှာ ဝါ့ဒ်ပရောက်စ်က ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ကတ် ဇူးမားက ဂေ့ါဖ်ရေးထက် ခေါင်းဦးပြီး ဂိုးအပေါ်ထောင့်ထဲကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တစ်ဖက် ၁ ဂိုးစီ ညီမျှသွားခဲ့တဲ့နောက် အကြိတ်အနယ် ပိုမို ရှိလာခဲ့ကြပြီး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၀+၁ မိနစ်မှာ မိုဟာမက် ကူးဒက်စ်ရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို ဆူးချက်က ရင်သပ်ရှုမောဖွယ် ကန်ချက်နဲ့ ပစ်ဖို့ဒ် ဘယ်လိုမှ မကာကွယ်နိုင်အောင် အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဦးဆောင်ဂိုး ရရှိသွားခဲ့တဲ့ ဝက်စ်ဟမ်းက အိမ်ရှင်တွေကို ဘောလုံးပိုင်ဆိုင်မှု မပေးတော့ဘဲ ဆက်လက် တိုက်စစ်ဆင်ခဲ့ရာမှာ ၉၀+၅ မိနစ်မှာ ဂါနာရဲ့ ပေးပို့မှုကို ဘိုဝင်က ကြားဖြတ်ရယူပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။

ဂျားရော့ဒ် ဘိုဝင်က ဘယ်တောင်ပံကနေ တဟုန်ထိုးပြေးသွားတဲ့ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ်ဆီ ပေးပို့ခဲ့ရာမှာ မက္ကဆီကို ကြယ်ပွင့်က ပစ်ဖို့ဒ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဒေးဗစ် မိုရက်စ်ရဲ့အသင်းဟာ အမှတ်ပေးဇယားအဆင့် ၆ နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ၂ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး တန်ဟက်ရဲ့အသင်းက တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဲဗာတန္နဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ပြဲမွာ ဒုတိယပိုင္း သြင္းဂိုးေတြနဲ႔ ေဒးဗစ္ မိုရက္စ္ရဲ႕အသင္းက ၃-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္းပြဲကစားခ်ိန္ အလယ္ေလာက္မွာ ဘီတို ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေနအထား ကန္သြင္းခြင့္ရရွိခဲ့ေပမယ့္လည္း အာရီယိုလာက ပါးပါးနပ္နပ္နဲ႔ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ အဲဗာတန္တို႔ ဦးေဆာင္ဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီး ၄၃ မိနစ္မွာ ဘီတို ပင္နယ္တီ ဧရိယာထဲ ျဖတ္တင္ေပးပို႔ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ဇူးမားနဲ႔ထိသြားခဲ့ၿပီးေနာက္ အဲဗာတန္ကစားသမားေတြက ပင္နယ္တီေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ပါတယ္။ ဇူးမားနဲ႔ ဘီတိုတို႔ရဲ႕ ျဖစ္စဥ္ကို ျပန္လည္စစ္ေဆးၿပီးေနာက္ ဒိုင္လူႀကီးက အဲဗာတန္ကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့ၿပီး ဘီတိုက ကန္သြင္းခဲ့ရာမွာ အာရီယိုလာက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္နဲ႔အတူ ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္လည္စတင္ၿပီးေနာက္ အိမ္ရွင္ေတြကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပးတိုက္စစ္ဆင္ကစားႏိုင္ခဲ့ၿပီး ၅၆ မိနစ္မွာ ဂ်ိမ္းစ္ ဂါနာက ညာေတာင္ပံကေန အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈျပဳလုပ္ခဲ့ရာမွာ လူကပ္မခံထားရတဲ့ ဘီတိုက ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိမ္ရွင္ေတြရဲ႕ ဦးေဆာင္ႏိုင္မႈဟာ ၅ မိနစ္ခန႔္သာ ၾကာျမင့္ခဲ့ၿပီး ၆၂ မိနစ္မွာ ဝါ့ဒ္ပေရာက္စ္က ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို ကတ္ ဇူးမားက ေဂ့ါဖ္ေရးထက္ ေခါင္းဦးၿပီး ဂိုးအေပၚေထာင့္ထဲကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တစ္ဖက္ ၁ ဂိုးစီ ညီမွ်သြားခဲ့တဲ့ေနာက္ အႀကိတ္အနယ္ ပိုမို ရွိလာခဲ့ၾကၿပီး အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ၾကေပမယ့္လည္း ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၉၀+၁ မိနစ္မွာ မိုဟာမက္ ကူးဒက္စ္ရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို ဆူးခ်က္က ရင္သပ္ရႈေမာဖြယ္ ကန္ခ်က္နဲ႔ ပစ္ဖို႔ဒ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဦးေဆာင္ဂိုး ရရွိသြားခဲ့တဲ့ ဝက္စ္ဟမ္းက အိမ္ရွင္ေတြကို ေဘာလုံးပိုင္ဆိုင္မႈ မေပးေတာ့ဘဲ ဆက္လက္ တိုက္စစ္ဆင္ခဲ့ရာမွာ ၉၀+၅ မိနစ္မွာ ဂါနာရဲ႕ ေပးပို႔မႈကို ဘိုဝင္က ၾကားျဖတ္ရယူၿပီး တန္ျပန္တိုက္စစ္ဆင္ခဲ့ပါတယ္။

ဂ်ားေရာ့ဒ္ ဘိုဝင္က ဘယ္ေတာင္ပံကေန တဟုန္ထိုးေျပးသြားတဲ့ အက္ဒ္ဆင္ အယ္လ္ဗာရက္ဇ္ဆီ ေပးပို႔ခဲ့ရာမွာ မကၠဆီကို ၾကယ္ပြင့္က ပစ္ဖို႔ဒ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ေဒးဗစ္ မိုရက္စ္ရဲ႕အသင္းဟာ အမွတ္ေပးဇယားအဆင့္ ၆ ေနရာက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ၂ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းက တနဂၤေႏြေန႔မွာ မန္ခ်က္စတာဒါဘီပြဲစဥ္ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.