Carabao & FA Match Report

ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွာခဲ့တဲ့ ဒန်းစ်ရဲ့ဂိုးတွေနဲ့ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ လူငယ်ကစားသမားတွေရဲ့တောက်ပမှုနဲ့အတူ ၃-၀ နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပထမအသင်း လူစာရင်းတဝက်လောက်ကို လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး စီနီယာကစားသမားဆိုလို့ ဗန်ဒိုက်၊ ကွမ်ဆာ၊ ဂိုးမက်ဇ်၊ ဂက်ခ်ပိုနဲ့ အဲလီးယော့တ်တို့သာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအစမှာ ဆောက်သမ်တန်တို့က အိမ်ရှင်တွေကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု များများစားစား မပြုလုပ်နိုင်ခဲ့ဘဲ လီဗာပူးလ်က ပထမပိုင်းပြီးဆုံးခါနီးမှာ လူငယ်ကစားသမား ကူးမက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ကူးမက်စ်ဟာ ဘော်ဘီ ကလာ့ခ်ရဲ့ ပေးပို့မှုကနေတဆင့် ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းခဲ့မှုက ဘက်ဒ်နာရက်ရဲ့ ဖနောင့်နဲ့ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာလည်း ဆောက်သမ်တန်တို့က လီဗာပူးလ်ဘက်ကို ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ချေပဂိုး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အပိုင်အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်က မိနစ် ၆၀ ဝန်းကျင်လောက်မှာ ပွဲကို လုံးဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၇၃ မိနစ်မှာ လူစားဝင်ကစားပေးခဲ့တဲ့ ဂျေဒန် ဒန်းစ်က ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

စမောဘုန်းရဲ့ မန်းနင်းဆီ ပြန်လည်ပေးပို့မှုက နည်းနည်းများသွားခဲ့တာကြောင့် အဲလီးယော့တ်က ဘောလုံးရရှိသွားခဲ့ပြီး ပင်နယ်တီဧရိယာထဲကို ပေးပို့ခဲ့ရာမှာ အသက် ၁၈ နှစ်အရွယ် ကစားသမားက ဂိုးညာဘက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ ဦးဆောင်ဂိုး၂ ဂိုးအထိ ပေးလိုက်ရပြီးနောက် ဘယ်လိုမှ ပြန်လည်တုံ့ပြန်နိုင်ခြင်းမရှိတော့ဘဲ တစ်ချက်တစ်ချက်သာ တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဒီလိုနဲ့ ပွဲပြီးဆုံးခါနီး ၈၈ မိနစ်မှာ ဂျေဒန် ဒန်းစ်ကပဲ ဘရက်ဒ်လီရဲ့ အဝေးကန်ချက်ကို လမ်လီပုတ်ထုတ်ရာကနေ လျှံထွက်လာတဲ့ဘောလုံးကို ဂိုးပေါက်အလွတ်ထဲကို အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂျေဒန် ဒန်းစ်ဟာ ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ လူစားဝင်ကစားပေးခဲ့ပြီး တောက်ပတဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့သူဖြစ်ပြီး ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း ပါဝင်ကစားခွင့်ရရှိခဲ့တာကြောင့် အသင်းသမိုင်းမှာ အသက်အငယ်ဆုံး အက်ဖ်အေဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိတဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်မှာ နော်တင်ဟမ် ဖောရက်စ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ ဗုဒၶဟူးေန႔ညမွာ ေဆာက္သမ္တန္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္မွာ လူငယ္ကစားသမားေတြရဲ႕ေတာက္ပမႈနဲ႔အတူ ၃-၀ နဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ ပထမအသင္း လူစာရင္းတဝက္ေလာက္ကို လူငယ္ကစားသမားေတြနဲ႔ ပြဲထြက္လာခဲ့ၿပီး စီနီယာကစားသမားဆိုလို႔ ဗန္ဒိုက္၊ ကြမ္ဆာ၊ ဂိုးမက္ဇ္၊ ဂက္ခ္ပိုနဲ႔ အဲလီးေယာ့တ္တို႔သာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းအစမွာ ေဆာက္သမ္တန္တို႔က အိမ္ရွင္ေတြကို ဖိအားေပး ကစားႏိုင္ခဲ့ေပမယ့္ ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈ မ်ားမ်ားစားစား မျပဳလုပ္ႏိုင္ခဲ့ဘဲ လီဗာပူးလ္က ပထမပိုင္းၿပီးဆုံးခါနီးမွာ လူငယ္ကစားသမား ကူးမက္စ္ရဲ႕ သြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ကူးမက္စ္ဟာ ေဘာ္ဘီ ကလာ့ခ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ပင္နယ္တီဧရိယာထိပ္ကေန ကန္သြင္းခဲ့မႈက ဘက္ဒ္နာရက္ရဲ႕ ဖေနာင့္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းအစမွာလည္း ေဆာက္သမ္တန္တို႔က လီဗာပူးလ္ဘက္ကို ဖိအားေပး တိုက္စစ္ဆင္ခဲ့ၿပီး ေခ်ပဂိုး ျပန္လည္ရရွိဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အပိုင္အခြင့္အေရးေတြကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္က မိနစ္ ၆၀ ဝန္းက်င္ေလာက္မွာ ပြဲကို လုံးဝ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး ၇၃ မိနစ္မွာ လူစားဝင္ကစားေပးခဲ့တဲ့ ေဂ်ဒန္ ဒန္းစ္က ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

စေမာဘုန္းရဲ႕ မန္းနင္းဆီ ျပန္လည္ေပးပို႔မႈက နည္းနည္းမ်ားသြားခဲ့တာေၾကာင့္ အဲလီးေယာ့တ္က ေဘာလုံးရရွိသြားခဲ့ၿပီး ပင္နယ္တီဧရိယာထဲကို ေပးပို႔ခဲ့ရာမွာ အသက္ ၁၈ ႏွစ္အ႐ြယ္ ကစားသမားက ဂိုးညာဘက္ေထာင့္ကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္ဟာ ဦးေဆာင္ဂိုး၂ ဂိုးအထိ ေပးလိုက္ရၿပီးေနာက္ ဘယ္လိုမွ ျပန္လည္တုံ႔ျပန္ႏိုင္ျခင္းမရွိေတာ့ဘဲ တစ္ခ်က္တစ္ခ်က္သာ တန္ျပန္တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အရာမထင္ခဲ့ပါဘူး။ ဒီလိုနဲ႔ ပြဲၿပီးဆုံးခါနီး ၈၈ မိနစ္မွာ ေဂ်ဒန္ ဒန္းစ္ကပဲ ဘရက္ဒ္လီရဲ႕ အေဝးကန္ခ်က္ကို လမ္လီပုတ္ထုတ္ရာကေန လွ်ံထြက္လာတဲ့ေဘာလုံးကို ဂိုးေပါက္အလြတ္ထဲကို အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေဂ်ဒန္ ဒန္းစ္ဟာ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ လူစားဝင္ကစားေပးခဲ့ၿပီး ေတာက္ပတဲ့ ေျခစြမ္းေၾကာင့္ ပရိသတ္ေတြရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့သူျဖစ္ၿပီး ေဆာက္သမ္တန္နဲ႔ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာလည္း ပါဝင္ကစားခြင့္ရရွိခဲ့တာေၾကာင့္ အသင္းသမိုင္းမွာ အသက္အငယ္ဆုံး အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ရရွိတဲ့ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္ဟာ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္မွာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.