La Liga Match Report

ဆာဗီယိုရဲ့အချိန်ပို ၂ ဂိုးနဲ့ တစ်ယောက်လျော့ဗယ်လက်ကာနိုကို ဂိုးပြတ်အနိုင်ယူတဲ့ ဂီရိုနာ

ဂီရိုနာဟာ တနင်္လာနေ့ညက ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ ပွဲမှာ ဆာဗီယိုရဲ့ အချိန်ပို နောက်ကျသွင်းဂိုး ၂ ဂိုးနဲ့အတူ မိုးထဲရေထဲမှာ ၃-၀ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂီရိုနာဟာ လက်ရှိမှာ ရမှတ် ၅၉ မှတ်နဲ့ ဇယားထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်နဲ့ ၆ မှတ်အကွာ၊ တတိယနေရာက ဘာစီလိုနာထက် ၂ မှတ်အသာမှာ ရပ်တည်နေပြီး ဗယ်လက်ကာနိုကို ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုစွတ်နေတဲ့ ကွင်းမျက်နှာပြင်အနေအထားရ ဂိုးပေါက်ရှာတွေ့ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဂီရိုနာအတွက် အဖွင့်ဂိုးကို ၅၂ မိနစ်မှာ ယူကရိန်းကြယ်ပွင့် ဆီဂန်ကော့ဗ်က သွင်းယူပေးသွားခဲ့ပြီး ဧည့်သည်တွေဟာ ပပ် ချာဗားရီးယားက ၇၆ မိနစ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ဆာဗီယိုဟာ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှာ ကတ်တလန်အသင်းအတွက် ၄ မိနစ်အတွင်းမှာ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် နောက်ထပ် ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂီ႐ိုနာဟာ တနလၤာေန႔ညက ကစားခဲ့တဲ့ ဗယ္လက္ကာႏိုနဲ႔ ပြဲမွာ ဆာဗီယိုရဲ႕ အခ်ိန္ပို ေနာက္က်သြင္းဂိုး ၂ ဂိုးနဲ႔အတူ မိုးထဲေရထဲမွာ ၃-၀ နဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယား ဒုတိယေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဂီ႐ိုနာဟာ လက္ရွိမွာ ရမွတ္ ၅၉ မွတ္နဲ႔ ဇယားထိပ္ဆုံးက ရီးရဲလ္မက္ဒရစ္နဲ႔ ၆ မွတ္အကြာ၊ တတိယေနရာက ဘာစီလိုနာထက္ ၂ မွတ္အသာမွာ ရပ္တည္ေနၿပီး ဗယ္လက္ကာႏိုကို ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ စိုစြတ္ေနတဲ့ ကြင္းမ်က္ႏွာျပင္အေနအထားရ ဂိုးေပါက္ရွာေတြ႕ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ဂီ႐ိုနာအတြက္ အဖြင့္ဂိုးကို ၅၂ မိနစ္မွာ ယူကရိန္းၾကယ္ပြင့္ ဆီဂန္ေကာ့ဗ္က သြင္းယူေပးသြားခဲ့ၿပီး ဧည့္သည္ေတြဟာ ပပ္ ခ်ာဗားရီးယားက ၇၆ မိနစ္မွာ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။

ဆာဗီယိုဟာ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွာ ကတ္တလန္အသင္းအတြက္ ၄ မိနစ္အတြင္းမွာ လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္ကေနတဆင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ၂ ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.