Premier League

ဇီဒန်းကို ခေါ်ပြီး မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို ဖြုတ်ချပစ်ဖို့ စီစဉ်နေတဲ့ ရက်ကလစ်ဖ်

မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာရှင်ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ သရဲနီတွေကို ဥရောပစူပါပါဝါအသင်းကြီး ပြန်ဖြစ်လာဖို့အတွက် အရာအားလုံး လုပ်သွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗြိတိန်ဘီလျံနာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံနဲ့ တရားဝင်လက်လွှဲဝယ်ယူနိုင်ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အပြောင်းအလဲတွေလုပ်ဖို့ အချိန်နည်းနည်းလေးတောင် မဖြုန်းတီးခဲ့တာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကို ဖြုတ်ချဖို့ အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး အိုးထရက်ဖို့ဒ်နေရာမှာပဲ နောက်ထပ် ကွင်းသစ်ဆောက်ချင်တဲ့ဆန္ဒကိုလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသင်းလူစာရင်းကို ကြီးကြီးမားမား သွေးသစ်လောင်း ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားအဝင်၊ အထွက်တွေ တော်တော်လေး များပြားလာဖွယ်ရှိပါတယ်။

ဒါပေမယ့်လည်း အရေးကြီးတာက ရက်ကလစ်ဖ်အနေနဲ့ လက်ရှိ နည်းပြ တန်ဟက်ကို တရားဝင် အားပေးထောက်ခံမှု မပြုလုပ်သေးတာကြောင့် ဒတ်ချ်လူမျိုးနည်းပြရဲ့ အနာဂတ်ဟာ ကောလာဟလတွေနဲ့ မရေမရာဖြစ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ပြင်သစ်သတင်းဌာန Foot Mercato ရဲ့ ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ မန်ယူနိုက်တက်ကို အရင်တုန်းကလို ပြန်အောင်မြင်လာဖို့ အရာအားလုံးလုပ်သွားမှာဖြစ်ပြီး ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

INEOS Sport ရဲ့ စီအီးအို ဂျင်း-ကလောက် ဘလန့်စ်က ဇီဒန်းကို အလွန်နှစ်သက်သဘောကျသူဖြစ်ပြီး ပီအက်စ်ဂျီမှာ တာဝန်ယူခဲ့တဲ့အချိန်တုန်းက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ သိရပါတယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို နည်းပြခဲ့ချိန်အတွင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဘာနေဗျူးကနေ ထွက်ခွာပြီးကတည်းက နည်းပြအလုပ်ကို လုပ်ကိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘောလုံးသမိုင်းတလျှောက် အကြီးကျယ်အခမ်းနားဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်ဂန္တဝင်ဟာ ဒီအပတ် ရုပ်ရှင်ပွဲတော်မှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ဆောင်ဖို့ဆန္ဒရှိနေတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

နည်းပြအလုပ်ကို ပြန်လုပ်ဖို့ စီစဉ်ထားလားလို့ မေးမြန်းခဲ့ရာမှာ ဇီဒန်းက “ဘာလို့ မစီစဉ်ထားရမှာလဲ။ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် တစ်ခြားဟာတစ်ခုကို လုပ်နေတယ်။ ကျွန်တော် နည်းပြခုံတန်းကို ပြန်လာမယ်ဆိုတာ သေချာတယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ် နည်းပြလုပ်ချင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရွယ္ယာရွင္ျဖစ္တဲ့ ဆာဂ်င္မ္ ရက္ကလစ္ဖ္ဟာ သရဲနီေတြကို ဥေရာပစူပါပါဝါအသင္းႀကီး ျပန္ျဖစ္လာဖို႔အတြက္ အရာအားလုံး လုပ္သြားမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ နည္းျပေဟာင္း ဇီဒန္းကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္က ၿဗိတိန္ဘီလ်ံနာဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရွယ္ယာ ၂၇.၇ ရာခိုင္ႏႈန္းကို ေပါင္ ၁.၃ ဘီလီယံနဲ႔ တရားဝင္လက္လႊဲဝယ္ယူႏိုင္ခဲ့တာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ အေျပာင္းအလဲေတြလုပ္ဖို႔ အခ်ိန္နည္းနည္းေလးေတာင္ မျဖဳန္းတီးခဲ့တာျဖစ္ပါတယ္။

