Premier League

ကလော့ပ်နဲ့အတူ ရာသီကုန်မှာ အသင်းကထွက်ဖို့ အခြေအနေကြည့်နေတဲ့ ဒီယက်ဇ်

လူးဝစ္စ ဒီယက်ဇ်ဟာ လီဗာပူးလ်က မိုဟာမက် ဆာလားကို စာချုပ်သစ် ချုပ်ဆိုဖို့ စည်းရုံးနိုင်ခဲ့မယ်ဆိုရင် ဒီနွေရာသီမှာ အန်းဖီးကနေ အံ့အားသင့်ဖွယ် ထွက်ခွာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကိုလံဘီယာကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယာဂန် ကလော့ပ်ရဲ့ တိုက်စစ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ရာသီအစမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့တဲ့နောက် ဒီယာက်ဇ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာခဲ့ပေမယ့်လည်း အန်းဖီးက အနာဂတ်ကတော့ မရေမရာဖြစ်နေပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်ရဲ့ အဓိက ဦးစားပေးက ကလော့ပ်နေရာ ဆက်ခံမယ့်သူကို ရှာဖွေဖို့ ဖြစ်ပြီး ဆာလား၊ ဗန်ဒိုက်၊ အာနိုးတို့ရဲ့ အနာဂတ်ကလည်း ထပ်တူထပ်မျှ အရေးကြီးနေတာဖြစ်ပါတယ်။

ဒီကစားသမား ၃ ဦးဟာ စာချုပ်သက်တမ်း ၁၂ လကျော်သာ ကျန်ရှိတော့တာဖြစ်ပြီး ကလော့ပ်ရဲ့ နေရာမှာ အသစ်ရောက်လာတဲ့ နည်းပြသစ်ကလည်း ကြယ်ပွင့်ကစားသမားတွေကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေမှာ သေချာပါတယ်။

ဆာလားရဲ့ တစ်နိုင်ငံတည်းသား စပါးစ်တိုက်စစ်မှူးဟောင်း မီဒိုက ကြာသပတေးနေ့က အသက် ၃၁ နှစ်အရွယ်ကစားသမားဟာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတောင် ရရှိထားပြီးဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်ကလည်း ကလော့ပ် ထွက်ရင် အသင်းကနေ လိုက်ထွက်နိုင်တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဆာလားကို ထိန်းသိမ်းထားဖို့အတွက် ကြီးမားတဲ့ကုန်ကျစရိတ်ရှိလာမှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ စပိန်က စိတ်ဝင်စားမှုတွေ ရရှိထားတဲ့ ဒီယက်ဇ်ကို မဖြစ်မနေ ရောင်းထုတ်ရဖို့ ဖြစ်လာနိုင်ပါတယ်။

ဒီယက်ဇ်ဟာ ကြံ့ခိုင်မှု ပြန်ရလာတဲ့အချိန်ကတည်းက ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အကြီးပိုင်း တာဝန်ရှိသူတွေဟာ ပထမအသင်းထဲ ရောက်လာတဲ့ လူငယ်ကြယ်ပွင့်တွေအပေါ်မှာ အလွန်ယုံကြည်မှု ထားထားတယ်လို့ နားလည်ရပါတယ်။

