Ligue1 Premier League Transfer News

PSG က ပြန်ရောင်းချင်နေတဲ့ တိုက်စစ်မှူး ရာမို့စ်နဲ့ အကြောင်းပါနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းမှာ အာတီတာရဲ့လက်ထက် ကြီးမားတဲ့ ပြဿနာတစ်ခုအဖြစ် မဖြေရှင်းရသေးဘဲ ရှိနေခဲ့တဲ့ အထောင်တိုက်စစ်မှူးကောင်း တစ်နေရာအတွက် ပီအက်စ်ဂျီအသင်းနဲ့ အဆင်မပြေတဲ့ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူဖြည့်ဆည်းသွားနိုင်ဖို့ အဆင်ပြေသွားနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အငှားပြောင်းရွှေ့ကြေး ယူရို ၁၀ သန်း ဝန်းကျင်နဲ့ ဘင်ဖီကာအသင်းကနေ ခေါ်ယူခဲ့ပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ယူရို ၆၅ + အနာဂတ် ဆုကြေးခံစားခွင့် ယူရို ၁၅ သန်းနဲ့ အပြီးသတ် စာချုပ်ဖို့ သဘောတူညီထားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးကို ပီအက်စ်ဂျီတို့က အောက်တိုဘာလထဲမှာပဲ ပိုင်ဆိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့် ထင်သလောက်တော့ အလုပ်မဖြစ်ခဲ့ရတာပါ။

နည်းပြ လူးဝစ် အန်ရီကေရဲ့ နည်းစနစ်ပိုင်းနဲ့ အံဝင်မှု အားနည်းနေတဲ့ ရာမို့စ်အနေနဲ့ ပီအက်စ်ဂျီအသင်းအတွက် ၄ ဂိုးသွင်း ၁ ဂိုးဖန်တီးပြီး ဂိုးပါဝင်ပတ်သက်မှု ၅ ကြိမ်သာ လုပ်ဆောင်ထားနိုင်ခဲ့တာက သူတို့အတွက် ခေါ်ယူမှုအမှားလို့ အသင်းရဲ့ နည်းစနစ်ပိုင်း တာဝန်ရှိသူတွေက အကဲဖြတ်ခဲ့ကြတာကြောင့် ဇန်နဝါရီမှာ သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိလာရင် ရှင်းထုတ်သွားဖို့ ပါရီသားတွေဘက်က ဆုံးဖြတ်ထားခဲ့ပါတယ်။

အပြောင်းအရွှေ့ကာလမှာ ရက် ၂၀ လောက် ကုန်လွန်လာခဲ့တဲ့အထိ ဘယ်သူနဲ့မှ မနီးစပ်နိုင်သေးတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူ့ကို အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ အငှားနဲ့ ကမ်းလှမ်းသွားဖွယ်ရှိနေပြီး အပြီးသတ် ခေါ်ယူဖို့ကတော့ Obligation (မဖြစ်မနေ)လား၊ Option to Buy (ခေါ်ယူခွင့်)လားဆိုတာကိုတော့ ပီအက်စ်ဂျီဘက်က ဒီကစားသမားအပေါ် ထားရှိတဲ့ သဘောထားအရ ညှိနှိုင်းရဖွယ်လည်း ရှိနေတာပါ။

ဘင်ဖီကာနဲ့ ခြေစွမ်းပြခဲ့ပြီး လီဗာပူးလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဒါဝင် နူးညက်ဇ်ရဲ့ ဥပမာကြောင့်တော့ အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဒီတိုက်စစ်မှူးကို ခေါ်ယူရင် ကြီးမားတဲ့ အလောင်းအစားပြုရတာနဲ့ တူနေတယ်လို့လည်း ထင်မြင်နေကြပြီး ပြင်သစ် လယ်သမားလိဂ်မှာတောင် ရုန်းကန်နေရတဲ့ ရာမို့စ်ကို အာတီတာနဲ့ အီဒူးတို့ ခေါ်ယူပြီး အကောင်းဘက်ကို ပြောင်းလဲပေးသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီတို့အနေနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၀ ပွဲမှာ ၇ ဂိုးသွင်းယူထားတဲ့ ရာမို့စ်ကို ဝယ်ယူစဉ်က ဈေးအတိုင်း ပြန်လည်ရရှိနိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း သိရပြီး ဘင်ဇီးမားလက်သစ်လို့ ချီးကျူးခံရဖူးတဲ့ ပေါ်တူဂီသားနဲ့ အာဆင်နယ်တို့ တစ်ဦးနဲ့တစ်ဦး မှန်ကန်တဲ့ အပြန်အလှန် ရွေးချယ်မှု ဖြစ်လာနိုင်မလားဆိုတာကိုတော့ အပြောမဟုတ်ဘဲ အလုပ်ကိုသာ ကြည့်ရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသင္းမွာ အာတီတာရဲ႕လက္ထက္ ႀကီးမားတဲ့ ျပႆနာတစ္ခုအျဖစ္ မေျဖရွင္းရေသးဘဲ ရွိေနခဲ့တဲ့ အေထာင္တိုက္စစ္မႉးေကာင္း တစ္ေနရာအတြက္ ပီအက္စ္ဂ်ီအသင္းနဲ႔ အဆင္မေျပတဲ့ ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉး ဂြန္ဆာလို ရာမို႔စ္ကို ေခၚယူျဖည့္ဆည္းသြားႏိုင္ဖို႔ အဆင္ေျပသြားႏိုင္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီက အငွားေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀ သန္း ဝန္းက်င္နဲ႔ ဘင္ဖီကာအသင္းကေန ေခၚယူခဲ့ၿပီး ရာသီကုန္မွာ အၿပီးသတ္ ေခၚယူခြင့္ ယူ႐ို ၆၅ + အနာဂတ္ ဆုေၾကးခံစားခြင့္ ယူ႐ို ၁၅ သန္းနဲ႔ အၿပီးသတ္ စာခ်ဳပ္ဖို႔ သေဘာတူညီထားခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ပီအက္စ္ဂ်ီတို႔က ေအာက္တိုဘာလထဲမွာပဲ ပိုင္ဆိုင္ဖို႔ လုပ္ေဆာင္ႏိုင္ခဲ့ေပမယ့္ ထင္သေလာက္ေတာ့ အလုပ္မျဖစ္ခဲ့ရတာပါ။

