Premier League

ရမ်းစ်ဒေးနေရာအစားထိုးမယ့် ဂိုးသမား ရှာတွေ့ပြီဖြစ်တဲ့ အာဆင်နယ်အပါအဝင် နောက်ဆုံးရ အာဆင်နယ်သတင်းများ

-အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ခြေတွေ့လာတဲ့ ပိုလန်နောက်ခံလူရဲ့ တိုးတက်လာမှုကြောင့် စိတ်လှုပ်ရှားခဲ့ပြီး ၂၄ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ စပီးဇီးယားကနေ ပြောင်းလာခဲ့တာပါ။ ခီဗီယောဟာ ဆာလီဘာ မပါနိုင်လို့ ခံစစ်ပိုင်း ရုန်းကန်နေရချိန်မှာ ပါဝင်ကစားပေးခဲ့ရပြီး ပြင်သစ်နောက်ခံလူ ပြန်ကစားနိုင်တဲ့အခါ ဂါဘရီယဲလ်နဲ့အတူအတွဲညီညီ ပြန်လည်ပါဝင်ကစားပေးခဲ့ချိန်မှာ ပိုလန်နောက်ခံလူအတွက် ပွဲကစားခွင့်က နည်းသည်ထက် နည်းလာပါတယ်။

ဇင်ချန်ကိုနဲ့ တိုမိယဆုတို့ ၂ ဦးစလုံး ဒဏ်ရာကြောင့် မပါနိုင်ချိန်မှာ ခီဗီယောအတွက် ဘယ်နောက်ခံနေရာမှာ ကစားပေးခွင့်ရလာခဲ့ပြီး ပိုလန်နောက်ခံလူ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရလာတာနဲ့ တပြိုင်နက် အာဆင်နယ်ကလည်း ဆုဖလားစိန်ခေါ်နိုင်တဲ့အသင်း ပြန်ဖြစ်လာခဲ့ပါတယ်။ ပိုလန်နောက်ခံလူရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ ဇင်ချန်ကိုနဲ့ တင်းဘားတို့ ပြန်ကောင်းလာဖို့နီးလာပြီဖြစ်ပေမယ့် တနင်္လာနေ့ည ဘရာမောလ် လိန်းမှာ ပွဲထွက်ပါဝင်ခွင့်ရဦးမှာဖြစ်ပါတယ်။

အာတီတာက ခီဗီယောကို အစောပိုင်းကတည်းက လူစာရင်းထဲ ခေါ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်နောက်ခံနေရာမှာ ကစားနိုင်မယ်လို့ ယုံကြည်ခဲ့ပေမယ့် အချိန်တော့ ယူရမယ်လို့ ထင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်များများစားစား မရထားတာနဲ့ ဘယ်တုန်းကမှ မကစားဖူးတဲ့နေရာမှာ ကစားခိုင်းရမှာကြောင့် ခီဗီယောကို အခက်တွေ့အောင် လုပ်မိခဲ့ပြီထင်ပေမယ့် မယုံနိုင်လောက်အောင် တိုးတက်လာလို့ ဝမ်းသာမိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

-အာဆင်နယ်၊ မန်ယူနိုက်တက်၊ ချဲလ်ဆီးတို့အားလုံးဟာ အိုင်းယက်စ်ဂိုးသမား ဒီယန့် ရာမာကို ဒီနွေမှာ ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ ရာမာဟာ ပြီးခဲ့တဲ့နွေမှ ဖရန့်ဖွတ်ကနေ အိုင်းယက်စ်ကို ပြော်ငးလာတာဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ကျန်သေးပေမယ့် ဒတ်ချ်ကလပ်က အရမ်းခက်ခဲတဲ့ ရာသီကို ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည်း ရာမာဟာ ၁၇ ပွဲမှာ ၂၆ ဂိုးသာ ခွင့်ပြုခဲ့ရပြီး အသက် ၂၂ နှစ်အရွယ် ဂျာမန် ဂိုးသမားအတွက် မဆိုးလှတဲ့အရေအတွက်ဖြစ်ပါတယ်။

