International Match Report

သိုက်ဆရာတွေ လှေပေါ်တင်ခဲ့တဲ့ အော်ဆီကို ‌Come Back နိုင်ပွဲယူတဲ့ ကိုရီးယား

အာရှဖလား ပွဲစဉ်ရေးဆွဲမှုအရ အင်အားကြီးတွေ ထိပ်တိုက်တွေ့ခဲ့တဲ့ တစ်ခြမ်းဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့ ဩစတေးလျတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာတော့ ခံစစ်အသားပေးလွန်းခဲ့ပြီး ဒုတိယပိုင်းမှာ သိုက်ဆရာတွေ လှေပေါ်တင်မိသလို လူစားလဲခဲ့တဲ့ ဆော်ကာရူးစ်နည်းပြ ဂရေဟမ် အာနိုးလ်ဒ်ရဲ့ အမှားကြောင့် ကလင်းစမန်းရဲ့လူတွေက Come Back နိုင်ပွဲနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပါတယ်။

ပွဲစကတည်းက ကိုရီးယားတို့ ဘောလုံးကိုင်ကစားနေခဲ့ပြီး ကွင်းတစ်ခြမ်းလောက် စိုးမိုးထားခဲ့ပေမယ့် ကွင်းလယ်အထိုင်တွေရဲ့ ဘောလုံးဖြန့်ပုံတွေက အချိုးမပြေခဲ့သလို အပေးအကမ်းတွေက စိတ်ပျက်စရာဖြစ်နေတဲ့အတွက် တိုက်စစ်ဇုန်မှာ အခွင့်အရေး ဖန်တီးနိုင်ခြင်းမရှိဘဲ ပထမပိုင်းမှာ ခံစစ်ချည်း ထိုင်ကစားခဲ့တဲ့ အော်ဆီတို့ဘက်ကို ကန်ခွင့်မရဘဲဖြစ်နေခဲ့တာပါ။

ဆော်ကာရူးစ်တို့ကတော့ တန်ပြန်တိုက်စစ်ဆင်တိုင်း ကြုံသလို အနေအထားကနေ ကန်သွင်းနိုင်ဖို့ ကြိုးစားနေခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ အဖွင့်ဂိုး ရယူသွားခဲ့သလို ကိုရီးယားကွင်းလယ်လူ ဟွမ်းအင်ဘွမ်ရဲ့ လူပေးမှားမှုကနေ ညာခြမ်းကို ချပေးလိုက်တဲ့ ဘောလုံးကို နောက်ခံအစွန်လူ အက်ကင်ဆန်က ဂိုးရှေ့ကို ပြန်မ,ပေးရာမှာ တိုက်စစ်မှူး ဂွတ်ဒ်ဝင်းက Volley စိတ်ကြိုက်ကန်သွင်းသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ကိုရီးယားတို့ပဲ ဖိကစားခဲ့ပြီး ကွင်းလယ်အချိတ်အဆက် မိလာခဲ့ပေမယ့် တိုက်စစ်မှူး ချိုဂွယ်ဆောင်းက အော်ဆီနောက်တန်းကို မကျော်နိုင်ခဲ့လို့ လီဂန်းအင်း၊ ဟွမ်းဟီးချန်း၊ ဆွန်ဟောင်မင်တို့နဲ့ တွဲမရဘဲ စိတ်ပျက်ခဲ့ရသလို သူ့အစား ဘွန်ဒက်စ်လီဂါကလပ် မိုင့်ဇ်မှာ ကစားနေတဲ့ လီဂျယ်ဆောင်းကို ထည့်တော့မှ ဘယ်သူကမှ တိုက်စစ်မှူးမလုပ်ဘဲ ကြုံသလို False 9 ကစားတဲ့ အိုပါးတို့ နည်းနည်း ရေချိန်မှန်လာခဲ့တာပါ။

ဒီအချိန်မှာ တစ်ဂိုးနဲ့ ပိတ်ကစားဖို့ ဆုံးဖြတ်လိုက်ပုံရတဲ့ ဂရေဟမ် အာနိုးလ်ဒ်ကတော့ ခြေစွမ်းပြခဲ့တဲ့ အက်ကင်ဆန်၊ ဂွတ်ဒ်ဝင်း၊ မက်ကာ့လ်ဖ်၊ ဘက်ကပ်စ်နဲ့ ဘွိုင်းလ်တို့အစား သိုက်ဆရာတွေ လှေပေါ်တင်မှုအဖြစ် မီးလား၊ ဂျုခ်၊ မက်ဂရီး၊ ဘားဂျက်စ်နဲ့ အိုနီးလ်တို့ကို ထည့်သွင်းခဲ့ရာမှာ ကိုရီးယားတို့ စိတ်ကြိုက်ပြေးလွှားခွင့်ရခဲ့ပြီး ဂျုခ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက် တိုင်ဘေးက ထွက်သွားအပြီးမှာတော့ ပွဲက သူတို့ဘက် ရှိမနေတော့ဘဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ ကိုရီးယားတို့ ပင်နယ်တီရသွားခဲ့ပြီး ဒီဖြစ်ရပ်မှာတော့ ဘယ်ခြမ်းကနေ ဧရိယာထဲ တိုးဝင်လာတဲ့ ဆွန်ဟောင်မင်ကို ခပ်တုံးတုံး ဖျက်ထုတ်တဲ့ သိုက်ဆရာလေး မီးလားကြောင့် VAR ရော ဘာသာရေးကိုင်းရှိုင်းပုံရတဲ့ နဖူးမှာ ဇာဘီဘာ အမာရွတ်ကြီးနဲ့ အိုမန်ဒိုင်ကပါ အတည်ပြုခဲ့လို့ ဒီအခွင့်အရေးကို ၉၀+၆ မိနစ်မှာ ဟွမ်းဟီးချန်းက အပြင်းကန်သွင်းပြီး အော်ဆီဂိုးသမား ရိုင်ယန်ကို အနိုင်ယူသွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာ သရေကျနေခဲ့တာပါ။

အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားရာမှာတော့ ကိုရီးယားတို့က တောင်ပံတွေကို ပိုအားပြုခဲ့သလို ပွဲချိန် ၁၀၄ မိနစ်မှာတော့ အနိုင်ဂိုးရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ စောစောက ပင်နယ်တီပေးခဲ့တဲ့ သိုက်ဆရာလေး မီးလားရဲ့ ဟွမ်းဟီးချန်းကို ဖျက်ထုတ်မှုကြောင့်ပဲ ပေးခဲ့ရတဲ့ ဖရီးကစ်ကနေ ဆွန်ဟောင်မင်က ဘယ်ဘက်ထောင့်ထဲကို လှလှပပ တိုက်ရိုက်ကန်သွင်းပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၀၅ မိနစ်မှာတော့ ဟွမ်းဟီးချန်းရဲ့ ခြေကျင်းဝတ်ကို ခပ်ကြမ်းကြမ်းဖျက်ထုတ်ခဲ့တဲ့ နောက်ထပ် သိုက်ဆရာတစ်ဦးဖြစ်တဲ့ အိုနီးလ်တစ်ယောက် VAR အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အော်ဆီတို့ ၁၀ ယောက်နဲ့ ဘဝခါးသွားခဲ့ကြပြီး ကိုရီးယားတို့က ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ကြချိန်မှာ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့လို့သာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပွဲသိမ်းခဲ့ရတာပါ။

ဒီနိုင်ပွဲကြောင့် တောင်ကိုရီးယားတို့အနေနဲ့ ရှုံးထွက်အဆင့်မှာ ဆော်ဒီကို နောက်ကျဂိုးနဲ့ သရေယူပြီး ပင်နယ်တီနဲ့ ကျော်ဖြတ်ခဲ့အပြီးမှာ နောက်ထပ် ဒရာမာ တစ်ခုဖြစ်တဲ့ အင်အားကြီး ပြိုင်ဘက် ဩစတေးလျတို့ကို ထပ်မံကျော်ဖြတ်နိုင်ခဲ့တာကြောင့် သူတို့ရဲ့ Champion Luck ကို လျှော့တွက်လို့ မရဘဲစေဘဲဖြစ်ခဲ့ပြီး လာမယ့် ဆီမီးဖိုင်နယ်မှာတော့ ဂျော်ဒန်နဲ့ ကစားရမှာဖြစ်တာကြောင့် ဗိုလ်လုပွဲရောက်ဖို့ များနေခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာရွဖလား ပြဲစဥ္ေရးဆြဲမႈအရ အင္အားႀကီးေတြ ထိပ္တိုက္ေတြ႕ခဲ့တဲ့ တစ္ျခမ္းျဖစ္တဲ့ ေတာင္ကိုရီးယားအသင္းနဲ႔ ဩစေတးလ်တို႔ ကစားခဲ့ၾကတဲ့ ပြဲစဥ္မွာေတာ့ ခံစစ္အသားေပးလြန္းခဲ့ၿပီး ဒုတိယပိုင္းမွာ သိုက္ဆရာေတြ ေလွေပၚတင္မိသလို လူစားလဲခဲ့တဲ့ ေဆာ္ကာ႐ူးစ္နည္းျပ ဂေရဟမ္ အာႏိုးလ္ဒ္ရဲ႕ အမွားေၾကာင့္ ကလင္းစမန္းရဲ႕လူေတြက Come Back ႏိုင္ပြဲနဲ႔ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကပါတယ္။