ရက္ကလစ္ဖ္ဟာ မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ကို ျဖဳတ္ခ်ဖို႔ အစီအစဥ္ကို ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး အိုးထရက္ဖို႔ဒ္ေနရာမွာပဲ ေနာက္ထပ္ ကြင္းသစ္ေဆာက္ခ်င္တဲ့ဆႏၵကိုလည္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသင္းလူစာရင္းကို ႀကီးႀကီးမားမား ေသြးသစ္ေလာင္း ေျပာင္းလဲမႈေတြ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနၿပီး လာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားအဝင္၊ အထြက္ေတြ ေတာ္ေတာ္ေလး မ်ားျပားလာဖြယ္ရွိပါတယ္။

ဒါေပမယ့္လည္း အေရးႀကီးတာက ရက္ကလစ္ဖ္အေနနဲ႔ လက္ရွိ နည္းျပ တန္ဟက္ကို တရားဝင္ အားေပးေထာက္ခံမႈ မျပဳလုပ္ေသးတာေၾကာင့္ ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ အနာဂတ္ဟာ ေကာလာဟလေတြနဲ႔ မေရမရာျဖစ္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားအဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ၿပီး ျပင္သစ္သတင္းဌာန Foot Mercato ရဲ႕ ေဖာ္ျပခ်က္အရ ရက္ကလစ္ဖ္ဟာ မန္ယူႏိုက္တက္ကို အရင္တုန္းကလို ျပန္ေအာင္ျမင္လာဖို႔ အရာအားလုံးလုပ္သြားမွာျဖစ္ၿပီး ဇီဒန္းကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ သတ္မွတ္ခဲ့တယ္လို႔ သိရပါတယ္။

INEOS Sport ရဲ႕ စီအီးအို ဂ်င္း-ကေလာက္ ဘလန႔္စ္က ဇီဒန္းကို အလြန္ႏွစ္သက္သေဘာက်သူျဖစ္ၿပီး ပီအက္စ္ဂ်ီမွာ တာဝန္ယူခဲ့တဲ့အခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ဖူးတယ္လို႔ သိရပါတယ္။

ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္ကို နည္းျပခဲ့ခ်ိန္အတြင္း ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ ဘာေနဗ်ဴးကေန ထြက္ခြာၿပီးကတည္းက နည္းျပအလုပ္ကို လုပ္ကိုင္ျခင္းမရွိေသးသူျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဘာလုံးသမိုင္းတေလွ်ာက္ အႀကီးက်ယ္အခမ္းနားဆုံး ေဘာလုံးသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ ျပင္သစ္ဂႏၲဝင္ဟာ ဒီအပတ္ ႐ုပ္ရွင္ပြဲေတာ္မွာ နည္းျပအလုပ္ကို ျပန္လည္လုပ္ေဆာင္ဖို႔ဆႏၵရွိေနတယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

နည္းျပအလုပ္ကို ျပန္လုပ္ဖို႔ စီစဥ္ထားလားလို႔ ေမးျမန္းခဲ့ရာမွာ ဇီဒန္းက “ဘာလို႔ မစီစဥ္ထားရမွာလဲ။ ဘာမဆို ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ ကြၽန္ေတာ္ တစ္ျခားဟာတစ္ခုကို လုပ္ေနတယ္။ ကြၽန္ေတာ္ နည္းျပခုံတန္းကို ျပန္လာမယ္ဆိုတာ ေသခ်ာတယ္။ ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ နည္းျပလုပ္ခ်င္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.