La Liga

အသင်း ၃ သင်းကိုပဲ နည်းပြဖို့ ဆုံးဖြတ်ထားတဲ့ ဇီဒန်း

ဇီဒန်းဟာ အရင်တုန်းက နည်းပြရာထူးအတွက် လက်ခံစကားပြောမယ့် အသင်း ၃ သင်းကို သတ်မှတ်ထားတယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ဂရောက်ဗ်ဆင်ကို ပြောပြခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် နည်းပြဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ဒုတိယအကြိမ် စွန့်ခွာပြီးနောက်ပိုင်းကတည်းက နည်းပြအလုပ်ကို လုပ်ကိုင်ခြင်းမရှိတော့သူဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းအဆင့်မှာပါ အသင်းအများအပြားနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက ဇီဒန်းဟာ အယ်လ်ဂျီးရီးယားလက်ရွေးစင်အသင်းကို နည်းပြခွင့်ကို ငြင်းပယ်ခဲ့ပြီး ဘယ်လ်မာဒီနေရာမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့မှုကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့ပုံပေါ်ပေမယ့်လည်း လက်မခံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ပြင်သစ်သတင်းစာ Foot Mercato က မန်ချက်စတာယူနိုက်တက်ရှယ်ယာရှင် ဆာဂျင်မ် ရက်ကလစ်ဖ်က ဇီဒန်းကို အဲရစ် တန်ဟက်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ချင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ INEOS စီအီးအိုဖြစ်တဲ့ ဂျင်း-ကလောက် ဘလန့်စ်က ဇီဒန်းကို ဟိုးအရင်ကတည်းက သဘောကျနှစ်သက်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီမှာ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းကလည်း ပြင်သစ်လူမျိုးနည်းပြကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတာဖြစ်ပါတယ်။

ဒါကြောင့် ဇီဒန်းအနေနဲ့ ဘယ်အသင်းကို ကိုင်တွယ်သွားမှာလဲဆိုတဲ့ ကောလာဟလတွေက ဆက်လက် ထွက်ပေါ်နေချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း သောမတ်စ် ဂရောက်ဗ်ဆင်က ပြင်သစ်လူမျိုးနည်းပြရဲ့ စိတ်ထဲမှာ ဘာတွေရှိလဲဆိုတာကို စိတ်ဝင်စားဖွယ် ပြောပြခဲ့ပါတယ်။

ဂရောက်ဗ်ဆင်က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဇီဒန်းနဲ့ စကားပြောခဲ့တဲ့အကြောင်းကို ပြန်ပြောပြခဲ့ပြီး “ကျွန်တော် ပြီးခဲ့တဲ့ ၂ နှစ်တုန်းက ဇီဒန်းနဲ့ မက်ဒရစ်မှာ စကားပြောခဲ့တယ်။ သူက သူ လက်ခံချင်တဲ့ နည်းပြရာထူးက ၃ ခုပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအသင်းတွေက မာဆေးလ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ်လက်ရွေးစင်အသင်းတွေပါ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မက်ဒရစ်မှာ ရှိနေခဲ့ကြပြီး အဲဒီအတိုင်း အတိအကျသူပြောခဲ့တာပါ။ ကျွန်တော်တောင်မှ ရီးရဲလ်မက်ဒရစ်ကို ထပ်ပြီးတော့ နည်းပြချင်နေတုန်းလားလို့ မေးခဲ့ပါတယ်။ သူက ၃ ကြိမ်အထိ နည်းပြဖို့က မဖြစ်နိုင်လောက်ဘူးလို့ ပြောခဲ့ပါတယ်။”

ဂရောက်ဗ်ဆင်က မကြာသေးမီက သတင်းတွေထွက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို ဇီဒန်း လက်ခံနိုင်လားဆိုတာကိုလည်း မှတ်ချက်ပေးခဲ့ပါသေးတယ်။

“သူ မက်ဒရစ်မှာ ပိုင်ဆိုင်ခဲ့တဲ့အသင်းက ထူးခြားဆန်းကြယ်တယ်လို့ ကျွန်တော် ပြောရလိမ့်မယ်။ သူက အစကနေ ကြိုတင်ပြင်ဆင်ခဲ့တယ်။ မန်ယူနိုက်တက်အခြေအနေကျတော့ မတူဘူး။ တန်ဟက် အခု ပိုင်ဆိုင်ထားတဲ့အသင်းနဲ့ တစ်ခုခုလုပ်ပြဖို့က အရမ်းကို ခက်ခဲပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇီဒန္းဟာ အရင္တုန္းက နည္းျပရာထူးအတြက္ လက္ခံစကားေျပာမယ့္ အသင္း ၃ သင္းကို သတ္မွတ္ထားတယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ဂေရာက္ဗ္ဆင္ကို ေျပာျပခဲ့ပါတယ္။

