Carabao & FA Match Report

အကွက်ကြမ်းတဲ့ ဘလက်ဘန်းကို အသေအလဲကန်ပြီး ပင်နယ်တီနဲ့ ကွာတားတက်တဲ့ ငှက်ကျားများ

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဘလက်ဘန်းနဲ့ နယူးကာဆယ်တို့ရဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ငှက်ကျားတွေက ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၃ နဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

မာတင် ဒူဗရက်ကာဟာ အီးဝုဒ်ပါ့ခ်မှာ နယူးကာဆယ်ရဲ့ သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပြီး ဆမိုဒစ်ရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပြီးနောက် ဒေါမနစ် ဟိုင်ယမ်ရဲ့ ပင်နယ်တီကို တိုင်ထိထွက်သွားအောင် ပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာဗီး ဘန်းစ်ဟာ ပင်နယ်တီ အဆုံးအဖြတ်မှာ ကန်သွင်းမှု လွဲချော်ခဲ့ပေမယ့်လည်း ဖေဘီယံ ရှား၊ ဘရူနို ဂီမာရေးစ်၊ အဲလီးယော့တ် အန်ဒါဆန်၊ အန်သိုနီ ဂေါ်ဒွန်တို့က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့တာကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အန်သိုနီ ဂေါ်ဒွန်ဟာ နယူးကာဆယ်အတွက် ဒုတိယပိုင်း ၇၁ မိနစ်မှာ ညာတောင်ပံကနေ မီဂွယ် အယ်လ်မီရွန်ရဲ့ ပေးပို့မှုကနေတဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန် ဒုတိယတန်းမှာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေရတဲ့ ဘလက်ဘန်းအတွက် ချေပဂိုး ပြန်သွင်းယူဖို့ ၈ မိနစ်သာ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။

၇၉ မိနစ်မှာ စမိုဒစ်က ဒီရာသီပြိုင်ပွဲစုံ ၂၄ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မာကန်ဒေးရဲ့ ကန်ချက်ကို ဒူဗရက်ကာ ကာကွယ်ခဲ့ရာကနေ ပြန်အံထွက်လာတဲ့ ဘောလုံးကို လျင်လျင်မြန်မြန် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘလက်ဘန်းဟာ ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၃ မိနစ်မှာ အနိုင်ဂိုး ရရှိလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ယာဆင် အယာရီရဲ့ ကန်ချက်ကို မာတင် ဒူဗရက်ကာက ခြေထောက်နဲ့ ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဖေဘီယံ ရှား၊ ဂေါ်ဒွန်၊ လောင်းစတက်ဖ်၊ ဒန်ဘန်းနဲ့ ဂီမာရေးစ်တို့အားလုံးဟာ နယူးကာဆယ်အတွက် ဂိုးသွင်းယူပေးနိုင်မယ့်အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့ပြီး စမိုဒစ်က အချိန်ပိုမှာ နောက်ထပ်တစ်ဂိုး သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤါေန႔ညက ကစားခဲ့တဲ့ ဘလက္ဘန္းနဲ႔ နယူးကာဆယ္တို႔ရဲ႕ အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္မွာ ငွက္က်ားေတြက ပင္နယ္တီ အဆုံးအျဖတ္မွာ ၄-၃ နဲ႔ အႏိုင္ရရွိၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

မာတင္ ဒူဗရက္ကာဟာ အီးဝုဒ္ပါ့ခ္မွာ နယူးကာဆယ္ရဲ႕ သူရဲေကာင္းျဖစ္ခဲ့တာျဖစ္ၿပီး ဆမိုဒစ္ရဲ႕ ကန္သြင္းမႈကို ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ေဒါမနစ္ ဟိုင္ယမ္ရဲ႕ ပင္နယ္တီကို တိုင္ထိထြက္သြားေအာင္ ပုတ္ထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာဗီး ဘန္းစ္ဟာ ပင္နယ္တီ အဆုံးအျဖတ္မွာ ကန္သြင္းမႈ လြဲေခ်ာ္ခဲ့ေပမယ့္လည္း ေဖဘီယံ ရွား၊ ဘ႐ူႏို ဂီမာေရးစ္၊ အဲလီးေယာ့တ္ အန္ဒါဆန္၊ အန္သိုနီ ေဂၚဒြန္တို႔က အမွားအယြင္းမရွိကန္သြင္းႏိုင္ခဲ့တာေၾကာင့္ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အန္သိုနီ ေဂၚဒြန္ဟာ နယူးကာဆယ္အတြက္ ဒုတိယပိုင္း ၇၁ မိနစ္မွာ ညာေတာင္ပံကေန မီဂြယ္ အယ္လ္မီ႐ြန္ရဲ႕ ေပးပို႔မႈကေနတဆင့္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ေပမယ့္လည္း အဂၤလန္ ဒုတိယတန္းမွာ အဆင့္ ၁၆ ေနရာမွာ ရပ္တည္ေနရတဲ့ ဘလက္ဘန္းအတြက္ ေခ်ပဂိုး ျပန္သြင္းယူဖို႔ ၈ မိနစ္သာ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။

၇၉ မိနစ္မွာ စမိုဒစ္က ဒီရာသီၿပိဳင္ပြဲစုံ ၂၄ ဂိုးေျမာက္ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး မာကန္ေဒးရဲ႕ ကန္ခ်က္ကို ဒူဗရက္ကာ ကာကြယ္ခဲ့ရာကေန ျပန္အံထြက္လာတဲ့ ေဘာလုံးကို လ်င္လ်င္ျမန္ျမန္ ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘလက္ဘန္းဟာ ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပို ၃ မိနစ္မွာ အႏိုင္ဂိုး ရရွိလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း ယာဆင္ အယာရီရဲ႕ ကန္ခ်က္ကို မာတင္ ဒူဗရက္ကာက ေျခေထာက္နဲ႔ ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။

ေဖဘီယံ ရွား၊ ေဂၚဒြန္၊ ေလာင္းစတက္ဖ္၊ ဒန္ဘန္းနဲ႔ ဂီမာေရးစ္တို႔အားလုံးဟာ နယူးကာဆယ္အတြက္ ဂိုးသြင္းယူေပးႏိုင္မယ့္အခြင့္အေရးေကာင္းေတြကို လြဲေခ်ာ္ခဲ့ၿပီး စမိုဒစ္က အခ်ိန္ပိုမွာ ေနာက္ထပ္တစ္ဂိုး သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.