ရာမာရဲ့ စွမ်းဆောင်ရည်ကြောင့် အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ မျက်စိကျလာတယ်လို့ ဂျာနယ်လစ် ခရစ်ရှန်ဖော့ခ်က ပြောဆိုခဲ့ပြီး ဒီ ၃ သင်းစလုံးက ပြီးခဲ့တဲ့နွေမှာ ဂိုးသမားသစ်ကိုယ်စီ ခေါ်ထားခဲ့တာဖြစ်ပေမယ့် ရာယာကလွဲရင် ကျန်တဲ့ ၂ သင်းစလုံးက ဂိုးသမားတွေက ရုန်းကန်နေရတာကြောင့် အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာမာက ဒီလာမယ့်နွေမှာ ပွဲထွက်ခွင့်မရလို့ အမ်းမရိတ်စ်ကို စွန့်ခွာနိုင်တဲ့ရမ်းစ်ဒေးလ်ရဲ့ နေရာမှာ ဒုတိယပွဲထွက်ဂိုးသမားအဖြစ် ကစားဖို့ အာဆင်နယ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

-အာဆင်နယ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အီတလီဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ညိုကို စာချုပ်သစ်နဲ့ ဆုချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ၁ နှစ်သက်တမ်းတိုးခွင့် ပါဝင်တဲ့ ၁ နှစ်စာချုပ် ကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အာဆင်နယ်နည်းပြ အာတီတာက တနင်္လာနေ့မှာ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ ထင်သလောက် မလွယ်ကူဘဲ ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။ ရှက်ဖီးဟာ အိမ်ကွင်းမှာ ဒီရာသီ ဂိုးတွေအများကြီးပေးခဲ့ရပေမယ့် ဘာကြောင့် သတိကြီးကြီးထား ရင်ဆိုင်သွားရလဲဆိုတဲ့အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

“သူတို့အတွက်လည်း တကယ်ကို ခက်ခဲမယ်လို့ တွေးကြည့်လို့ရပါတယ်။ သူတို့ရဲ့ စိတ်ခွန်အားက အရမ်းကို ကွာခြားပါတယ်။ နှစ်သင်းစလုံးအတွက်လည်း တကယ်ကို အရေးကြီးတာပါ။ ခင်ဗျားက နိမ့်ကျနေချိန်မှာ အဲဒီကနေ တတ်နိုင်သမျှ မြန်မြန် ထွက်ချင်နေမယ်လို့ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ သင်းစလုံးက မတူညီတဲ့ ရည်မှန်းချက်တွေရှိပြီး အဲဒီရည်မှန်းချက်အတိုင်း ရအောင်လုပ်ချင်ကြပါတယ်။

အသင်းတိုင်းကို ကျွန်တော်တို့ အားနည်းချက်၊ အားသာချက်တွေ ကြည့်တယ်။ ကျွန်တော်တို့ လိုချင်တဲ့ပွဲမျိုး ဖြစ်အောင် ကစားဖို့ ကြိုးစားရမယ်။ ကျွန်တော်ဒီလိုပြောနေတာက ဒီအသင်းကို ကောင်းကောင်း သိနေလို့ပါ။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ခရစ္စရဲ့အသင်းဆီကနေ လေ့လာသင်ယူခဲ့တယ်။ ကျွန်တော် ခင်ဗျားကို ပြောနိုင်တာက ဒီပွဲက တကယ်ကို ခက်ခဲတဲ့ပွဲဖြစ်လာလိမ့်မယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ရှဖီးယူနိုက်တက်နဲ့အာဆင်နယ်ပွဲမှာ အာဆင်နယ် နိုင်ပွဲကလွဲလို့ ဘာမှမမြင်ရပါဘူး။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ဖူလ်ဟမ်နှင့် ဝက်စ်ဟမ်းအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် ဂန်းနားတို့၏ချန်ပီယံဆုဖလားစိန်ခေါ်မှုမှာ ပျက်ပြယ်သွားလိမ့်မည်ဟု ကျွန်တော်ထင်ခဲ့မိတယ်။ ဒါပေမယ့် တက်တက်စင်အောင်လွဲခဲ့ပြီး ဂန်းနားတို့က လုံးဝခမ်းနားခဲ့ပြီး အပျော်သဘောဖြင့် ဂိုးတွေ သွင်းယူနေလားတောင် ထင်ရပါတယ်။

