Premier League

အဆင့် ၂ ရခဲ့တဲ့ရာသီမှ စံချိန်တင် အရှုံးပေါ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဆယ်စုနှစ် ၂ ခုအတွင်း ပရီးမီးယားလိဂ်မှာ ရမှတ်စုစုပေါင်း အမြင့်မားဆုံးရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီမှာ ပေါင် ၅၂.၁ သန်းအထိ စံချိန်တင် အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးနဲ့ ဆုဖလားပြိုင်ပွဲ ဆင်နွှဲခဲ့ရာမှာ ဒုတိယနေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီး ဝင်ငွေ ပေါင် ၄၆၄.၆ သန်းအထိ တိုးမြင့်လာခဲ့ပေမယ့်လည်း အရှုံးပေါ်ခဲ့တယ်လို့ နောက်ဆုံးအသင်းရဲ့ စာရင်းစစ်ချက်အရ သိရပါတယ်။

Daily Telegraph ရဲ့ ဖော်ပြချက်အရ အဲဒီအရှုံးပေါ်ငွေအားလုံးဟာ နီကိုးလတ်စ် ပေပေတစ်ဦးတည်းကြောင့်လို့ သိရပြီး အိုင်ဗရီကို့စ်ကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၇ သန်းနဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်ပျက်စရာကောင်းနေခဲ့တဲ့ ပေပေကို စာချုပ်ဖျက်သိမ်းပြီး ဆုံးရှုံးမှုတွေကို တစ်ခန်းရပ်လိုက်တာဖြစ်ပါတယ်။ ပေပေဟာ တူရကီကလပ် ထရက်ဇွန်စပေါ်ကို ပြောင်းရွှေ့သွားခဲ့ပြီး အာဆင်နယ်ဟာ အိုင်ဗရီကို့စ်ကြယ်ပွင့်ရဲ့ လစာ၊ လက်မှတ်ထိုးကြေးတွေအပါအဝင် အားလုံးပေါင်း ပေါင်သန်း ၁၀၀ ကျော် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

စာရင်းစစ်အဖွဲ့ရဲ့ ပြောကြားချက်အရ အခွန်မဆောင်မီ အရှုံးပေါ်ငွေက ပေါင် ၃၄ သန်းသာ ရှိတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပေါင် ၄၅.၅ သန်းထက်စာရင် အရှုံးပြမှုက ပိုမိုလျော့ကျသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း သိသိသာသာ များပြားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ပြီး ဒီကလန် ရိုက်ကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ဝက်စ်ဟမ်းကနေ ခေါ်ယူခဲ့သလို ချဲလ်ဆီးက ကိုင် ဟာဗတ်ဇ်ကို ၆၅ သန်း၊ အိုင်းယက်စ်က တင်းဘားကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၇ နှစ်အတွင်း ချန်ပီယံလိဂ်ဝင်ခွင့် ပထမဆုံးအကြိမ်ရရှိခဲ့မှုကြောင့် ဝင်ငွေက သိသိသာသာ မြင့်တက်လာပြီး ရုပ်သံထုတ်လွှင့်မှုကနေ ဝင်ငွေ ပေါင် ၁၉၁.၂ သန်း(အရင်က ၁၄၆ သန်း)နဲ့ စီးပွားရေးလုပ်ငန်းတွေဆီက ဝင်ငွေ ပေါင် ၁၆၉.၃ သန်း(အရင်က ၁၄၁. ၇ သန်း)ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က ထုတ်ပြန်ကြေညာချက်ထဲမှာ “၂၀၂၂-၂၀၂၃ ရာသီအတွင်းနဲ့ ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသငး်က နောက်ထပ်တစ်ကြိမ် ပထမအသင်း တိုးတက်လာဖို့အတွက် ကြီးကြီးမားမား ထပ်မံရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုက ယူအီးအက်ဖ်အေပြိုင်ပွဲ ဝင်ခွင့်ရခဲ့မှုကို အသိအမှတ်ပြုတာဖြစ်ပြီး ကိုယ်ပိုင်ဖူလုံတဲ့ ငွေကြေးအခြေခံကို ပြန်လည်ထူထောင်ဖို့ မဖြစ်မနေလိုအပ်မှုကို ကိုယ်စားပြုပါတယ်။ကျွန်တော်တို့ အာဆင်နယ်အမျိုးသမီးအသင်းနဲ့ အမျိုးသမီးပွဲစဉ်တွေကိုလည်း အားပေးမှုနဲ့ စိတ်ဝင်စားမှု သိသိသာသာဖွံ့ဖြိုးလာဖို့ ဆက်လက်ပြီး ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။”လို့ ရေးသားထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ဆယ္စုႏွစ္ ၂ ခုအတြင္း ပရီးမီးယားလိဂ္မွာ ရမွတ္စုစုေပါင္း အျမင့္မားဆုံးရရွိခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီမွာ ေပါင္ ၅၂.၁ သန္းအထိ စံခ်ိန္တင္ အရႈံးေပၚခဲ့တယ္လို႔ သိရပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာစီးတီးနဲ႔ ဆုဖလားၿပိဳင္ပြဲ ဆင္ႏႊဲခဲ့ရာမွာ ဒုတိယေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ၿပီး ဝင္ေငြ ေပါင္ ၄၆၄.၆ သန္းအထိ တိုးျမင့္လာခဲ့ေပမယ့္လည္း အရႈံးေပၚခဲ့တယ္လို႔ ေနာက္ဆုံးအသင္းရဲ႕ စာရင္းစစ္ခ်က္အရ သိရပါတယ္။

