Premier League

ဘောလုံးမကန်တော့ရင်တောင် တစ်သက်စားမကုန်အောင် ချမ်းသာနေပြီဖြစ်တဲ့ ဂန်းနားကြယ်ပွင့်ဟောင်း

လူးကပ်စ် ပိုဒေါလ်စကီးဟာ အသက် ၃၈ နှစ်အရွယ်မှာ အံ့အားသင့်ဖွယ် သွင်းဂိုးကို သွင်းယူနိုင်ဆဲဖြစ်ပေမယ့်လည်း အဲဒီလိုမလုပ်နိုင်ရင်လည်း ပြဿနာမရှိတဲ့အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ လက်ရှိမှာ မွေးရပ်မြေ ပိုလန်က ဂေါ်နစ် ဇာဘရီအသင်းအတွက် ပြန်ကစားပေးနေပြီး ၇၇ ပွဲမှာ သွင်းဂိုး ၂၀ အထိ အထင်ကြီးဖွယ် သွင်းယူပေးထားတာ ဖြစ်ပါတယ်။

ကွင်းပြင်ပမှာလည်း စီးပွားရေးလုပ်ငန်းတွေကနေ ခန့်မှန်းခြေ ပေါင်သန်း ၁၈၀ လောက် ရရှိနေပြီး ပိုဒေါလ်စကီးဟာ အင်္ဂလန်၊ ဂျာမနီ၊ တူရကီနဲ့ ဂျပန်တို့မှာ ဆုဖလားတွေ ရရှိခဲ့သလို အင်တာမီလန်လို စီးရီးအေထိပ်သီးအသင်းကြီးအတွက်လည်း ကစားပေးခဲ့ဖူးတာစြဖ်ပါတယ်။

ဂျာမန်ကြယ်ပွင့်ကစားသမားဘဝဟာ ၂၀၂၄ ခုနှစ်မှာ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရရှိခဲ့တာက အကြီးမားဆုံးအောင်မြင်မှုဖြစ်ခဲ့ပြီး ကလေးဘဝမှာ ပိုလန်ကနေ ဂျာမနီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကိုလုံးအသင်းရဲ့ မွေးစားခြင်းကို ခံခဲ့ရပါတယ်။

ပိုဒေါလ်စကီးဟာ အခုအထိ ကိုလုံးတစ်မြို့လုံးရဲ့ အချစ်တော်အဖြစ် ကွင်းတွင်းမှာမှာ ကွင်းပြင်ပမှာပါ ရှိနေဆဲဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာ အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ ပိုဒေါလ်စကီးဟာ ကိုလုံးမြို့မှာ အဝတ်အထည်ဆိုင်တွေနဲ့ အိုက်စ်ခရင်ယူနိုက်တက်လို့ အမည်ရတဲ့ အသင့်စားအစားအစာဆိုင်တွေ ဖွင့်လှစ်ခဲ့ပေမယ့်လည်း ၂၀၁၈ ခုနှစ်မှာတော့ အကြီးမားဆုံး အောင်မြင်မှု ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်၊ အင်တာ၊ ဂလာတာဆာရေးတို့မှာ ကစားခဲ့ပြီး ဂျပန်မှာ ဗစ်ဆယ် ကိုဘေးအတွက် ကစားပေးခဲ့ရာကနေ ပြန်ရောက်လာပြီးနောက် ပိုဒေါလ်စကီးဟာ ကိုလုံးမြို့မှာ သူ အဖွင့်ချင်ဆုံးဖြစ်တဲ့ ကဘတ်(Kebab)ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ပရိသတ်တွေဟာ ကိုလုံးကြယ်ပွင့်နဲ့ ဓာတ်ပုံတွဲရိုက်ဖို့အတွက် လူဦးရေရာချီနေတဲ့ လူတန်းတွေထဲမှာ နေ့စဉ်တန်းစီခဲ့ကြပြီး ပိုဒေါလ်စကီးရဲ့ Mangal Doner Kebab ဆိုင်ဟာ ဒီနေ့အထိ လက်မလည်အောင် ရောင်းချနေရတာဖြစ်ပါတယ်။

