Premier League

ချန်ပီယံဖြစ်ချင်တော့ ကိုချော်ကြီးတောင် တည့်သွားပြီး နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ်

စနေနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ ကြိုးကြာနီတွေက နူးညက်ဇ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အဖိုးတန် အနိုင် ၃ မှတ်နဲ့အတူ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

ပထမပိုင်းအစမှာ အိမ်ရှင် ဖောရက်စ်တို့က လီဗာပူးလ်ကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း အဲဒီပွဲကစားချိန် ၁၀ မိနစ်ကျော်နောက်ပိုင်း ဧည့်သည်တွေရဲ့ တဖက်သတ် ဖိအားပေးတိုက်စစ်ဆင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဖောရက်စ်က ဧည့်သည်တွေကို အလစ်အငိုက်ချောင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့်လည်း လီဗာပူးလ်ဂိုးသမား ကယ်လီဟာက တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်နိုင်ခဲ့ပြီး လီဗာပူးလ်ကလည်း ဂိုးပေါက်ခြိမ်းခြောက်မှု အများအပြား ပြုလုပ်နိုင်ခဲ့ပေမယ့် ဂိုးပေါက်မတည့်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဧည့်သည် လီဗာပူးလ်တို့ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ်ပိုင်းက မေးခွန်းထုတ်စရာဖြစ်နေခဲ့တာဖြစ်ပါတယ်။

မိနစ် ၆၀ မှာတော့ ယာဂန် ကလော့ပ်က ခြေစွမ်းမပြနိုင်တဲ့ ကလာ့ခ်ရဲ့နေရာမှာ ဒါဝင်နူးညက်ဇ်ကို ထည့်သွင်းကစားစေခဲ့ပြီး တိုက်စစ်ကို အရှိန်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်ပြည့်တဲ့အထိ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ဘဲ ၉၀+၂ မိနစ်မှာ ဒီယက်ဇ်ရဲ့ အနိမ့်ဘော ဖြတ်တင်ပေးပို့မှုကို နူးညက်ဇ် ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လက်လှမ်းမမီဘဲ လွဲချော်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၃ မိနစ်အကြာမှာ ဆီမီကတ်စ်ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို မူရီလို ခေါင်းတိုက်ရှင်းထုတ်ဖို့ ကြိုးပမ်းရင်း ကိုယ့်ဂိုးကိုယ်သွင်းမိမလို့ ဖြစ်ခဲ့ပေမယ့်လည်း ဖောရက်စ်ဂိုးသမား ဆဲလ်စ်က ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးခါနီး လီဗာပူးလ် ပရိသတ်တွေအတွက် မျှော်လင့်ချက် ဖြစ်စေမယ့် ပင်နယ်တီ အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခွင့်ပြုခဲ့ခြင်း မရှိတာကြောင့် လီဗာပူးလ်တို့ အချိန်ပိုအထိ ဆက်လက် တိုက်စစ်ဆင်ခဲ့ရပြီး နောက်ဆုံးမှာတော့ လူစားဝင် တိုက်စစ်မှူး နူညက်ဇ်က အဖိုးတန် အနိုင်ဂိုးကို ပွဲကစားချိန် အချိန်ပို ၉၉ မိနစ်မှာ သွင်းယူခဲ့တာကြောင့် လီဗာပူးလ်တို့ အမှတ်ပေးဇယားကို ၄ မှတ် ဆက်လက် ဖြတ်တောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၉၀+၉ မိနစ်မှာ မက္ကယ်လစ္စတာရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဒါဝင် နူးညက်ဇ်က ဝီလီယံစ်ထက် မြင့်အောင် ခုန်ပြီး ခေါင်းတိုက်ပြီး လီဗာပူးလ်အတွက် အရေးကြီးတဲ့ နောက်ကျအနိုင်ဂိုးကို ဂိုးအောက်ထောင့်ကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္မွာ ႀကိဳးၾကာနီေတြက ႏူးညက္ဇ္ရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ အဖိုးတန္ အႏိုင္ ၃ မွတ္နဲ႔အတူ အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပထမပိုင္းအစမွာ အိမ္ရွင္ ေဖာရက္စ္တို႔က လီဗာပူးလ္ကို ဖိအားေပးကစားႏိုင္ခဲ့ေပမယ့္လည္း အဲဒီပြဲကစားခ်ိန္ ၁၀ မိနစ္ေက်ာ္ေနာက္ပိုင္း ဧည့္သည္ေတြရဲ႕ တဖက္သတ္ ဖိအားေပးတိုက္စစ္ဆင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ေဖာရက္စ္က ဧည့္သည္ေတြကို အလစ္အငိုက္ေခ်ာင္းၿပီး တန္ျပန္ထိုးစစ္ဆင္ခဲ့ေပမယ့္လည္း လီဗာပူးလ္ဂိုးသမား ကယ္လီဟာက တည္တည္ၿငိမ္ၿငိမ္နဲ႔ ကာကြယ္ႏိုင္ခဲ့ၿပီး လီဗာပူးလ္ကလည္း ဂိုးေပါက္ၿခိမ္းေျခာက္မႈ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးေပါက္မတည့္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ဧည့္သည္ လီဗာပူးလ္တို႔ကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ တိုက္စစ္ဆင္ႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္ကစားသမားေတြရဲ႕ အဆုံးသတ္ပိုင္းက ေမးခြန္းထုတ္စရာျဖစ္ေနခဲ့တာျဖစ္ပါတယ္။

