Premier League

ပျားတုပ်ခံရမယ့်အရေးကနေ လက်မတင်လေး လွတ်မြောက်ခဲ့တဲ့ ခြင်္သေ့ပြာများ

ဒီနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရန့်တ်ဖို့ဒ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်တွေက ဒုတိယပိုင်းမှာ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပေမယ့် အနိုင်မခံ အရှုံးမပေးတဲ့ ချဲလ်ဆီးရဲ့ စိတ်ဓာတ်ကြောင့် ၂-၂ နဲ့ သရေကျခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင်တွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး ပထမပိုင်း ၃၀ မိနစ်မှာ ဂျက်ခ်ဆင်ရဲ့ အပိုင်ကန်သွင်းမှုကို ဇန်ကာ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့တာကြောင့် ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ထပ် ၅ မိနစ်အကြာမှာတော့ မာလို ဂူစတိုက ပါလ်မာရဲ့ ပေးပို့မှုကနေတဆင့် ညာတောင်ပံကနေ ဖြတ်တင်ပေးပို့ခဲ့ရာမှာ အသင့်စောင့်ဆိုင်းနေတဲ့ ဂျက်ခ်ဆင်က ဂိုးဘယ်ဖက်အောက်ထောင့်ကို ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေက ချဲလ်ဆီးကို ပွဲပြန်စကတည်းက တရစပ်ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး မိနစ် ၅၀ မှာတော့ တိုနီရဲ့ ညာတောင်ပံကနေ ပေးပို့မှုကို ရိုဝါဆလက်ဗ်က လျင်လျင်မြန်မြန်ပဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပြီး ဂျနဲ့ရဲ့ ကန်ချက်က ဂိုးညာဘက်အောက်ထောင့်က တိုင်ကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူဖို့အတွက် တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေတာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

၆၉ မိနစ်မှာတော့ အိမ်ရှင်တွေအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ဝစ်ဆာက သွင်းယူပေးသွားခဲ့ပြီး အွန်ယီကာက ချဲလ်ဆီးနောက်ခံလူတွေ ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ထိန်းသိမ်းခဲ့ရာကနေ ဝစ်ဆာက နောက်ပြန်ကန်ချက်နဲ့ ဂိုးဘယ်ဖက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇၈ မိနစ်မှာ အိမ်ရှင်တွေက နောက်ထပ် ဦးဆောင်ဂိုး ရရှိဖို့ နီးစပ်ခဲ့ပြီး ရိုဝါဆလက်ဗ်ရဲ့ ပေးပို့မှုကို ရက်ဂီလွန်က ခေါင်းတိုက်ခဲ့ပေမယ့်လည်း ဂိုးဘယ်ဖက်အောက်ထောင့်တိုင်ကို ထိမှန်သွားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးကလည်း ချေပဂိုး သွင်းယူဖို့အတွက် အပြင်းအထန် ကြိုးပမ်းလာခဲ့ပြီးနောက် ၈၃ မိနစ်မှာ ဒီဆာဆီက ကိုး ပါလ်မာရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ ခ်ဲလ္ဆီးတို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ေတြက ဒုတိယပိုင္းမွာ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့ေပမယ့္ အႏိုင္မခံ အရႈံးမေပးတဲ့ ခ်ဲလ္ဆီးရဲ႕ စိတ္ဓာတ္ေၾကာင့္ ၂-၂ နဲ႔ သေရက်ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ပထမပိုင္းစတင္ခ်ိန္ကတည္းက အိမ္ရွင္ေတြနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားႏိုင္ခဲ့ၿပီး ပထမပိုင္း ၃၀ မိနစ္မွာ ဂ်က္ခ္ဆင္ရဲ႕ အပိုင္ကန္သြင္းမႈကို ဇန္ကာ ဂိုးစည္းေပၚကေန ရွင္းထုတ္ႏိုင္ခဲ့တာေၾကာင့္ ဦးေဆာင္ဂိုး ရရွိမယ့္အခြင့္အေရး ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္ ၅ မိနစ္အၾကာမွာေတာ့ မာလို ဂူစတိုက ပါလ္မာရဲ႕ ေပးပို႔မႈကေနတဆင့္ ညာေတာင္ပံကေန ျဖတ္တင္ေပးပို႔ခဲ့ရာမွာ အသင့္ေစာင့္ဆိုင္းေနတဲ့ ဂ်က္ခ္ဆင္က ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ေတြက ခ်ဲလ္ဆီးကို ပြဲျပန္စကတည္းက တရစပ္ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး မိနစ္ ၅၀ မွာေတာ့ တိုနီရဲ႕ ညာေတာင္ပံကေန ေပးပို႔မႈကို ႐ိုဝါဆလက္ဗ္က လ်င္လ်င္ျမန္ျမန္ပဲ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ အိမ္ရွင္တို႔ ဦးေဆာင္ဂိုး ရရွိမယ့္ အခြင့္အေရးကို ပိုင္ဆိုင္ခဲ့ၿပီး ဂ်နဲ႔ရဲ႕ ကန္ခ်က္က ဂိုးညာဘက္ေအာက္ေထာင့္က တိုင္ကို ထိမွန္သြားခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးကလည္း ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူဖို႔အတြက္ တန္ျပန္ထိုးစစ္ဆင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာ လိုအပ္ခ်က္ေတြရွိေနတာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

၆၉ မိနစ္မွာေတာ့ အိမ္ရွင္ေတြအတြက္ အေရးပါတဲ့ ဦးေဆာင္ဂိုးကို ဝစ္ဆာက သြင္းယူေပးသြားခဲ့ၿပီး အြန္ယီကာက ခ်ဲလ္ဆီးေနာက္ခံလူေတြ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ထိန္းသိမ္းခဲ့ရာကေန ဝစ္ဆာက ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၇၈ မိနစ္မွာ အိမ္ရွင္ေတြက ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိဖို႔ နီးစပ္ခဲ့ၿပီး ႐ိုဝါဆလက္ဗ္ရဲ႕ ေပးပို႔မႈကို ရက္ဂီလြန္က ေခါင္းတိုက္ခဲ့ေပမယ့္လည္း ဂိုးဘယ္ဖက္ေအာက္ေထာင့္တိုင္ကို ထိမွန္သြားခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးကလည္း ေခ်ပဂိုး သြင္းယူဖို႔အတြက္ အျပင္းအထန္ ႀကိဳးပမ္းလာခဲ့ၿပီးေနာက္ ၈၃ မိနစ္မွာ ဒီဆာဆီက ကိုး ပါလ္မာရဲ႕ ဖန္တီးေပးပို႔မႈကေနတဆင့္ အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.