Premier League

မန်ချက်စတာဒါဘီအတွက် တပ်လှန့်လိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ တနင်္ဂနွေနေ့ အစ်တီဟတ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင် လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေကို သတင်းစကားပါးခဲ့ပါတယ်။

၁၉၂ ကြိမ်မြောက် မန်ချက်စတာဒါဘီအဖြစ် တနင်္ဂနွေနေ့ည အစ်တီဟတ်မှာ ယှဉ်ပြိုင်ကစားသွားမယ့်ပွဲစဉ်အတွက် နှစ်သင်းစလုံးက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာဖြစ်ပြီး အနေအထားချင်းတော့ မတူညီကြတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာ(စနေနေ့ညပွဲစဉ်အပြီး အပြောင်းအလဲရှိနိုင်)မှာ ရပ်တည်နေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းက မန်ချက်စတာဒါဘီမှာ ခြေချော်ခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် ပြိုင်ပွဲမှာ နောက်ကောက်ကျသွားနိုင်ပြီး ပရီးမီးယားလိဂ်ဖလားကို ၄ နှစ်ဆက်တိုက် ပထမဆုံး ရရှိဖူးတဲ့အသင်းဖြစ်လာဖို့ ကြိုးပမ်းမှုအတွက် ထိုးနှက်ချက်ဖြစ်လာမှာဖြစ်ပါတယ်။

ဟာလန်းဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာစီးတီးကို အနိုင်ရယူပေးနိုင်မယ့် အဓိကကစားသမားဖြစ်ပြီး မန်ချက်စတာဒါဘီပွဲမတိုင်ခင်မှာ ယုံကြည်ချက်တော်တော်လေး မြင့်မားနေပုံပေါ်ပြီး လေ့ကျင့်ရေးပြုလုပ်နေတဲ့ပုံနဲ့အတူ “မန်ချက်စတာဒါဘီ မကြာမီ လာတော့မည်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးရဲ့ စတေးတပ်စ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို သတိပေးလိုက်တာဖြစ်ပြီး ဟာလန်းဟာ ဒီရာသီမှာ သွင်းဂိုး ၁၇ ဂိုးနဲ့ လိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာယူနိုက်တက်ကို ၆-၃ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့နှစ်က ပွဲစဉ်တုန်းကလည်း တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာလည်း နောက်ထပ်တစ်ကြိမ် ဟက်ထရစ်သွင်းယူနိုင်ခဲ့မယ်ဆိုရင် မန်စီးတီးကစားသမားဘဝ ၆ ကြိမ်မြောက် ဟက်ထရစ်ဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းဟာ တနဂၤေႏြေန႔ အစ္တီဟတ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္မတိုင္ခင္ လူမႈကြန္ရက္ေပၚကေန ပရိသတ္ေတြကို သတင္းစကားပါးခဲ့ပါတယ္။

၁၉၂ ႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီအျဖစ္ တနဂၤေႏြေန႔ည အစ္တီဟတ္မွာ ယွဥ္ၿပိဳင္ကစားသြားမယ့္ပြဲစဥ္အတြက္ ႏွစ္သင္းစလုံးက ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၾကတာျဖစ္ၿပီး အေနအထားခ်င္းေတာ့ မတူညီၾကတာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးက အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၁ မွတ္အကြာ(စေနေန႔ညပြဲစဥ္အၿပီး အေျပာင္းအလဲရွိႏိုင္)မွာ ရပ္တည္ေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကေတာ့ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းက မန္ခ်က္စတာဒါဘီမွာ ေျခေခ်ာ္ခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ ၿပိဳင္ပြဲမွာ ေနာက္ေကာက္က်သြားႏိုင္ၿပီး ပရီးမီးယားလိဂ္ဖလားကို ၄ ႏွစ္ဆက္တိုက္ ပထမဆုံး ရရွိဖူးတဲ့အသင္းျဖစ္လာဖို႔ ႀကိဳးပမ္းမႈအတြက္ ထိုးႏွက္ခ်က္ျဖစ္လာမွာျဖစ္ပါတယ္။

ဟာလန္းဟာ တနဂၤေႏြေန႔မွာ မန္ခ်က္စတာစီးတီးကို အႏိုင္ရယူေပးႏိုင္မယ့္ အဓိကကစားသမားျဖစ္ၿပီး မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္မွာ ယုံၾကည္ခ်က္ေတာ္ေတာ္ေလး ျမင့္မားေနပုံေပၚၿပီး ေလ့က်င့္ေရးျပဳလုပ္ေနတဲ့ပုံနဲ႔အတူ “မန္ခ်က္စတာဒါဘီ မၾကာမီ လာေတာ့မည္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးရဲ႕ စေတးတပ္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို သတိေပးလိုက္တာျဖစ္ၿပီး ဟာလန္းဟာ ဒီရာသီမွာ သြင္းဂိုး ၁၇ ဂိုးနဲ႔ လိဂ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာယူႏိုက္တက္ကို ၆-၃ နဲ႔ အႏိုင္ရခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္က ပြဲစဥ္တုန္းကလည္း တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္သြင္းယူႏိုင္ခဲ့မယ္ဆိုရင္ မန္စီးတီးကစားသမားဘဝ ၆ ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.