ကဘတ်ဆိုင်ဖွင့်ပွဲမှာ ပိုဒေါလ်စကီးက “ခင်ဗျား ငယ်ရွယ်တုန်းမှာ ဒိုနာကဘတ်ကို စားပါ။ ခင်ဗျား ကစားနေတုန်းမှာရော၊ ကစားတာ ပြီးဆုံးသွားတဲ့အချိန်မှာပါ စားပါ။ အဲဒါက ပြီးပြည့်စုံတဲ့အဖြေပဲ။ အကြံအစည်တွေက သူ့ဘာသာရောက်လာတာပါ။ ကျွန်တော် အခုအချိန်အထိ ဘာစီးပွားရေးပလန်မှတောင် ရှိမနေပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပိုဒေါလ်စကီးဟာ စားသောက်ဆိုင်ခွဲတွေ ဆိုင် ၃၀ အထိ ဖွင့်လှစ်ထားပြီး ဂီတပွဲတော်တွေ၊ အားကစားစ်တင်တွေနဲ့ ဂန္တဝင်ကစားသမားတွေ ပါဝင်ကစားတဲ့ ကိုယ်ပိုင်ဘောလုံးပြိုင်ပွဲတောင် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒါအပြင် ပိုဒေါလ်စကီးဟာ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ၃ နှစ်အတွင်း တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်းနဲ့ လစာအမြင့်မားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့က ပိုလန်လိဂ်မှာ ကမ္ဘာ့အဆင့်ခြေစွမ်းပိုင်ဆိုင်ထားဆဲဆိုတာကို အံ့အားသင့်ဖွယ် အဝေးကန်ချက်နဲ့ သွင်းယူပြခဲ့သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူးကပ္စ္ ပိုေဒါလ္စကီးဟာ အသက္ ၃၈ ႏွစ္အ႐ြယ္မွာ အံ့အားသင့္ဖြယ္ သြင္းဂိုးကို သြင္းယူႏိုင္ဆဲျဖစ္ေပမယ့္လည္း အဲဒီလိုမလုပ္ႏိုင္ရင္လည္း ျပႆနာမရွိတဲ့အေနအထားမွာ ရွိေနၿပီျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ လက္ရွိမွာ ေမြးရပ္ေျမ ပိုလန္က ေဂၚနစ္ ဇာဘရီအသင္းအတြက္ ျပန္ကစားေပးေနၿပီး ၇၇ ပြဲမွာ သြင္းဂိုး ၂၀ အထိ အထင္ႀကီးဖြယ္ သြင္းယူေပးထားတာ ျဖစ္ပါတယ္။

ကြင္းျပင္ပမွာလည္း စီးပြားေရးလုပ္ငန္းေတြကေန ခန႔္မွန္းေျခ ေပါင္သန္း ၁၈၀ ေလာက္ ရရွိေနၿပီး ပိုေဒါလ္စကီးဟာ အဂၤလန္၊ ဂ်ာမနီ၊ တူရကီနဲ႔ ဂ်ပန္တို႔မွာ ဆုဖလားေတြ ရရွိခဲ့သလို အင္တာမီလန္လို စီးရီးေအထိပ္သီးအသင္းႀကီးအတြက္လည္း ကစားေပးခဲ့ဖူးတာျစဖ္ပါတယ္။

ဂ်ာမန္ၾကယ္ပြင့္ကစားသမားဘဝဟာ ၂၀၂၄ ခုႏွစ္မွာ ဂ်ာမနီလက္ေ႐ြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလားရရွိခဲ့တာက အႀကီးမားဆုံးေအာင္ျမင္မႈျဖစ္ခဲ့ၿပီး ကေလးဘဝမွာ ပိုလန္ကေန ဂ်ာမနီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ကိုလုံးအသင္းရဲ႕ ေမြးစားျခင္းကို ခံခဲ့ရပါတယ္။

