La Liga Premier League

ဇာဗီနေရာမှာ ဘယ်သူ့ကို အစားထိုးသင့်လဲဆိုတာ သတ်မှတ်ပေးလိုက်တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက အသင်းဟောင်း ဘာစီလိုနာအနေနဲ့ ရာသီကုန် အသင်းနဲ့ လမ်းခွဲတော့မယ့် ဇာဗီရဲ့နေရာမှာ ဘယ်သူ့ကို အစားထိုးသင့်လဲဆိုတာကို ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဂန္တဝင် ဇာဗီဟာ ဇန်နဝါရီလမှာ လက်ရှိအခြေအနေကို အပြောင်းအလဲဖြစ်လာဖို့အတွက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး လာလီဂါထိပ်သီးအသင်းကြီးဟာ လက်ရှိမှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ၈ မှတ်အကွာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

ဇာဗီရဲ့ကြေညာချက် ထွက်လာပြီးကတည်းက နူးကမ့်မှာ နည်းပြသစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့သတင်းတွေက ဆက်တိုက် ထွက်ပေါ်နေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဂွါဒီယိုလာက ဘယ်သူ့ကို နည်းပြအဖြစ် ခန့်သင့်လဲဆိုတာ အကြံပေးလိုက်ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ နည်းပြခန့်အပ်ဖို့ ဆုံးဖြတ်ချက် ချမှတ်တဲ့အချိန်ကျရင် မကြာခဏ ကစားသမားဟောင်းတွေ၊ နည်းပြဟောင်းတွေနဲ့ တိုင်ပင်လေ့ရှိပြီး ဥက္ကဌ လာပေါ်တာကလည်း မကြာသေးမီက ဂွါဒီယိုလာကို အကြံတောင်းခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

TMW ရဲ့ ဖော်ပြချက်အရ ပပ် ဂွါဒီယိုလာက ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီက နွေရာသီမှာ ဇာဗီရဲ့ နေရာမှာ အစားထိုးခန့်အပ်သင့်တဲ့ နည်းပြဖြစ်တယ်လို့ ထောက်ခံချက်ပေးခဲ့ကြောင်း သိရပါတယ်။

ဘရိုက်တန်နည်းပြဟာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းကနေ ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့အသင်းအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာကြောင့် ဘာစီလိုနာနည်းပြရာထူးအတွက် သတင်းထွက်နေတာ အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက အီတလီလူမျိုးနည်းပြရဲ့ ဘရိုက်တန်မှာ သွတ်သွင်းနိုင်ခဲ့တဲ့ အလွန်အံ့အားသင့်ဖွယ်ကောင်းတဲ့ ဘောလုံးကစားပုံကို အကြိမ်ပေါင်းများစွာ အသားပေးပြောဆိုပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက တကယ်လို့ အစ်တီဟတ်ကို စွန့်ခွာခဲ့မယ်ဆိုရင်လည်း ဘရိုက်တန်နည်းပြက မန်ချက်စတာစီးတီးနည်းပြသစ် ဖြစ်လာနိုင်ခြေရှိတဲ့သူလို့ ရှုမြင်ထားတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာက အသင္းေဟာင္း ဘာစီလိုနာအေနနဲ႔ ရာသီကုန္ အသင္းနဲ႔ လမ္းခြဲေတာ့မယ့္ ဇာဗီရဲ႕ေနရာမွာ ဘယ္သူ႔ကို အစားထိုးသင့္လဲဆိုတာကို ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဂႏၲဝင္ ဇာဗီဟာ ဇန္နဝါရီလမွာ လက္ရွိအေျခအေနကို အေျပာင္းအလဲျဖစ္လာဖို႔အတြက္ ရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္တယ္လို႔ ေၾကညာခဲ့တာျဖစ္ၿပီး လာလီဂါထိပ္သီးအသင္းႀကီးဟာ လက္ရွိမွာ ခါးသီးၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္နဲ႔ ၈ မွတ္အကြာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

ဇာဗီရဲ႕ေၾကညာခ်က္ ထြက္လာၿပီးကတည္းက ႏူးကမ့္မွာ နည္းျပသစ္ ဘယ္သူျဖစ္လာမလဲဆိုတဲ့သတင္းေတြက ဆက္တိုက္ ထြက္ေပၚေနခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဂြါဒီယိုလာက ဘယ္သူ႔ကို နည္းျပအျဖစ္ ခန႔္သင့္လဲဆိုတာ အႀကံေပးလိုက္ၿပီ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ နည္းျပခန႔္အပ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္တဲ့အခ်ိန္က်ရင္ မၾကာခဏ ကစားသမားေဟာင္းေတြ၊ နည္းျပေဟာင္းေတြနဲ႔ တိုင္ပင္ေလ့ရွိၿပီး ဥကၠဌ လာေပၚတာကလည္း မၾကာေသးမီက ဂြါဒီယိုလာကို အႀကံေတာင္းခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

TMW ရဲ႕ ေဖာ္ျပခ်က္အရ ပပ္ ဂြါဒီယိုလာက ဘ႐ိုက္တန္နည္းျပ ေရာဘတ္တို ဒီဇာဘီက ေႏြရာသီမွာ ဇာဗီရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္သင့္တဲ့ နည္းျပျဖစ္တယ္လို႔ ေထာက္ခံခ်က္ေပးခဲ့ေၾကာင္း သိရပါတယ္။

ဘ႐ိုက္တန္နည္းျပဟာ တန္းမဆင္းရဖို႔ ႐ုန္းကန္ေနရတဲ့အသင္းကေန ဥေရာပဝင္ခြင့္အတြက္ တိုက္ပြဲဝင္ေနတဲ့အသင္းအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာနည္းျပရာထူးအတြက္ သတင္းထြက္ေနတာ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက အီတလီလူမ်ိဳးနည္းျပရဲ႕ ဘ႐ိုက္တန္မွာ သြတ္သြင္းႏိုင္ခဲ့တဲ့ အလြန္အံ့အားသင့္ဖြယ္ေကာင္းတဲ့ ေဘာလုံးကစားပုံကို အႀကိမ္ေပါင္းမ်ားစြာ အသားေပးေျပာဆိုၿပီး ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာက တကယ္လို႔ အစ္တီဟတ္ကို စြန႔္ခြာခဲ့မယ္ဆိုရင္လည္း ဘ႐ိုက္တန္နည္းျပက မန္ခ်က္စတာစီးတီးနည္းျပသစ္ ျဖစ္လာႏိုင္ေျခရွိတဲ့သူလို႔ ရႈျမင္ထားတယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.