အာဆင်နယ်အသင်းသည် နောက်ပိုင်းပွဲတွေကို ဟန်ချက်ညီညီရှိပြီး မကြာသေးမီရက်သတ္တပတ်များအတွင်းကပွဲအများစုမှာလို စောစီးစွာဂိုးသွင်းနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ၃ ဂိုးလောက်ပြတ်သွားမယ်လို့ ကျွန်တော်ခန့်မှန်းချင်ပါတယ်။ ဒါက အာဆင်နယ်အနေနဲ့ ပြိုင်ဘက်တွေကို သွင်းနေကြနှုန်းပါ။
ခန့်မှန်းချက် ရှဖီးယူနိုက်တက် ဝ-၃ အာဆင်နယ်

SportsA2Z

Zawgyi:

-အာဆင္နယ္နည္းျပ အာတီတာဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ ေျခေတြ႕လာတဲ့ ပိုလန္ေနာက္ခံလူရဲ႕ တိုးတက္လာမႈေၾကာင့္ စိတ္လႈပ္ရွားခဲ့ၿပီး ၂၄ ႏွစ္အ႐ြယ္ကစားသမားက ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလမွာ စပီးဇီးယားကေန ေျပာင္းလာခဲ့တာပါ။ အာဆင္နယ္ဟာ ဆာလီဘာ မပါႏိုင္လို႔ ခံစစ္ပိုင္း ႐ုန္းကန္ေနရခ်ိန္မွာ ပါဝင္ကစားေပးခဲ့ရၿပီး ျပင္သစ္ေနာက္ခံလူက ဂါဘရီယဲလ္နဲ႔အတူ ျပန္လည္ပါဝင္ကစားေပးခဲ့ခ်ိန္မွာ ပိုလန္ေနာက္ခံလူအတြက္ ပြဲကစားခြင့္က နည္းသည္ထက္ နည္းလာပါတယ္။

ဇင္ခ်န္ကိုနဲ႔ တိုမိယဆုတို႔ ၂ ဦးစလုံး ဒဏ္ရာေၾကာင့္ မပါႏိုင္ခ်ိန္မွာ ခီဗီေယာအတြက္ ဘယ္ေနာက္ခံေနရာမွာ ကစားေပးခြင့္ရလာခဲ့ၿပီး ပိုလန္ေနာက္ခံလူ ပြဲထြက္လူစာရင္းထဲ ပါဝင္ခြင့္ရလာတာနဲ႔ တၿပိဳင္နက္ အာဆင္နယ္ကလည္း ဆုဖလားစိန္ေခၚႏိုင္တဲ့အသင္း ျပန္ျဖစ္လာခဲ့ပါတယ္။ ပိုလန္ေနာက္ခံလူရဲ႕ ၿပိဳင္ဘက္ေတြျဖစ္တဲ့ ဇင္ခ်န္ကိုနဲ႔ တင္းဘားတို႔ ျပန္ေကာင္းလာဖို႔နီးလာၿပီျဖစ္ေပမယ့္ တနလၤာေန႔ည ဘရာေမာလ္ လိန္းမွာ ပြဲထြက္ပါဝင္ခြင့္ရဦးမွာျဖစ္ပါတယ္။