အသက္ ၅၁ ႏွစ္အ႐ြယ္ နည္းျပဟာ ၂၀၂၁ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ဒုတိယအႀကိမ္ စြန႔္ခြာၿပီးေနာက္ပိုင္းကတည္းက နည္းျပအလုပ္ကို လုပ္ကိုင္ျခင္းမရွိေတာ့သူျဖစ္ၿပီး လက္ေ႐ြးစင္အသင္းနဲ႔ ကလပ္အသင္းအဆင့္မွာပါ အသင္းအမ်ားအျပားနဲ႔ သတင္းေတြ ဆက္တိုက္ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

မၾကာေသးမီက ဇီဒန္းဟာ အယ္လ္ဂ်ီးရီးယားလက္ေ႐ြးစင္အသင္းကို နည္းျပခြင့္ကို ျငင္းပယ္ခဲ့ၿပီး ဘယ္လ္မာဒီေနရာမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့မႈေၾကာင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့ပုံေပၚေပမယ့္လည္း လက္မခံခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ ျပင္သစ္သတင္းစာ Foot Mercato က မန္ခ်က္စတာယူႏိုက္တက္ရွယ္ယာရွင္ ဆာဂ်င္မ္ ရက္ကလစ္ဖ္က ဇီဒန္းကို အဲရစ္ တန္ဟက္ရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ အစားထိုးခန႔္အပ္ခ်င္ေနတယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ INEOS စီအီးအိုျဖစ္တဲ့ ဂ်င္း-ကေလာက္ ဘလန႔္စ္က ဇီဒန္းကို ဟိုးအရင္ကတည္းက သေဘာက်ႏွစ္သက္ခဲ့သူျဖစ္ၿပီး ပီအက္စ္ဂ်ီမွာ တာဝန္ယူခဲ့ရတဲ့အခ်ိန္တုန္းကလည္း ျပင္သစ္လူမ်ိဳးနည္းျပကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးတာျဖစ္ပါတယ္။

ဒါေၾကာင့္ ဇီဒန္းအေနနဲ႔ ဘယ္အသင္းကို ကိုင္တြယ္သြားမွာလဲဆိုတဲ့ ေကာလာဟလေတြက ဆက္လက္ ထြက္ေပၚေနခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ေသာမတ္စ္ ဂေရာက္ဗ္ဆင္က ျပင္သစ္လူမ်ိဳးနည္းျပရဲ႕ စိတ္ထဲမွာ ဘာေတြရွိလဲဆိုတာကို စိတ္ဝင္စားဖြယ္ ေျပာျပခဲ့ပါတယ္။

ဂေရာက္ဗ္ဆင္က လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက ဇီဒန္းနဲ႔ စကားေျပာခဲ့တဲ့အေၾကာင္းကို ျပန္ေျပာျပခဲ့ၿပီး “ကြၽန္ေတာ္ ၿပီးခဲ့တဲ့ ၂ ႏွစ္တုန္းက ဇီဒန္းနဲ႔ မက္ဒရစ္မွာ စကားေျပာခဲ့တယ္။ သူက သူ လက္ခံခ်င္တဲ့ နည္းျပရာထူးက ၃ ခုပဲ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒီအသင္းေတြက မာေဆးလ္၊ ရီးရဲလ္မက္ဒရစ္နဲ႔ ျပင္သစ္လက္ေ႐ြးစင္အသင္းေတြပါ။ ကြၽန္ေတာ္တို႔က လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက မက္ဒရစ္မွာ ရွိေနခဲ့ၾကၿပီး အဲဒီအတိုင္း အတိအက်သူေျပာခဲ့တာပါ။ ကြၽန္ေတာ္ေတာင္မွ ရီးရဲလ္မက္ဒရစ္ကို ထပ္ၿပီးေတာ့ နည္းျပခ်င္ေနတုန္းလားလို႔ ေမးခဲ့ပါတယ္။ သူက ၃ ႀကိမ္အထိ နည္းျပဖို႔က မျဖစ္ႏိုင္ေလာက္ဘူးလို႔ ေျပာခဲ့ပါတယ္။”

ဂေရာက္ဗ္ဆင္က မၾကာေသးမီက သတင္းေတြထြက္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နည္းျပရာထူးကို ဇီဒန္း လက္ခံႏိုင္လားဆိုတာကိုလည္း မွတ္ခ်က္ေပးခဲ့ပါေသးတယ္။

“သူ မက္ဒရစ္မွာ ပိုင္ဆိုင္ခဲ့တဲ့အသင္းက ထူးျခားဆန္းၾကယ္တယ္လို႔ ကြၽန္ေတာ္ ေျပာရလိမ့္မယ္။ သူက အစကေန ႀကိဳတင္ျပင္ဆင္ခဲ့တယ္။ မန္ယူႏိုက္တက္အေျခအေနက်ေတာ့ မတူဘူး။ တန္ဟက္ အခု ပိုင္ဆိုင္ထားတဲ့အသင္းနဲ႔ တစ္ခုခုလုပ္ျပဖို႔က အရမ္းကို ခက္ခဲပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.