Carabao & FA Match Report

ဂယ်လေဂါရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အက်ဖ်အေကွာတားတက်တဲ့ ချဲလ်ဆီး

ကော်နာ ဂယ်လေဂါဟာ ချဲလ်ဆီးက လိဒ်စ်ယူနိုက်တက်ကို ၃-၂ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့တဲ့ပွဲမှာ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး အချိန်ပိုထိ ဆက်ကစားရတော့မယ်ထင်ခဲ့ပေမယ့်လည်း ဂယ်လေဂါက ပင်နယ်တီဧရိယာထဲမှာ လွတ်လွတ်ကျွတ်ကျွတ်ပဲ အီယန် မက်စ်လီယာကို ကျော်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် တနင်္ဂနွေနေ့က ကာရာဘောင်းဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးရဲ့ ဆုဖလားရရှိဖို့ မျှော်လင့်ချက်က ဆက်လက် အသက်သွင်းနိုင်ခဲ့ပြီဖြစ်ပြီး ပိုချက်တီနိုရဲ့အသင်းဟာ မတ်လထဲမှာ ကစားရမယ့် လက်စတာစီးတီးနဲ့ ကွာတားဖိုင်နယ်ပွဲမှာသာ အနိုင်ရခဲ့ရင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဝင်ဘလေမှာ ထပ်ကစားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပထမပိုင်းအစောပိုင်းမှာပဲ ခံစစ်ပိုင်းအမှားကြောင့် ဂိုးပေးခဲ့ရပြီး မက်တီအို ဂျိုးဆက်ဖ်က လိဒ်စ်ယူနိုက်တက်အတွက် ၉ မိနစ်မှာ ပထမဆုံး စီနီယာသွင်းဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယတန်းက ဧည့်သည်တွေဟာ ၆ မိနစ်လောက်သာ ဦးဆောင်ခွင့်ရခဲ့ပြီး နီကိုးလတ်စ် ဂျက်ဆင်က ကိုင်ဆေဒိုရဲ့ ပေးပို့မှုကနေတဆင့် ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူပြီး ချေပဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၃၇ မိနစ်မှာ မိုင်ခေလို မာဒရစ်ခ်က စတားလင်းရဲ့ ပေးပို့မှုကနေတဆင့် ဂိုးအောက်ထောင့်ကို ကန်သွင်းယူပြီး ချဲလ်ဆီးအတွက် ဦးဆောင်ခွင့် ရယူပေးခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ဧည့်သည်တွေက ပိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂျိုးဆက်ဖ်ကပဲ အန်သိုနီရဲ့ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်သွင်းယူပြီး လိဒ်စ်ယူနိုက်တက်အတွက် ချေပဂိုး သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဂယ်လေဂါက နောက်ကျအနိုင်ဂိုးကို မသွင်းယူမီ အန်သိုနီဟာ ဧည့်သည်တွေအတွက် အခွင့်အရေး ၂ ကြိမ်အထိ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာက လိဒ်စ်ယူနိုက်တက်တို့ ရှုံးနိမ့်ဖို့ အကြောင်းဖန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေကာ္နာ ဂယ္ေလဂါဟာ ခ်ဲလ္ဆီးက လိဒ္စ္ယူႏိုက္တက္ကို ၃-၂ နဲ႔ အႏိုင္ရၿပီး အက္ဖ္ေအဖလားကြာတားဖိုင္နယ္ တက္လွမ္းႏိုင္ခဲ့တဲ့ပြဲမွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္ဟာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး အခ်ိန္ပိုထိ ဆက္ကစားရေတာ့မယ္ထင္ခဲ့ေပမယ့္လည္း ဂယ္ေလဂါက ပင္နယ္တီဧရိယာထဲမွာ လြတ္လြတ္ကြၽတ္ကြၽတ္ပဲ အီယန္ မက္စ္လီယာကို ေက်ာ္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ တနဂၤေႏြေန႔က ကာရာေဘာင္းဗိုလ္လုပြဲမွာ လီဗာပူးလ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်ဲလ္ဆီးရဲ႕ ဆုဖလားရရွိဖို႔ ေမွ်ာ္လင့္ခ်က္က ဆက္လက္ အသက္သြင္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းဟာ မတ္လထဲမွာ ကစားရမယ့္ လက္စတာစီးတီးနဲ႔ ကြာတားဖိုင္နယ္ပြဲမွာသာ အႏိုင္ရခဲ့ရင္ ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ဝင္ဘေလမွာ ထပ္ကစားရမွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ပထမပိုင္းအေစာပိုင္းမွာပဲ ခံစစ္ပိုင္းအမွားေၾကာင့္ ဂိုးေပးခဲ့ရၿပီး မက္တီအို ဂ်ိဳးဆက္ဖ္က လိဒ္စ္ယူႏိုက္တက္အတြက္ ၉ မိနစ္မွာ ပထမဆုံး စီနီယာသြင္းဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယတန္းက ဧည့္သည္ေတြဟာ ၆ မိနစ္ေလာက္သာ ဦးေဆာင္ခြင့္ရခဲ့ၿပီး နီကိုးလတ္စ္ ဂ်က္ဆင္က ကိုင္ေဆဒိုရဲ႕ ေပးပို႔မႈကေနတဆင့္ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူၿပီး ေခ်ပဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၃၇ မိနစ္မွာ မိုင္ေခလို မာဒရစ္ခ္က စတားလင္းရဲ႕ ေပးပို႔မႈကေနတဆင့္ ဂိုးေအာက္ေထာင့္ကို ကန္သြင္းယူၿပီး ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ခြင့္ ရယူေပးခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာ ဧည့္သည္ေတြက ပိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳးဆက္ဖ္ကပဲ အန္သိုနီရဲ႕ အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္သြင္းယူၿပီး လိဒ္စ္ယူႏိုက္တက္အတြက္ ေခ်ပဂိုး သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ဂယ္ေလဂါက ေနာက္က်အႏိုင္ဂိုးကို မသြင္းယူမီ အန္သိုနီဟာ ဧည့္သည္ေတြအတြက္ အခြင့္အေရး ၂ ႀကိမ္အထိ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာက လိဒ္စ္ယူႏိုက္တက္တို႔ ရႈံးနိမ့္ဖို႔ အေၾကာင္းဖန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.