ပိုေဒါလ္စကီးဟာ အခုအထိ ကိုလုံးတစ္ၿမိဳ႕လုံးရဲ႕ အခ်စ္ေတာ္အျဖစ္ ကြင္းတြင္းမွာမွာ ကြင္းျပင္ပမွာပါ ရွိေနဆဲျဖစ္ၿပီး ၂၀၀၆ ခုႏွစ္မွာ ဘိုင္ယန္ကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ ၂၀၀၉ ခုႏွစ္မွာ အိမ္ကို ျပန္လာခဲ့တာျဖစ္ပါတယ္။ ပိုေဒါလ္စကီးဟာ ကိုလုံးၿမိဳ႕မွာ အဝတ္အထည္ဆိုင္ေတြနဲ႔ အိုက္စ္ခရင္ယူႏိုက္တက္လို႔ အမည္ရတဲ့ အသင့္စားအစားအစာဆိုင္ေတြ ဖြင့္လွစ္ခဲ့ေပမယ့္လည္း ၂၀၁၈ ခုႏွစ္မွာေတာ့ အႀကီးမားဆုံး ေအာင္ျမင္မႈ ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္၊ အင္တာ၊ ဂလာတာဆာေရးတို႔မွာ ကစားခဲ့ၿပီး ဂ်ပန္မွာ ဗစ္ဆယ္ ကိုေဘးအတြက္ ကစားေပးခဲ့ရာကေန ျပန္ေရာက္လာၿပီးေနာက္ ပိုေဒါလ္စကီးဟာ ကိုလုံးၿမိဳ႕မွာ သူ အဖြင့္ခ်င္ဆုံးျဖစ္တဲ့ ကဘတ္(Kebab)ဆိုင္ကို ဖြင့္လွစ္ခဲ့ပါတယ္။ ပရိသတ္ေတြဟာ ကိုလုံးၾကယ္ပြင့္နဲ႔ ဓာတ္ပုံတြဲ႐ိုက္ဖို႔အတြက္ လူဦးေရရာခ်ီေနတဲ့ လူတန္းေတြထဲမွာ ေန႔စဥ္တန္းစီခဲ့ၾကၿပီး ပိုေဒါလ္စကီးရဲ႕ Mangal Doner Kebab ဆိုင္ဟာ ဒီေန႔အထိ လက္မလည္ေအာင္ ေရာင္းခ်ေနရတာျဖစ္ပါတယ္။

ကဘတ္ဆိုင္ဖြင့္ပြဲမွာ ပိုေဒါလ္စကီးက “ခင္ဗ်ား ငယ္႐ြယ္တုန္းမွာ ဒိုနာကဘတ္ကို စားပါ။ ခင္ဗ်ား ကစားေနတုန္းမွာေရာ၊ ကစားတာ ၿပီးဆုံးသြားတဲ့အခ်ိန္မွာပါ စားပါ။ အဲဒါက ၿပီးျပည့္စုံတဲ့အေျဖပဲ။ အႀကံအစည္ေတြက သူ႔ဘာသာေရာက္လာတာပါ။ ကြၽန္ေတာ္ အခုအခ်ိန္အထိ ဘာစီးပြားေရးပလန္မွေတာင္ ရွိမေနပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ပိုေဒါလ္စကီးဟာ စားေသာက္ဆိုင္ခြဲေတြ ဆိုင္ ၃၀ အထိ ဖြင့္လွစ္ထားၿပီး ဂီတပြဲေတာ္ေတြ၊ အားကစားစ္တင္ေတြနဲ႔ ဂႏၲဝင္ကစားသမားေတြ ပါဝင္ကစားတဲ့ ကိုယ္ပိုင္ေဘာလုံးၿပိဳင္ပြဲေတာင္ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

ဒါအျပင္ ပိုေဒါလ္စကီးဟာ အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ၃ ႏွစ္အတြင္း တစ္ပတ္လုပ္ခလစာ ေပါင္ ၁ သိန္းနဲ႔ လစာအျမင့္မားဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔က ပိုလန္လိဂ္မွာ ကမာၻ႔အဆင့္ေျခစြမ္းပိုင္ဆိုင္ထားဆဲဆိုတာကို အံ့အားသင့္ဖြယ္ အေဝးကန္ခ်က္နဲ႔ သြင္းယူျပခဲ့ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.