နည္းျပ လူးဝစ္ အန္ရီေကရဲ႕ နည္းစနစ္ပိုင္းနဲ႔ အံဝင္မႈ အားနည္းေနတဲ့ ရာမို႔စ္အေနနဲ႔ ပီအက္စ္ဂ်ီအသင္းအတြက္ ၄ ဂိုးသြင္း ၁ ဂိုးဖန္တီးၿပီး ဂိုးပါဝင္ပတ္သက္မႈ ၅ ႀကိမ္သာ လုပ္ေဆာင္ထားႏိုင္ခဲ့တာက သူတို႔အတြက္ ေခၚယူမႈအမွားလို႔ အသင္းရဲ႕ နည္းစနစ္ပိုင္း တာဝန္ရွိသူေတြက အကဲျဖတ္ခဲ့ၾကတာေၾကာင့္ ဇန္နဝါရီမွာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈ ရွိလာရင္ ရွင္းထုတ္သြားဖို႔ ပါရီသားေတြဘက္က ဆုံးျဖတ္ထားခဲ့ပါတယ္။

အေျပာင္းအေ႐ႊ႕ကာလမွာ ရက္ ၂၀ ေလာက္ ကုန္လြန္လာခဲ့တဲ့အထိ ဘယ္သူနဲ႔မွ မနီးစပ္ႏိုင္ေသးတဲ့ အာဆင္နယ္အသင္းအေနနဲ႔ သူ႔ကို အၿပီးသတ္ ေခၚယူခြင့္ ပါဝင္တဲ့ အငွားနဲ႔ ကမ္းလွမ္းသြားဖြယ္ရွိေနၿပီး အၿပီးသတ္ ေခၚယူဖို႔ကေတာ့ Obligation (မျဖစ္မေန)လား၊ Option to Buy (ေခၚယူခြင့္)လားဆိုတာကိုေတာ့ ပီအက္စ္ဂ်ီဘက္က ဒီကစားသမားအေပၚ ထားရွိတဲ့ သေဘာထားအရ ညႇိႏႈိင္းရဖြယ္လည္း ရွိေနတာပါ။

ဘင္ဖီကာနဲ႔ ေျခစြမ္းျပခဲ့ၿပီး လီဗာပူးလ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ဒါဝင္ ႏူးညက္ဇ္ရဲ႕ ဥပမာေၾကာင့္ေတာ့ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဒီတိုက္စစ္မႉးကို ေခၚယူရင္ ႀကီးမားတဲ့ အေလာင္းအစားျပဳရတာနဲ႔ တူေနတယ္လို႔လည္း ထင္ျမင္ေနၾကၿပီး ျပင္သစ္ လယ္သမားလိဂ္မွာေတာင္ ႐ုန္းကန္ေနရတဲ့ ရာမို႔စ္ကို အာတီတာနဲ႔ အီဒူးတို႔ ေခၚယူၿပီး အေကာင္းဘက္ကို ေျပာင္းလဲေပးသြားႏိုင္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတို႔အေနနဲ႔ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ၁၀ ပြဲမွာ ၇ ဂိုးသြင္းယူထားတဲ့ ရာမို႔စ္ကို ဝယ္ယူစဥ္က ေဈးအတိုင္း ျပန္လည္ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရၿပီး ဘင္ဇီးမားလက္သစ္လို႔ ခ်ီးက်ဴးခံရဖူးတဲ့ ေပၚတူဂီသားနဲ႔ အာဆင္နယ္တို႔ တစ္ဦးနဲ႔တစ္ဦး မွန္ကန္တဲ့ အျပန္အလွန္ ေ႐ြးခ်ယ္မႈ ျဖစ္လာႏိုင္မလားဆိုတာကိုေတာ့ အေျပာမဟုတ္ဘဲ အလုပ္ကိုသာ ၾကည့္ရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.