Premier League

မန်ချက်စတာဒါဘီအတွက် သရဲနီကစားသမားတွေ ကြောက်နေမယ့်သူကို ပြောပြခဲ့တဲ့ ရွိုင် ကီးန်

ရွိုင် ကီးန်က ဟာရီ မက်ဂွိုင်းယားဟာ ပြိုင်ဘက်တွေကို ဖိအားပေးဖို့ကို အတားအဆီးတစ်ခုဖြစ်နေမှာကို မန်ချက်စတာယူနိုက်တက်အသင်းဖော်တွေက ကြောက်ရွံ့နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ပိုင်း ယိုယွင်းပျက်စီးနေမှုက ပြီးခဲ့တဲ့အပတ် စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါက မန်ယူနိုက်တက်ရဲ့ နည်းဗျူဟာက လိုက်ပါကျင့်သုံးဖို့ မဖြစ်နိုင်တဲ့နည်းဗျူဟာလို့ ပြောဆိုခဲ့ပြီး တန်ဟက်ရဲ့ ကစားသမားတွေက နောက်တန်းမှာပဲ ကစားနေတာကြောင့် ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်ခြင်းမရှိတာကို ထောက်ပြခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကီးန်ကလည်း ဟာရီ မက်ဂွိုင်းယားရဲ့ ခံစစ်မှာ လျင်မြန်မှု ကင်းမဲ့နေမှုကြောင့် ရှေ့မတက်ရဲဖြစ်နေတာက အသင်းဖော်တွေအတွက် သေလောက်အောင် ကြောက်ရွံ့စရာဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

“သူတို့တွေ ရှေ့တက်ပြီး ဖိအားမပေးကြဘူး။ ကျွန်တော် အဲဒါကို မက်ဂွိုင်းယားအပေါ် ပုံမချချင်ပါဘူး။ ဒါပေမယ့် အမြဲတမ်း တခြား ထိပ်တန်းအသင်းတွေ လုပ်နေတဲ့အတိုင်း မက်ဂွိုင်းယား ရှေ့တက်လာပြီး ကွင်းတစ်ဖက်ခြမ်းထိ ထိုးဖောက်ဖို့ စိုးရိမ်မှုတွေရှိနေပါတယ်။ တစ်ချိန်လုံး သူနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေက ရှိနေပါတယ်။ ဟာကွက်တွေ ကျန်နေခဲ့တာမျိုးပေါ့။ သူတို့တွေက အကုန်လုံး တိုက်စစ်ဆင်ဖို့ကို သေလောက်အောင် ကြောက်နေကြတယ်။ ဘာလို့လဲဆိုတော့ ငါတို့တွေ အကုန် အရှေ့တက်သွားရင် သူတစ်ယောက်တည်း ပြဿနာတက်လိမ့်မယ်ဆိုတဲ့အတွေးမျိုး တွေးနေကြလို့ပါ။”

ရွိုင် ကီးန်က ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း တိုက်စစ်မှာ ဖိအားပေးမှုကို ဦးဆောင်နိုင်စွမ်း မရှိခဲံကြဘူးလို့ ယုံကြည်နေပြီး “မန်ချက်စတာယူနိုက်တက်က ဖိအားပေးနိုင်မယ့် ကစားသမားမျိုး မရှိပါဘူး။ ဖာနန်ဒက်စ်က အဲဒီလို လုပ်မှာမဟုတ်ဘူး။ ရက်ရှ်ဖို့လည်း လုပ်မှာမဟုတ်ဘူး။ သူတို့တွေ ၅ မိနစ်၊ ၁၀ မိနစ်လောက်တော့ လုပ်ရင်လုပ်မှာပေ့ါ။ ခင်ဗျားက ပြိုင်ဘက်ကို ဖိအားပေးတဲ့အသင်းမျိုးပိုင်ဆိုင်ထားတာမဟုတ်ဘူးဆိုရင်တော့ ဟိုတကွက် ဒီတကွက်နဲ့ ဘာမှ အရာထင်မှာမဟုတ်ဘူး။ မန်ချက်စတာယူနိုက်တက်က ဖိအားပေးတဲ့အပိုင်းမှာ ဘယ်တော့မှာ ကောင်းမွန်လာမယ့်အသင်းမျိုး မဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
႐ြိဳင္ ကီးန္က ဟာရီ မက္ဂြိဳင္းယားဟာ ၿပိဳင္ဘက္ေတြကို ဖိအားေပးဖို႔ကို အတားအဆီးတစ္ခုျဖစ္ေနမွာကို မန္ခ်က္စတာယူႏိုက္တက္အသင္းေဖာ္ေတြက ေၾကာက္႐ြံ႕ေနလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခံစစ္ပိုင္း ယိုယြင္းပ်က္စီးေနမႈက ၿပီးခဲ့တဲ့အပတ္ စေနေန႔က ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