ဂျေဒန် ဒန်းစ်က ကာရာဘောင်းဗိုလ်လုပွဲမှာ ဝင်ကစားပေးခဲ့ပြီးနောက် ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေပဉ္စမအဆင့်ပွဲမှာ ၂ ဂိုးအထိ သွငး်ယူပေးနိုင်ခဲ့ပြီး ဟာဗီး အဲလီးယော့တ်ကလည်း အသင်းအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူးဝစၥ ဒီယက္ဇ္ဟာ လီဗာပူးလ္က မိုဟာမက္ ဆာလားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ စည္း႐ုံးႏိုင္ခဲ့မယ္ဆိုရင္ ဒီေႏြရာသီမွာ အန္းဖီးကေန အံ့အားသင့္ဖြယ္ ထြက္ခြာဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ကိုလံဘီယာၾကယ္ပြင့္ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကမွ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ယာဂန္ ကေလာ့ပ္ရဲ႕ တိုက္စစ္မွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနခဲ့တာ ျဖစ္ပါတယ္။ ရာသီအစမွာ ေျခစြမ္းသိပ္မျပႏိုင္ခဲ့တဲ့ေနာက္ ဒီယာက္ဇ္ဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိလာခဲ့ေပမယ့္လည္း အန္းဖီးက အနာဂတ္ကေတာ့ မေရမရာျဖစ္ေနၿပီလို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးလ္ရဲ႕ အဓိက ဦးစားေပးက ကေလာ့ပ္ေနရာ ဆက္ခံမယ့္သူကို ရွာေဖြဖို႔ ျဖစ္ၿပီး ဆာလား၊ ဗန္ဒိုက္၊ အာႏိုးတို႔ရဲ႕ အနာဂတ္ကလည္း ထပ္တူထပ္မွ် အေရးႀကီးေနတာျဖစ္ပါတယ္။

ဒီကစားသမား ၃ ဦးဟာ စာခ်ဳပ္သက္တမ္း ၁၂ လေက်ာ္သာ က်န္ရွိေတာ့တာျဖစ္ၿပီး ကေလာ့ပ္ရဲ႕ ေနရာမွာ အသစ္ေရာက္လာတဲ့ နည္းျပသစ္ကလည္း ၾကယ္ပြင့္ကစားသမားေတြကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းထားခ်င္ေနမွာ ေသခ်ာပါတယ္။

ဆာလားရဲ႕ တစ္ႏိုင္ငံတည္းသား စပါးစ္တိုက္စစ္မႉးေဟာင္း မီဒိုက ၾကာသပေတးေန႔က အသက္ ၃၁ ႏွစ္အ႐ြယ္ကစားသမားဟာ ေဆာ္ဒီပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ ကမ္းလွမ္းမႈေတာင္ ရရွိထားၿပီးျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္ကလည္း ကေလာ့ပ္ ထြက္ရင္ အသင္းကေန လိုက္ထြက္ႏိုင္တယ္လို႔ ၿပီးခဲ့တဲ့လမွာ ေျပာဆိုခဲ့တာျဖစ္ၿပီး ဆာလားကို ထိန္းသိမ္းထားဖို႔အတြက္ ႀကီးမားတဲ့ကုန္က်စရိတ္ရွိလာမွာျဖစ္လို႔ လီဗာပူးလ္အေနနဲ႔ စပိန္က စိတ္ဝင္စားမႈေတြ ရရွိထားတဲ့ ဒီယက္ဇ္ကို မျဖစ္မေန ေရာင္းထုတ္ရဖို႔ ျဖစ္လာႏိုင္ပါတယ္။

ဒီယက္ဇ္ဟာ ႀကံ့ခိုင္မႈ ျပန္ရလာတဲ့အခ်ိန္ကတည္းက ပြဲထြက္လူစာရင္းထဲမွာ ပုံမွန္ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အႀကီးပိုင္း တာဝန္ရွိသူေတြဟာ ပထမအသင္းထဲ ေရာက္လာတဲ့ လူငယ္ၾကယ္ပြင့္ေတြအေပၚမွာ အလြန္ယုံၾကည္မႈ ထားထားတယ္လို႔ နားလည္ရပါတယ္။

ေဂ်ဒန္ ဒန္းစ္က ကာရာေဘာင္းဗိုလ္လုပြဲမွာ ဝင္ကစားေပးခဲ့ၿပီးေနာက္ ေဆာက္သမ္တန္ကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအပၪၥမအဆင့္ပြဲမွာ ၂ ဂိုးအထိ သြငး္ယူေပးႏိုင္ခဲ့ၿပီး ဟာဗီး အဲလီးေယာ့တ္ကလည္း အသင္းအတြက္ ပြဲေပါင္း ၁၀၀ ေက်ာ္ ကစားေပးထားၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.