ပြဲစကတည္းက ကိုရီးယားတို႔ ေဘာလုံးကိုင္ကစားေနခဲ့ၿပီး ကြင္းတစ္ျခမ္းေလာက္ စိုးမိုးထားခဲ့ေပမယ့္ ကြင္းလယ္အထိုင္ေတြရဲ႕ ေဘာလုံးျဖန႔္ပုံေတြက အခ်ိဳးမေျပခဲ့သလို အေပးအကမ္းေတြက စိတ္ပ်က္စရာျဖစ္ေနတဲ့အတြက္ တိုက္စစ္ဇုန္မွာ အခြင့္အေရး ဖန္တီးႏိုင္ျခင္းမရွိဘဲ ပထမပိုင္းမွာ ခံစစ္ခ်ည္း ထိုင္ကစားခဲ့တဲ့ ေအာ္ဆီတို႔ဘက္ကို ကန္ခြင့္မရဘဲျဖစ္ေနခဲ့တာပါ။

ေဆာ္ကာ႐ူးစ္တို႔ကေတာ့ တန္ျပန္တိုက္စစ္ဆင္တိုင္း ႀကဳံသလို အေနအထားကေန ကန္သြင္းႏိုင္ဖို႔ ႀကိဳးစားေနခဲ့ၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ အဖြင့္ဂိုး ရယူသြားခဲ့သလို ကိုရီးယားကြင္းလယ္လူ ဟြမ္းအင္ဘြမ္ရဲ႕ လူေပးမွားမႈကေန ညာျခမ္းကို ခ်ေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ခံအစြန္လူ အက္ကင္ဆန္က ဂိုးေရွ႕ကို ျပန္မ,ေပးရာမွာ တိုက္စစ္မႉး ဂြတ္ဒ္ဝင္းက Volley စိတ္ႀကိဳက္ကန္သြင္းသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ကိုရီးယားတို႔ပဲ ဖိကစားခဲ့ၿပီး ကြင္းလယ္အခ်ိတ္အဆက္ မိလာခဲ့ေပမယ့္ တိုက္စစ္မႉး ခ်ိဳဂြယ္ေဆာင္းက ေအာ္ဆီေနာက္တန္းကို မေက်ာ္ႏိုင္ခဲ့လို႔ လီဂန္းအင္း၊ ဟြမ္းဟီးခ်န္း၊ ဆြန္ေဟာင္မင္တို႔နဲ႔ တြဲမရဘဲ စိတ္ပ်က္ခဲ့ရသလို သူ႔အစား ဘြန္ဒက္စ္လီဂါကလပ္ မိုင့္ဇ္မွာ ကစားေနတဲ့ လီဂ်ယ္ေဆာင္းကို ထည့္ေတာ့မွ ဘယ္သူကမွ တိုက္စစ္မႉးမလုပ္ဘဲ ႀကဳံသလို False 9 ကစားတဲ့ အိုပါးတို႔ နည္းနည္း ေရခ်ိန္မွန္လာခဲ့တာပါ။