လီဗာပူးလ္ေနာက္ခံလူေဟာင္း ကာေရဂါက မန္ယူႏိုက္တက္ရဲ႕ နည္းဗ်ဴဟာက လိုက္ပါက်င့္သုံးဖို႔ မျဖစ္ႏိုင္တဲ့နည္းဗ်ဴဟာလို႔ ေျပာဆိုခဲ့ၿပီး တန္ဟက္ရဲ႕ ကစားသမားေတြက ေနာက္တန္းမွာပဲ ကစားေနတာေၾကာင့္ ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးႏိုင္ျခင္းမရွိတာကို ေထာက္ျပခဲ့ပါတယ္။

မန္ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ ကီးန္ကလည္း ဟာရီ မက္ဂြိဳင္းယားရဲ႕ ခံစစ္မွာ လ်င္ျမန္မႈ ကင္းမဲ့ေနမႈေၾကာင့္ ေရွ႕မတက္ရဲျဖစ္ေနတာက အသင္းေဖာ္ေတြအတြက္ ေသေလာက္ေအာင္ ေၾကာက္႐ြံ႕စရာျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

“သူတို႔ေတြ ေရွ႕တက္ၿပီး ဖိအားမေပးၾကဘူး။ ကြၽန္ေတာ္ အဲဒါကို မက္ဂြိဳင္းယားအေပၚ ပုံမခ်ခ်င္ပါဘူး။ ဒါေပမယ့္ အၿမဲတမ္း တျခား ထိပ္တန္းအသင္းေတြ လုပ္ေနတဲ့အတိုင္း မက္ဂြိဳင္းယား ေရွ႕တက္လာၿပီး ကြင္းတစ္ဖက္ျခမ္းထိ ထိုးေဖာက္ဖို႔ စိုးရိမ္မႈေတြရွိေနပါတယ္။ တစ္ခ်ိန္လုံး သူနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြက ရွိေနပါတယ္။ ဟာကြက္ေတြ က်န္ေနခဲ့တာမ်ိဳးေပါ့။ သူတို႔ေတြက အကုန္လုံး တိုက္စစ္ဆင္ဖို႔ကို ေသေလာက္ေအာင္ ေၾကာက္ေနၾကတယ္။ ဘာလို႔လဲဆိုေတာ့ ငါတို႔ေတြ အကုန္ အေရွ႕တက္သြားရင္ သူတစ္ေယာက္တည္း ျပႆနာတက္လိမ့္မယ္ဆိုတဲ့အေတြးမ်ိဳး ေတြးေနၾကလို႔ပါ။”

႐ြိဳင္ ကီးန္က ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကလည္း တိုက္စစ္မွာ ဖိအားေပးမႈကို ဦးေဆာင္ႏိုင္စြမ္း မရွိခဲံၾကဘူးလို႔ ယုံၾကည္ေနၿပီး “မန္ခ်က္စတာယူႏိုက္တက္က ဖိအားေပးႏိုင္မယ့္ ကစားသမားမ်ိဳး မရွိပါဘူး။ ဖာနန္ဒက္စ္က အဲဒီလို လုပ္မွာမဟုတ္ဘူး။ ရက္ရွ္ဖို႔လည္း လုပ္မွာမဟုတ္ဘူး။ သူတို႔ေတြ ၅ မိနစ္၊ ၁၀ မိနစ္ေလာက္ေတာ့ လုပ္ရင္လုပ္မွာေပ့ါ။ ခင္ဗ်ားက ၿပိဳင္ဘက္ကို ဖိအားေပးတဲ့အသင္းမ်ိဳးပိုင္ဆိုင္ထားတာမဟုတ္ဘူးဆိုရင္ေတာ့ ဟိုတကြက္ ဒီတကြက္နဲ႔ ဘာမွ အရာထင္မွာမဟုတ္ဘူး။ မန္ခ်က္စတာယူႏိုက္တက္က ဖိအားေပးတဲ့အပိုင္းမွာ ဘယ္ေတာ့မွာ ေကာင္းမြန္လာမယ့္အသင္းမ်ိဳး မဟုတ္ဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.