အာတီတာက ခီဗီေယာကို အေစာပိုင္းကတည္းက လူစာရင္းထဲ ေခၚဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဘယ္ေနာက္ခံေနရာမွာ ကစားႏိုင္မယ္လို႔ ယုံၾကည္ခဲ့ေပမယ့္ အခ်ိန္ေတာ့ ယူရမယ္လို႔ ထင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း ပြဲကစားခ်ိန္မ်ားမ်ားစားစား မရထားတာနဲ႔ ဘယ္တုန္းကမွ မကစားဖူးတဲ့ေနရာမွာ ကစားခိုင္းရမွာေၾကာင့္ ခီဗီေယာကို အခက္ေတြ႕ေအာင္ လုပ္မိခဲ့ၿပီထင္ေပမယ့္ မယုံႏိုင္ေလာက္ေအာင္ တိုးတက္လာလို႔ ဝမ္းသာမိခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

-အာဆင္နယ္၊ မန္ယူႏိုက္တက္၊ ခ်ဲလ္ဆီးတို႔အားလုံးဟာ အိုင္းယက္စ္ဂိုးသမား ဒီယန႔္ ရာမာကို ဒီေႏြမွာ ေခၚဖို႔ စိတ္ဝင္စားေနပါတယ္။ ရာမာဟာ ၿပီးခဲ့တဲ့ေႏြမွ ဖရန႔္ဖြတ္ကေန အိုင္းယက္စ္ကို ေျပာ္ငးလာတာျဖစ္ၿပီး ၂၀၂၈ ခုႏွစ္အထိ စာခ်ဳပ္က်န္ေသးေပမယ့္ ဒတ္ခ်္ကလပ္က အရမ္းခက္ခဲတဲ့ ရာသီကို ရင္ဆိုင္ေနရတာပါ။ ဒါေပမယ့္လည္း ရာမာဟာ ၁၇ ပြဲမွာ ၂၆ ဂိုးသာ ခြင့္ျပဳခဲ့ရၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ာမန္ ဂိုးသမားအတြက္ မဆိုးလွတဲ့အေရအတြက္ျဖစ္ပါတယ္။ ရာမာရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အာဆင္နယ္၊ မန္ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ မ်က္စိက်လာတယ္လို႔ ဂ်ာနယ္လစ္ ခရစ္ရွန္ေဖာ့ခ္က ေျပာဆိုခဲ့ၿပီး ဒီ ၃ သင္းစလုံးက ၿပီးခဲ့တဲ့ေႏြမွာ ဂိုးသမားသစ္ကိုယ္စီ ေခၚထားခဲ့တာျဖစ္ေပမယ့္ ရာယာကလြဲရင္ က်န္တဲ့ ၂ သင္းစလုံးက ဂိုးသမားေတြက ႐ုန္းကန္ေနရတာေၾကာင့္ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရာမာက ဒီလာမယ့္ေႏြမွာ ပြဲထြက္ခြင့္မရလို႔ အမ္းမရိတ္စ္ကို စြန႔္ခြာႏိုင္တဲ့ရမ္းစ္ေဒးလ္ရဲ႕ ေနရာမွာ ဒုတိယပြဲထြက္ဂိုးသမားအျဖစ္ ကစားဖို႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖြယ္ရွိတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

-အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ပြဲေတြမွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ အီတလီဝါရင့္ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကို စာခ်ဳပ္သစ္နဲ႔ ဆုခ်သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ဂန္းနားေတြဟာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းကို ၁ ႏွစ္သက္တမ္းတိုးခြင့္ ပါဝင္တဲ့ ၁ ႏွစ္စာခ်ဳပ္ ကမ္းလွမ္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-အာဆင္နယ္နည္းျပ အာတီတာက တနလၤာေန႔မွာ ရွက္ဖီးယူႏိုက္တက္နဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္ဟာ ထင္သေလာက္ မလြယ္ကူဘဲ ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာမယ္လို႔ ယုံၾကည္ေနပါတယ္။ ရွက္ဖီးဟာ အိမ္ကြင္းမွာ ဒီရာသီ ဂိုးေတြအမ်ားႀကီးေပးခဲ့ရေပမယ့္ ဘာေၾကာင့္ သတိႀကီးႀကီးထား ရင္ဆိုင္သြားရလဲဆိုတဲ့အေၾကာင္းအရင္းကို ေျပာျပခဲ့ပါတယ္။

