Carabao & FA Match Report

ကက်စမီရိုရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ကွာတားတက်ခဲ့ပေမယ့် လီဗာပူးလ်နဲ့ တွေ့နေလို့ မပျော်နိုင်တဲ့ သရဲနီများ

မန်ချက်စတာယူနိုက်တက်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ကက်စမီရိုရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင်တွေကို ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ပထမပိုင်း ၄ မိနစ်မှာပဲ အန်တိုနီရဲ့ ကန်ချက် ဂိုးတိုင်ထိထွက်သွားခဲ့တာဖြစ်ပါတယ်။ မက်တော်မီနေးကလည်း အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ်ဂိုးသမား မတ် တန်နာက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကလည်း မန်ချက်စတာယူနိုက်တက်ကစားသမားတွေအမှားကနေတဆင့် ဂိုးသွင်းယူဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အိုနာနာက တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း ပြန်အစမှာ အိမ်ရှင်တွေက ကစားပုံ ပိုမိုကောင်းမွန်နေခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်းမှာ ဧည့်သည်တွေက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ စိုးမိုးထားနိုင်ခဲ့ပြီး ဖာနန်ဒက်စ်နဲ့ အန်သိုနီတို့ရဲ့ ဂိုးကန်သွင်းမှုတွေကို တန်နာ ကာကွယ်နိုင်ခဲ့လို့သာ ဖောရက်စ်တို့ ဂိုးတွေ ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ပွဲပြီးဆုံးခါနီးအချိန်တွေမှာ တန်ပြန်တိုက်စစ်တွေ၊ တည်ကန်ဘောတွေကနေတဆင့် ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ခဲ့ဘဲ ပွဲကစားချိန်ပြည့်ဖို့ ၁ မိနစ်အလိုမှာ ကက်စမီရိုက ဘရူနို ဖာနန်ဒက်စ်ရဲ့ အလွတ်တည်ကန်ဘောကနေ ကန်လိုက်တဲ့ ဘောလုံးကို ပြေးဝင်ခေါင်းတိုက်ပြီး အရေးကြီးတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

VAR က ကက်စမီရိုရဲ့ သွင်းဂိုးဟာ လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အချိန်အတော်ကြာ စစ်ဆေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဂိုးအဖြစ် ခွင့်ပြုခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်တို့ ၁-၀ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် မဲခွဲရလဒ်အရ ဆောက်သမ်တန်ကို ၃ ဂိုးပြတ်အနိုင်ယူပြီး တက်လာတဲ့ လီဗာပူးလ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ည အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္မွာ ကက္စမီ႐ိုရဲ႕ ေနာက္က်အႏိုင္ဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းစတင္ခ်ိန္ကတည္းက အိမ္ရွင္ေတြကို ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ဖိအားေပးတိုက္စစ္ဆင္ႏိုင္ခဲ့ၿပီး ပထမပိုင္း ၄ မိနစ္မွာပဲ အန္တိုနီရဲ႕ ကန္ခ်က္ ဂိုးတိုင္ထိထြက္သြားခဲ့တာျဖစ္ပါတယ္။ မက္ေတာ္မီေနးကလည္း အပိုင္ဂိုးသြင္းခြင့္ ၂ ႀကိမ္အထိ ရရွိခဲ့ေပမယ့္လည္း ေနာ္တင္ဟမ္ေဖာရက္စ္ဂိုးသမား မတ္ တန္နာက လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္ကလည္း မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြအမွားကေနတဆင့္ ဂိုးသြင္းယူဖို႔ အခြင့္အေရးေတြရခဲ့ေပမယ့္ အိုနာနာက တည္တည္ၿငိမ္ၿငိမ္နဲ႔ ကာကြယ္သြားႏိုင္ခဲ့လို႔ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပါဘူး။

ဒုတိယပိုင္း ျပန္အစမွာ အိမ္ရွင္ေတြက ကစားပုံ ပိုမိုေကာင္းမြန္ေနခဲ့ေပမယ့္လည္း အဲဒီေနာက္ပိုင္းမွာ ဧည့္သည္ေတြက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ စိုးမိုးထားႏိုင္ခဲ့ၿပီး ဖာနန္ဒက္စ္နဲ႔ အန္သိုနီတို႔ရဲ႕ ဂိုးကန္သြင္းမႈေတြကို တန္နာ ကာကြယ္ႏိုင္ခဲ့လို႔သာ ေဖာရက္စ္တို႔ ဂိုးေတြ ခြင့္မျပဳခဲ့ရတာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ပြဲၿပီးဆုံးခါနီးအခ်ိန္ေတြမွာ တန္ျပန္တိုက္စစ္ေတြ၊ တည္ကန္ေဘာေတြကေနတဆင့္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့ဘဲ ပြဲကစားခ်ိန္ျပည့္ဖို႔ ၁ မိနစ္အလိုမွာ ကက္စမီ႐ိုက ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အလြတ္တည္ကန္ေဘာကေန ကန္လိုက္တဲ့ ေဘာလုံးကို ေျပးဝင္ေခါင္းတိုက္ၿပီး အေရးႀကီးတဲ့အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

VAR က ကက္စမီ႐ိုရဲ႕ သြင္းဂိုးဟာ လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး အခ်ိန္အေတာ္ၾကာ စစ္ေဆးခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ဂိုးအျဖစ္ ခြင့္ျပဳခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔ ၁-၀ နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ မဲခြဲရလဒ္အရ ေဆာက္သမ္တန္ကို ၃ ဂိုးျပတ္အႏိုင္ယူၿပီး တက္လာတဲ့ လီဗာပူးလ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ စိတ္ပ်က္ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.