Premier League

စျေးကြီးပေးထားရပြီး မင်းလုပ်တတ်တာ ဒါအကုန်ပဲလားလို့ အပြောခံခဲ့ရတဲ့ အန်တိုနီ

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားက ဗုဒ္ဓဟူးနေ့ညက နော်တင်ဟမ်ဖောရက်စ်ကို မန်ယူနိုက်တက် ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အတွင်း အန်တိုနီကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ကက်စမီရိုဟာ ၈၉ မိနစ်မှာ မန်ချက်စတာယူနိုက်တက်ကို ကွာတားဖိုင်နယ်အဆင့် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက ပြီးခဲ့တဲ့ရာသီတုန်းက ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီက အက်ဖ်အေဖလားဟာ မန်ချက်စတာယူနိုက်တက်အတွက် ဒီရာသီမှာ ရနိုင်တဲ့ တစ်လုံးတည်းသော အဓိကဆုဖလားဖြစ်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖောရက်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲက ခြေစွမ်းဟာ အားရစရာမရှိခဲ့ဘဲ နယူးကာဆယ်ဂန္တဝင် အလန် ရှီးယားက ၇၃ မိနစ်မှာ လူစားလဲလှယ်ခြင်းခံခဲ့ရပြီးနောက် စိတ်ပျက်လက်ပျက် အမူအရာမျိုး ထပ်မံပြသခဲ့တဲ့ အန်တိုနီကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

“သူ လူစားလဲခံခဲ့ရလို့ စိတ်ပျက်နိုင်ပါတယ်။ ဒါပေမယ့် သူ ဒီည ကွင်းထဲမှာ ဆက်ရှိနေဖို့အတွက် လုံလောက်တယ်ဆိုတဲ့နားလောက် ရောက်အောင်တောင် ဘယ်နေရာမှာမှ ဘာမှမလုပ်နိုင်ခဲ့ဘူး။ ထူးမခြားနားပါပဲ။ အထဲကို ချိုးဝင်မယ်။ တစ်ယောက်ယောက် ပေးရင်ပေး ဒါမှမဟုတ်ရင် လှမ်းကန်မယ်။ ခင်ဗျားအတွက် ဒီလောက် ပိုက်ဆံအများကြီး ပေးထားရတဲ့အခါမှာ အဲဒါလေး လုပ်နိုင်ရုံလောက်နဲ့ မလုံလောက်ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး အလန္ ရွီးယားက ဗုဒၶဟူးေန႔ညက ေနာ္တင္ဟမ္ေဖာရက္စ္ကို မန္ယူႏိုက္တက္ ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္အတြင္း အန္တိုနီကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ကက္စမီ႐ိုဟာ ၈၉ မိနစ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ကြာတားဖိုင္နယ္အဆင့္ ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး တန္ဟက္ရဲ႕အသင္းက ၿပီးခဲ့တဲ့ရာသီတုန္းက ဗိုလ္လုပြဲတက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီက အက္ဖ္ေအဖလားဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဒီရာသီမွာ ရႏိုင္တဲ့ တစ္လုံးတည္းေသာ အဓိကဆုဖလားျဖစ္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဖာရက္စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲက ေျခစြမ္းဟာ အားရစရာမရွိခဲ့ဘဲ နယူးကာဆယ္ဂႏၲဝင္ အလန္ ရွီးယားက ၇၃ မိနစ္မွာ လူစားလဲလွယ္ျခင္းခံခဲ့ရၿပီးေနာက္ စိတ္ပ်က္လက္ပ်က္ အမူအရာမ်ိဳး ထပ္မံျပသခဲ့တဲ့ အန္တိုနီကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ပါတယ္။

“သူ လူစားလဲခံခဲ့ရလို႔ စိတ္ပ်က္ႏိုင္ပါတယ္။ ဒါေပမယ့္ သူ ဒီည ကြင္းထဲမွာ ဆက္ရွိေနဖို႔အတြက္ လုံေလာက္တယ္ဆိုတဲ့နားေလာက္ ေရာက္ေအာင္ေတာင္ ဘယ္ေနရာမွာမွ ဘာမွမလုပ္ႏိုင္ခဲ့ဘူး။ ထူးမျခားနားပါပဲ။ အထဲကို ခ်ိဳးဝင္မယ္။ တစ္ေယာက္ေယာက္ ေပးရင္ေပး ဒါမွမဟုတ္ရင္ လွမ္းကန္မယ္။ ခင္ဗ်ားအတြက္ ဒီေလာက္ ပိုက္ဆံအမ်ားႀကီး ေပးထားရတဲ့အခါမွာ အဲဒါေလး လုပ္ႏိုင္႐ုံေလာက္နဲ႔ မလုံေလာက္ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.