Premier League

ဂိုးရအောင်သွင်းမယ်ဆိုတဲ့ စိတ်နဲ့ ဝင်ကစားခဲ့တဲ့ ဂျေဒန် ဒန်းစ်

ဂျေဒန် ဒန်းစ်ဟာ ဗုဒ္ဓဟူးနေ့ညက ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် တောက်ပနိုင်ခဲ့ပြီးနောက် လီဗာပူးလ်ရဲ့အက်ဖ်အေသူရဲကောင်းဖြစ်ခဲ့တာက အိပ်မက်ကမ္ဘာထဲ ရောက်နေခဲ့သလိုပဲလို့ ခံစားနေရပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းက တနင်္ဂနွေနေ့ကမှ ကာရာဘောင်းဖလားကို ကိုင်မြှောက်ထားနိုင်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ ချန်ပီယံရှစ်က ပြိုင်ဘက်တွေကို ၃ ဂိုးပြတ် အနိုင်ယူခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ကူးမက်စ်က အန်းဖီးမှာ လီဗာပူးလ်တို့ ဦးဆောင်နိုင်စေမယ့် သွင်းဂိုးကို ပထမပိုင်း ပြီးဆုံးခါနီးမှာ သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ ဂျေဒန် ဒန်းစ်က နောက်ထပ် ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီထက်ပိုပြီး မပျော်နိုင်တော့ဘူး။ ဒီနေ့ကကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့ပဲ။ ကျွန်တော် ကလေးဘဝကတည်းက လီဗာပူးလ်ပွဲတွေ ကြည့်ခဲ့ပြီး အန်းဖီးမှာ ဂိုးသွင်းယူဖို့က အိပ်မက်တစ်ခုထက်တောင် ပိုပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး မပျော်နိုင်တော့ပါဘူး။ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ကျွန်တော် ဂိုးသွင်းဖို့ အခွင့်အရေးတော်တော်များများ ရခဲ့တယ်။ အဲဒီတော့ ဒီနေ့မှာ ကျွန်တော် ဒီတစ်ခါတော့ ရအောင်သွင်းမယ်ဆိုတဲ့ အတွေးနဲ့ ဝင်ကစားခဲ့တာပါ။ ကျွန်တော် လီဗာပူးလ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံရတဲ့ခံစားချက်က ဘယ်လိုလဲဆိုတာ စကားလုံးနဲ့တောင် မဖော်ပြနိုင်ပါဘူး။ အိပ်မက်တွေက တကယ်ဖြစ်လာခဲ့တာပါ။ ပထမဆုံး ကျွန်တော် တွေးမိတဲ့အရာက ဒူးထောက် လျှောတိုက်ဖို့ပါ။ အဲဒါက မယုံနိုင်စရာကောင်းတဲ့ အတွေ့အကြုံပါပဲ။စီနီယာ ကစားသမားတွေက ကျွန်တော်တို့ လူငယ်ကစားသမားတွေအားလုံးကို အရမ်း ကူညီပေးကြတယ်။ လူငယ်ကစားသမားတွေရဲ့ တဝက်လောက်က ကျွန်တော့် ယူ-၁၈ အသင်းက အသင်းဖော်တွေပါ။ အဲဒါက အရမ်းမိုက်တဲ့ အတွေ့အကြုံဖြစ်ပြီး ဒီလိုနိုင်ပွဲမျိုးရအောင် အတူတူ လုပ်ရတာက ရူးသွပ်ချင်စရာပဲ။ ကျွန်တော် မွေးကတည်းက လီဗာပူးလ်ကို အားပေးခဲ့တာပါ။ အန်းဖီးမှာ ကစားရပြီး ဂိုးသွင်းယူနိုင်ခဲ့တာကတော့ အံ့အားသင့်စရာပါပဲ။ တကယ်မဟုတ်ဘူးလို့တောင် ခံစားရတယ်။ ကျွန်တော်က ရုပ်ရှင်ဇာတ်လမ်းထဲမှာ ရောက်နေသလိုမျိုးတောင် ခံစားရတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်ဒန္ ဒန္းစ္ဟာ ဗုဒၶဟူးေန႔ညက ေဆာက္သမ္တန္ကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ေတာက္ပႏိုင္ခဲ့ၿပီးေနာက္ လီဗာပူးလ္ရဲ႕အက္ဖ္ေအသူရဲေကာင္းျဖစ္ခဲ့တာက အိပ္မက္ကမာၻထဲ ေရာက္ေနခဲ့သလိုပဲလို႔ ခံစားေနရပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ႕အသင္းက တနဂၤေႏြေန႔ကမွ ကာရာေဘာင္းဖလားကို ကိုင္ေျမႇာက္ထားႏိုင္ခဲ့တာျဖစ္ၿပီး အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ဖို႔ ခ်န္ပီယံရွစ္က ၿပိဳင္ဘက္ေတြကို ၃ ဂိုးျပတ္ အႏိုင္ယူခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ကူးမက္စ္က အန္းဖီးမွာ လီဗာပူးလ္တို႔ ဦးေဆာင္ႏိုင္ေစမယ့္ သြင္းဂိုးကို ပထမပိုင္း ၿပီးဆုံးခါနီးမွာ သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ေဂ်ဒန္ ဒန္းစ္က ေနာက္ထပ္ ၂ ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီထက္ပိုၿပီး မေပ်ာ္ႏိုင္ေတာ့ဘူး။ ဒီေန႔ကကြၽန္ေတာ့္ဘဝရဲ႕ အေကာင္းဆုံးေန႔ပဲ။ ကြၽန္ေတာ္ ကေလးဘဝကတည္းက လီဗာပူးလ္ပြဲေတြ ၾကည့္ခဲ့ၿပီး အန္းဖီးမွာ ဂိုးသြင္းယူဖို႔က အိပ္မက္တစ္ခုထက္ေတာင္ ပိုပါတယ္။ ကြၽန္ေတာ္ ဒီထက္ပိုၿပီး မေပ်ာ္ႏိုင္ေတာ့ပါဘူး။ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ ကြၽန္ေတာ္ ဂိုးသြင္းဖို႔ အခြင့္အေရးေတာ္ေတာ္မ်ားမ်ား ရခဲ့တယ္။ အဲဒီေတာ့ ဒီေန႔မွာ ကြၽန္ေတာ္ ဒီတစ္ခါေတာ့ ရေအာင္သြင္းမယ္ဆိုတဲ့ အေတြးနဲ႔ ဝင္ကစားခဲ့တာပါ။ ကြၽန္ေတာ္ လီဗာပူးလ္ပရိသတ္ေတြေရွ႕မွာ ေအာင္ပြဲခံရတဲ့ခံစားခ်က္က ဘယ္လိုလဲဆိုတာ စကားလုံးနဲ႔ေတာင္ မေဖာ္ျပႏိုင္ပါဘူး။ အိပ္မက္ေတြက တကယ္ျဖစ္လာခဲ့တာပါ။ ပထမဆုံး ကြၽန္ေတာ္ ေတြးမိတဲ့အရာက ဒူးေထာက္ ေလွ်ာတိုက္ဖို႔ပါ။ အဲဒါက မယုံႏိုင္စရာေကာင္းတဲ့ အေတြ႕အႀကဳံပါပဲ။စီနီယာ ကစားသမားေတြက ကြၽန္ေတာ္တို႔ လူငယ္ကစားသမားေတြအားလုံးကို အရမ္း ကူညီေပးၾကတယ္။ လူငယ္ကစားသမားေတြရဲ႕ တဝက္ေလာက္က ကြၽန္ေတာ့္ ယူ-၁၈ အသင္းက အသင္းေဖာ္ေတြပါ။ အဲဒါက အရမ္းမိုက္တဲ့ အေတြ႕အႀကဳံျဖစ္ၿပီး ဒီလိုႏိုင္ပြဲမ်ိဳးရေအာင္ အတူတူ လုပ္ရတာက ႐ူးသြပ္ခ်င္စရာပဲ။ ကြၽန္ေတာ္ ေမြးကတည္းက လီဗာပူးလ္ကို အားေပးခဲ့တာပါ။ အန္းဖီးမွာ ကစားရၿပီး ဂိုးသြင္းယူႏိုင္ခဲ့တာကေတာ့ အံ့အားသင့္စရာပါပဲ။ တကယ္မဟုတ္ဘူးလို႔ေတာင္ ခံစားရတယ္။ ကြၽန္ေတာ္က ႐ုပ္ရွင္ဇာတ္လမ္းထဲမွာ ေရာက္ေနသလိုမ်ိဳးေတာင္ ခံစားရတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.