Premier League

မန်ယူနိုက်တက်နဲ့ အနာဂတ်ကို ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ဂရင်းဝုဒ်

မေဆန် ဂရင်းဝုဒ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြန်လာပြီး ကစားဖို့ ဆန္ဒမရှိတော့ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ မုဒိမ်းမှု၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတို့ ကျုးလွန်ခဲ့တယ်လို့ သံသယရှိမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ဘောလုံးကစားခွင့် ပိတ်ပင်ခံခဲ့ရတာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့စက်တင်ဘာမှာ ဂီတာဖေးကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆာဂျင်မ် ရက်ကလစ်ဖ်က ဂရင်းဝုဒ်ကိစ္စအပေါ်မှာ ဆုံးဖြတ်ချက် အသစ်ချမှတ်သွားမယ်လို့ မကြာသေးမီက အတည်ပြုခဲ့တာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ရဲ့ စကားအရ မေဆန် ဂရင်းဝုဒ်အနေနဲ့ မန်ချက်စတာယူနိုက်တက်မှာ အနာဂတ်ရှိနေနိုင်သေးတယ်လို့ စကားဦးသန်းထားတာဖြစ်ပေမယ့်လည်း အင်္ဂလန်တိုက်စစ်မှူးက အိုးထရက်ဖို့ဒ်မှာ ပြန်ကစားဖို့ ဆန္ဒမရှိတော့ဘူးလို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ရက်ကလစ်ဖ်ရဲ့ ပြောဆိုမှုကို ကြားခဲ့ပေမယ့်လည်း အသင်းကို ပြန်လာချင်စိတ်ရှိမနေဘဲ အသင်းအနေနဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်နေတုန်းက ပိုမိုကောင်းမွန်တဲ့ အားပေးထောက်ခံမှု ပြုလုပ်ခဲ့သင့်ပါလျက်နဲ့ လစ်လျူရှုခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေမဆန္ ဂရင္းဝုဒ္ဟာ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လာၿပီး ကစားဖို႔ ဆႏၵမရွိေတာ့ဘူးလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ မုဒိမ္းမႈ၊ ကိုယ္ထိလက္ေရာက္တိုက္ခိုက္မႈတို႔ က်ဳးလြန္ခဲ့တယ္လို႔ သံသယရွိမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရၿပီးေနာက္ ေဘာလုံးကစားခြင့္ ပိတ္ပင္ခံခဲ့ရတာျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္ျခင္းမရွိဘူးလို႔ ဆုံးျဖတ္ခံခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့စက္တင္ဘာမွာ ဂီတာေဖးကို တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ဆာဂ်င္မ္ ရက္ကလစ္ဖ္က ဂရင္းဝုဒ္ကိစၥအေပၚမွာ ဆုံးျဖတ္ခ်က္ အသစ္ခ်မွတ္သြားမယ္လို႔ မၾကာေသးမီက အတည္ျပဳခဲ့တာျဖစ္ပါတယ္။

ရက္ကလစ္ဖ္ရဲ႕ စကားအရ ေမဆန္ ဂရင္းဝုဒ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္မွာ အနာဂတ္ရွိေနႏိုင္ေသးတယ္လို႔ စကားဦးသန္းထားတာျဖစ္ေပမယ့္လည္း အဂၤလန္တိုက္စစ္မႉးက အိုးထရက္ဖို႔ဒ္မွာ ျပန္ကစားဖို႔ ဆႏၵမရွိေတာ့ဘူးလို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

ဂရင္းဝုဒ္ဟာ ရက္ကလစ္ဖ္ရဲ႕ ေျပာဆိုမႈကို ၾကားခဲ့ေပမယ့္လည္း အသင္းကို ျပန္လာခ်င္စိတ္ရွိမေနဘဲ အသင္းအေနနဲ႔ ႐ုံးေရာက္ဂတ္ေရာက္ျဖစ္ေနတုန္းက ပိုမိုေကာင္းမြန္တဲ့ အားေပးေထာက္ခံမႈ ျပဳလုပ္ခဲ့သင့္ပါလ်က္နဲ႔ လစ္လ်ဴရႈခဲ့တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.