Premier League

ဖာနန်ဒက်စ်ကို တစ်တော့ပေါ်က လှောင်ပြောင်မှုအတွက် တောင်းပန်ဖို့ ဖူလ်ဟမ်ကို တောင်းဆိုခဲ့တဲ့ တန်ဟက်

အဲရစ် တန်ဟက်က ဖူလ်ဟမ်အနေနဲ့ ပြီးခဲ့တဲ့အပတ်က အိုးထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်နဲ့ ရှုံးပွဲအပြီး ဘရူနို ဖာနန်ဒက်စ်ကို လှောင်ပြောင်ခဲ့တဲ့ တစ်တော့ဗီဒီယိုအတွက် တောင်းပန်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့စနေနေ့က ဖူလ်ဟမ်ရဲ့ ၂-၁ နဲ့ အနိုင်ယူခြင်းကို ခံခဲ့ရတာဖြစ်ပြီး အဲလက်စ် အီဝိုဘီက နာကျင်အချိန်ပိုမှာ မာကို ဆေးလ်ဗားရဲ့အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီအပတ်အစောပိုင်းမှာ ဖူလ်ဟမ်က ၎င်းတို့ရဲ့ တစ်တော့အကောင့်မှာ ဗီဒီယိုတင်ခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်က ဒဏ်ရာရရှိသွားခဲ့ပုံပေါ်ခဲ့ပြီး မြက်ခင်းပြင်ပေါ်မှာ လဲကျနေပြီးမှ ပြန်ထပြီး ဘောလုံးတောင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဖူလ်ဟမ်က အဲဒီဗီဒီယိုကို “သူ အဆင်ပြေလို့ ဝမ်းသာပါတယ်”ဆိုတဲ့စာနဲ့အတူ တင်ခဲ့တာဖြစ်ပြီး အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီး တန်ဟက်က ဖူလ်ဟမ်အနေနဲ့ ဒီဗီဒီယိုကို တင်ခွင့်မရှိဘဲ တောင်းပန်စကား ပြောသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဒီဗီဒီယိုနဲ့ပတ်သက်ပြီး ကျွန်တော် မသိပါဘူး။သူတို့တွေ တင်ခဲ့တာဆိုရင်တော့ အဲဒါက တင်ခွင့်မရှိပါဘူး။ လုံးဝကို တင်ခွင့်မရှိပါဘူး။ ဒီလိုမျိုး ထုတ်ပြန်မှုမျိုး လုပ်ဖို့ အခွင့်မရှိပါဘူး။ သူတို့တွေ ဒီအတွက် တောင်းပန်သင့်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္က ဖူလ္ဟမ္အေနနဲ႔ ၿပီးခဲ့တဲ့အပတ္က အိုးထရက္ဖို႔ဒ္မွာ မန္ယူႏိုက္တက္နဲ႔ ရႈံးပြဲအၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကို ေလွာင္ေျပာင္ခဲ့တဲ့ တစ္ေတာ့ဗီဒီယိုအတြက္ ေတာင္းပန္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့စေနေန႔က ဖူလ္ဟမ္ရဲ႕ ၂-၁ နဲ႔ အႏိုင္ယူျခင္းကို ခံခဲ့ရတာျဖစ္ၿပီး အဲလက္စ္ အီဝိုဘီက နာက်င္အခ်ိန္ပိုမွာ မာကို ေဆးလ္ဗားရဲ႕အသင္းအတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒီအပတ္အေစာပိုင္းမွာ ဖူလ္ဟမ္က ၎တို႔ရဲ႕ တစ္ေတာ့အေကာင့္မွာ ဗီဒီယိုတင္ခဲ့တာျဖစ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ဒဏ္ရာရရွိသြားခဲ့ပုံေပၚခဲ့ၿပီး ျမက္ခင္းျပင္ေပၚမွာ လဲက်ေနၿပီးမွ ျပန္ထၿပီး ေဘာလုံးေတာင္းခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဖူလ္ဟမ္က အဲဒီဗီဒီယိုကို “သူ အဆင္ေျပလို႔ ဝမ္းသာပါတယ္”ဆိုတဲ့စာနဲ႔အတူ တင္ခဲ့တာျဖစ္ၿပီး အဲဒီဗီဒီယိုနဲ႔ပတ္သက္ၿပီး တန္ဟက္က ဖူလ္ဟမ္အေနနဲ႔ ဒီဗီဒီယိုကို တင္ခြင့္မရွိဘဲ ေတာင္းပန္စကား ေျပာသင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဒီဗီဒီယိုနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ မသိပါဘူး။သူတို႔ေတြ တင္ခဲ့တာဆိုရင္ေတာ့ အဲဒါက တင္ခြင့္မရွိပါဘူး။ လုံးဝကို တင္ခြင့္မရွိပါဘူး။ ဒီလိုမ်ိဳး ထုတ္ျပန္မႈမ်ိဳး လုပ္ဖို႔ အခြင့္မရွိပါဘူး။ သူတို႔ေတြ ဒီအတြက္ ေတာင္းပန္သင့္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.