ဒီအခ်ိန္မွာ တစ္ဂိုးနဲ႔ ပိတ္ကစားဖို႔ ဆုံးျဖတ္လိုက္ပုံရတဲ့ ဂေရဟမ္ အာႏိုးလ္ဒ္ကေတာ့ ေျခစြမ္းျပခဲ့တဲ့ အက္ကင္ဆန္၊ ဂြတ္ဒ္ဝင္း၊ မက္ကာ့လ္ဖ္၊ ဘက္ကပ္စ္နဲ႔ ဘြိဳင္းလ္တို႔အစား သိုက္ဆရာေတြ ေလွေပၚတင္မႈအျဖစ္ မီးလား၊ ဂ်ဳခ္၊ မက္ဂရီး၊ ဘားဂ်က္စ္နဲ႔ အိုနီးလ္တို႔ကို ထည့္သြင္းခဲ့ရာမွာ ကိုရီးယားတို႔ စိတ္ႀကိဳက္ေျပးလႊားခြင့္ရခဲ့ၿပီး ဂ်ဳခ္ရဲ႕ အနီးကပ္ ေခါင္းတိုက္ခ်က္ တိုင္ေဘးက ထြက္သြားအၿပီးမွာေတာ့ ပြဲက သူတို႔ဘက္ ရွိမေနေတာ့ဘဲျဖစ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ ကိုရီးယားတို႔ ပင္နယ္တီရသြားခဲ့ၿပီး ဒီျဖစ္ရပ္မွာေတာ့ ဘယ္ျခမ္းကေန ဧရိယာထဲ တိုးဝင္လာတဲ့ ဆြန္ေဟာင္မင္ကို ခပ္တုံးတုံး ဖ်က္ထုတ္တဲ့ သိုက္ဆရာေလး မီးလားေၾကာင့္ VAR ေရာ ဘာသာေရးကိုင္းရႈိင္းပုံရတဲ့ နဖူးမွာ ဇာဘီဘာ အမာ႐ြတ္ႀကီးနဲ႔ အိုမန္ဒိုင္ကပါ အတည္ျပဳခဲ့လို႔ ဒီအခြင့္အေရးကို ၉၀+၆ မိနစ္မွာ ဟြမ္းဟီးခ်န္းက အျပင္းကန္သြင္းၿပီး ေအာ္ဆီဂိုးသမား ႐ိုင္ယန္ကို အႏိုင္ယူသြားခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ သေရက်ေနခဲ့တာပါ။

အခ်ိန္ပို မိနစ္ ၃၀ ဆက္လက္ကစားရာမွာေတာ့ ကိုရီးယားတို႔က ေတာင္ပံေတြကို ပိုအားျပဳခဲ့သလို ပြဲခ်ိန္ ၁၀၄ မိနစ္မွာေတာ့ အႏိုင္ဂိုးရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ေစာေစာက ပင္နယ္တီေပးခဲ့တဲ့ သိုက္ဆရာေလး မီးလားရဲ႕ ဟြမ္းဟီးခ်န္းကို ဖ်က္ထုတ္မႈေၾကာင့္ပဲ ေပးခဲ့ရတဲ့ ဖရီးကစ္ကေန ဆြန္ေဟာင္မင္က ဘယ္ဘက္ေထာင့္ထဲကို လွလွပပ တိုက္႐ိုက္ကန္သြင္းၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၀၅ မိနစ္မွာေတာ့ ဟြမ္းဟီးခ်န္းရဲ႕ ေျခက်င္းဝတ္ကို ခပ္ၾကမ္းၾကမ္းဖ်က္ထုတ္ခဲ့တဲ့ ေနာက္ထပ္ သိုက္ဆရာတစ္ဦးျဖစ္တဲ့ အိုနီးလ္တစ္ေယာက္ VAR အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ေအာ္ဆီတို႔ ၁၀ ေယာက္နဲ႔ ဘဝခါးသြားခဲ့ၾကၿပီး ကိုရီးယားတို႔က ပြဲကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့ၾကခ်ိန္မွာ အခြင့္အေရးေတြကို ျဖဳန္းတီးခဲ့လို႔သာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲသိမ္းခဲ့ရတာပါ။

ဒီႏိုင္ပြဲေၾကာင့္ ေတာင္ကိုရီးယားတို႔အေနနဲ႔ ရႈံးထြက္အဆင့္မွာ ေဆာ္ဒီကို ေနာက္က်ဂိုးနဲ႔ သေရယူၿပီး ပင္နယ္တီနဲ႔ ေက်ာ္ျဖတ္ခဲ့အၿပီးမွာ ေနာက္ထပ္ ဒရာမာ တစ္ခုျဖစ္တဲ့ အင္အားႀကီး ၿပိဳင္ဘက္ ဩစေတးလ်တို႔ကို ထပ္မံေက်ာ္ျဖတ္ႏိုင္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ Champion Luck ကို ေလွ်ာ့တြက္လို႔ မရဘဲေစဘဲျဖစ္ခဲ့ၿပီး လာမယ့္ ဆီမီးဖိုင္နယ္မွာေတာ့ ေဂ်ာ္ဒန္နဲ႔ ကစားရမွာျဖစ္တာေၾကာင့္ ဗိုလ္လုပြဲေရာက္ဖို႔ မ်ားေနခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.