မိနစ္ ၆၀ မွာေတာ့ ယာဂန္ ကေလာ့ပ္က ေျခစြမ္းမျပႏိုင္တဲ့ ကလာ့ခ္ရဲ႕ေနရာမွာ ဒါဝင္ႏူးညက္ဇ္ကို ထည့္သြင္းကစားေစခဲ့ၿပီး တိုက္စစ္ကို အရွိန္ျမႇင့္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ပြဲကစားခ်ိန္ျပည့္တဲ့အထိ ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈ မျပဳလုပ္ႏိုင္ခဲ့ဘဲ ၉၀+၂ မိနစ္မွာ ဒီယက္ဇ္ရဲ႕ အနိမ့္ေဘာ ျဖတ္တင္ေပးပို႔မႈကို ႏူးညက္ဇ္ ပိတ္သြင္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လက္လွမ္းမမီဘဲ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ဆီမီကတ္စ္ရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို မူရီလို ေခါင္းတိုက္ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရင္း ကိုယ့္ဂိုးကိုယ္သြင္းမိမလို႔ ျဖစ္ခဲ့ေပမယ့္လည္း ေဖာရက္စ္ဂိုးသမား ဆဲလ္စ္က ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးခါနီး လီဗာပူးလ္ ပရိသတ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ ျဖစ္ေစမယ့္ ပင္နယ္တီ အခြင့္အေရးတစ္ႀကိမ္ ရရွိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ခြင့္ျပဳခဲ့ျခင္း မရွိတာေၾကာင့္ လီဗာပူးလ္တို႔ အခ်ိန္ပိုအထိ ဆက္လက္ တိုက္စစ္ဆင္ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ လူစားဝင္ တိုက္စစ္မႉး ႏူညက္ဇ္က အဖိုးတန္ အႏိုင္ဂိုးကို ပြဲကစားခ်ိန္ အခ်ိန္ပို ၉၉ မိနစ္မွာ သြင္းယူခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ အမွတ္ေပးဇယားကို ၄ မွတ္ ဆက္လက္ ျဖတ္ေတာက္ထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၉၀+၉ မိနစ္မွာ မကၠယ္လစၥတာရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဒါဝင္ ႏူးညက္ဇ္က ဝီလီယံစ္ထက္ ျမင့္ေအာင္ ခုန္ၿပီး ေခါင္းတိုက္ၿပီး လီဗာပူးလ္အတြက္ အေရးႀကီးတဲ့ ေနာက္က်အႏိုင္ဂိုးကို ဂိုးေအာက္ေထာင့္ကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.