La Liga

ဆီမြွန်နီရဲ့အက်သလက်တီကို ကို အနိုင်ယူပြီး ကိုပါဒယ်ရေး ဗိုလ်လုပွဲတက်ခဲ့တဲ့ ဘီလ်ဘာအို

အက်သလက်တစ် ဘီလ်ဘာအိုဟာ ကြာသပတေးနေ့ညမှာ အက်သလက်တစ်ဘီလ်ဘာအိုကို သက်တောင့်သက်သာအနိုင်ယူပြီး ဧပြီလ ၆ ရက်နေ့မှာ မာယော့ကာနဲ့ ကစားရမယ့် ကိုပါဒယ်ရေးဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့က ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ အလက်ဟန်းဒရိုး ဘီရန်ဂူယာရဲ့ ပထမပိုင်းပင်နယ်တီကြောင့် အက်သလက်တစ် ဘီလ်ဘာအိုကို ၁-၀ နဲ့ အဝေးကွင်းနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ အက်သလက်တစ် ဘီလ်ဘာအိုဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ် ၁၃ မိနစ်မှာပဲ နီကို ဝီလီယံစ်က အီနာကီ ဝီလီယံစ်အတွက် ဂိုးဖန်တီးပေးခဲ့ပြီး ဦးဆောင်ဂိုး စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တစ် ဘီလ်ဘာအိုကြယ်ပွင့် ၂ ဦးဟာ ဒုတိယဂိုးအတွက် နောက်ထပ်တစ်ကြိမ် ပေါင်းစပ်ကစားခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ နီကို ဝီလီယံစ်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း ၆၁ မိနစ်မှာ ဂူရူဇီတာက အက်သလက်တစ် ဘီလ်ဘာအိုကို ၂ ကျော့ပေါင်း ၄-၀ နဲ့ အနိုင်ရရှိစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဒုတိယအကျော့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ဆန် မာမီးစ်က ပရိသတ်ပေါင်း ၅၂၀၆၁ ဦးရှေ့မှာ ကစားခဲ့တာဖြစ်ပါတယ်။

အက်သလက်တစ် ဘီလ်ဘာအို အသင်းသမိုင်းတလျှောက် ပရိသတ် တက်ရောက်ကြည့်ရှုမှု အများဆုံးပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပြီး ပွဲကြည့်စင်မှာ ကျန်းမာရေး အရေးပေါ်ကိစ္စဖြစ်ခဲ့တာကြောင့် ဒုတိယပိုင်း ပြန်စဖို့ နှောင့်နှေးခဲ့တာဖြစ်ပါတယ်။ ကိုပါဒယ်ရေးဗိုလ်လုပွဲဟာ ဆီးဗီးက လာ ကာတူဂျာကွင်းမှာ ကစားသွားမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းကတော့ ၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်အုပ်စုအဆင့်ကို ဝင်ခွင့် ရရှိသွားမှာ ဖြစ်ပါတယ်။

မာယော်ကာဟာ ၁၉၉၁ နဲ့ ၁၉၉၈ ခုနှစ် ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ ကိုပါဒယ်ရေးဖလားကို အနိုင်ရခဲ့ပြီး ရီးရဲလ် ဆိုစီဒက်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္သလက္တစ္ ဘီလ္ဘာအိုဟာ ၾကာသပေတးေန႔ညမွာ အက္သလက္တစ္ဘီလ္ဘာအိုကို သက္ေတာင့္သက္သာအႏိုင္ယူၿပီး ဧၿပီလ ၆ ရက္ေန႔မွာ မာေယာ့ကာနဲ႔ ကစားရမယ့္ ကိုပါဒယ္ေရးဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ ၇ ရက္ေန႔က ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ အလက္ဟန္းဒ႐ိုး ဘီရန္ဂူယာရဲ႕ ပထမပိုင္းပင္နယ္တီေၾကာင့္ အက္သလက္တစ္ ဘီလ္ဘာအိုကို ၁-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။ အက္သလက္တစ္ ဘီလ္ဘာအိုဟာ ဒုတိယအေက်ာ့ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ ၁၃ မိနစ္မွာပဲ နီကို ဝီလီယံစ္က အီနာကီ ဝီလီယံစ္အတြက္ ဂိုးဖန္တီးေပးခဲ့ၿပီး ဦးေဆာင္ဂိုး စတင္ရရွိခဲ့တာ ျဖစ္ပါတယ္။

အက္သလက္တစ္ ဘီလ္ဘာအိုၾကယ္ပြင့္ ၂ ဦးဟာ ဒုတိယဂိုးအတြက္ ေနာက္ထပ္တစ္ႀကိမ္ ေပါင္းစပ္ကစားခဲ့ၿပီး ပထမပိုင္းမၿပီးခင္မွာ နီကို ဝီလီယံစ္က ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ပါတယ္။

ဒုတိယပိုင္း ၆၁ မိနစ္မွာ ဂူ႐ူဇီတာက အက္သလက္တစ္ ဘီလ္ဘာအိုကို ၂ ေက်ာ့ေပါင္း ၄-၀ နဲ႔ အႏိုင္ရရွိေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဒုတိယအေက်ာ့ ကိုပါဒယ္ေရး ဆီမီးဖိုင္နယ္ပြဲစဥ္ဟာ ဆန္ မာမီးစ္က ပရိသတ္ေပါင္း ၅၂၀၆၁ ဦးေရွ႕မွာ ကစားခဲ့တာျဖစ္ပါတယ္။

အက္သလက္တစ္ ဘီလ္ဘာအို အသင္းသမိုင္းတေလွ်ာက္ ပရိသတ္ တက္ေရာက္ၾကည့္ရႈမႈ အမ်ားဆုံးပြဲစဥ္ျဖစ္ခဲ့တာျဖစ္ၿပီး ပြဲၾကည့္စင္မွာ က်န္းမာေရး အေရးေပၚကိစၥျဖစ္ခဲ့တာေၾကာင့္ ဒုတိယပိုင္း ျပန္စဖို႔ ေႏွာင့္ေႏွးခဲ့တာျဖစ္ပါတယ္။ ကိုပါဒယ္ေရးဗိုလ္လုပြဲဟာ ဆီးဗီးက လာ ကာတူဂ်ာကြင္းမွာ ကစားသြားမွာျဖစ္ၿပီး အႏိုင္ရရွိတဲ့အသင္းကေတာ့ ၂၀၂၄-၂၀၂၅ ရာသီ ယူ႐ိုပါလိဂ္အုပ္စုအဆင့္ကို ဝင္ခြင့္ ရရွိသြားမွာ ျဖစ္ပါတယ္။

မာေယာ္ကာဟာ ၁၉၉၁ နဲ႔ ၁၉၉၈ ခုႏွစ္ ဗိုလ္လုပြဲေတြမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၂၀၀၃ ခုႏွစ္မွာ ကိုပါဒယ္ေရးဖလားကို အႏိုင္ရခဲ့ၿပီး ရီးရဲလ္ ဆိုစီဒက္ကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရခဲ့ၿပီး ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.