“သူတို႔အတြက္လည္း တကယ္ကို ခက္ခဲမယ္လို႔ ေတြးၾကည့္လို႔ရပါတယ္။ သူတို႔ရဲ႕ စိတ္ခြန္အားက အရမ္းကို ကြာျခားပါတယ္။ ႏွစ္သင္းစလုံးအတြက္လည္း တကယ္ကို အေရးႀကီးတာပါ။ ခင္ဗ်ားက နိမ့္က်ေနခ်ိန္မွာ အဲဒီကေန တတ္ႏိုင္သမွ် ျမန္ျမန္ ထြက္ခ်င္ေနမယ္လို႔ ကြၽန္ေတာ္ ေတြးၾကည့္လို႔ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၂ သင္းစလုံးက မတူညီတဲ့ ရည္မွန္းခ်က္ေတြရွိၿပီး အဲဒီရည္မွန္းခ်က္အတိုင္း ရေအာင္လုပ္ခ်င္ၾကပါတယ္။

အသင္းတိုင္းကို ကြၽန္ေတာ္တို႔ အားနည္းခ်က္၊ အားသာခ်က္ေတြ ၾကည့္တယ္။ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ပြဲမ်ိဳး ျဖစ္ေအာင္ ကစားဖို႔ ႀကိဳးစားရမယ္။ ကြၽန္ေတာ္ဒီလိုေျပာေနတာက ဒီအသင္းကို ေကာင္းေကာင္း သိေနလို႔ပါ။ ကြၽန္ေတာ္ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ခြဲျခမ္းစိတ္ျဖာခဲ့ၿပီး ခရစၥရဲ႕အသင္းဆီကေန ေလ့လာသင္ယူခဲ့တယ္။ ကြၽန္ေတာ္ ခင္ဗ်ားကို ေျပာႏိုင္တာက ဒီပြဲက တကယ္ကို ခက္ခဲတဲ့ပြဲျဖစ္လာလိမ့္မယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

ရွဖီးယူႏိုက္တက္နဲ႔အာဆင္နယ္ပြဲမွာ အာဆင္နယ္ ႏိုင္ပြဲကလြဲလို႔ ဘာမွမျမင္ရပါဘူး။ ၂၀၂၃ ခုႏွစ္ေႏွာင္းပိုင္းတြင္ ဖူလ္ဟမ္ႏွင့္ ဝက္စ္ဟမ္းအသင္းတို႔ကို ဆက္တိုက္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂန္းနားတို႔၏ခ်န္ပီယံဆုဖလားစိန္ေခၚမႈမွာ ပ်က္ျပယ္သြားလိမ့္မည္ဟု ကြၽန္ေတာ္ထင္ခဲ့မိတယ္။ ဒါေပမယ့္ တက္တက္စင္ေအာင္လြဲခဲ့ၿပီး ဂန္းနားတို႔က လုံးဝခမ္းနားခဲ့ၿပီး အေပ်ာ္သေဘာျဖင့္ ဂိုးေတြ သြင္းယူေနလားေတာင္ ထင္ရပါတယ္။

အာဆင္နယ္အသင္းသည္ ေနာက္ပိုင္းပြဲေတြကို ဟန္ခ်က္ညီညီရွိၿပီး မၾကာေသးမီရက္သတၱပတ္မ်ားအတြင္းကပြဲအမ်ားစုမွာလို ေစာစီးစြာဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ ၃ ဂိုးေလာက္ျပတ္သြားမယ္လို႔ ကြၽန္ေတာ္ခန႔္မွန္းခ်င္ပါတယ္။ ဒါက အာဆင္နယ္အေနနဲ႔ ၿပိဳင္ဘက္ေတြကို သြင္းေနၾကႏႈန္းပါ။
ခန႔္မွန္းခ်က္ ရွဖီးယူႏိုက္တက္ ဝ-၃ အာဆင္နယ္

SportsA2Z