Daily Telegraph ရဲ႕ ေဖာ္ျပခ်က္အရ အဲဒီအရႈံးေပၚေငြအားလုံးဟာ နီကိုးလတ္စ္ ေပေပတစ္ဦးတည္းေၾကာင့္လို႔ သိရၿပီး အိုင္ဗရီကို႔စ္ၾကယ္ပြင့္ဟာ ၂၀၁၉ ခုႏွစ္မွာ လိုင္လီကေန အသင္းစံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၇ သန္းနဲ႔ ေျပာင္းလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ စိတ္ပ်က္စရာေကာင္းေနခဲ့တဲ့ ေပေပကို စာခ်ဳပ္ဖ်က္သိမ္းၿပီး ဆုံးရႈံးမႈေတြကို တစ္ခန္းရပ္လိုက္တာျဖစ္ပါတယ္။ ေပေပဟာ တူရကီကလပ္ ထရက္ဇြန္စေပၚကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး အာဆင္နယ္ဟာ အိုင္ဗရီကို႔စ္ၾကယ္ပြင့္ရဲ႕ လစာ၊ လက္မွတ္ထိုးေၾကးေတြအပါအဝင္ အားလုံးေပါင္း ေပါင္သန္း ၁၀၀ ေက်ာ္ ကုန္က်ခဲ့တယ္လို႔ သိရပါတယ္။

စာရင္းစစ္အဖြဲ႕ရဲ႕ ေျပာၾကားခ်က္အရ အခြန္မေဆာင္မီ အရႈံးေပၚေငြက ေပါင္ ၃၄ သန္းသာ ရွိတယ္လို႔ သိရၿပီး ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္က ေပါင္ ၄၅.၅ သန္းထက္စာရင္ အရႈံးျပမႈက ပိုမိုေလ်ာ့က်သြားတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာလည္း သိသိသာသာ မ်ားျပားတဲ့ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့ၿပီး ဒီကလန္ ႐ိုက္ကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၅ သန္းနဲ႔ ဝက္စ္ဟမ္းကေန ေခၚယူခဲ့သလို ခ်ဲလ္ဆီးက ကိုင္ ဟာဗတ္ဇ္ကို ၆၅ သန္း၊ အိုင္းယက္စ္က တင္းဘားကို ေပါင္ ၃၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၇ ႏွစ္အတြင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ပထမဆုံးအႀကိမ္ရရွိခဲ့မႈေၾကာင့္ ဝင္ေငြက သိသိသာသာ ျမင့္တက္လာၿပီး ႐ုပ္သံထုတ္လႊင့္မႈကေန ဝင္ေငြ ေပါင္ ၁၉၁.၂ သန္း(အရင္က ၁၄၆ သန္း)နဲ႔ စီးပြားေရးလုပ္ငန္းေတြဆီက ဝင္ေငြ ေပါင္ ၁၆၉.၃ သန္း(အရင္က ၁၄၁. ၇ သန္း)ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္က ထုတ္ျပန္ေၾကညာခ်က္ထဲမွာ “၂၀၂၂-၂၀၂၃ ရာသီအတြင္းနဲ႔ ၂၀၂၃ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း အသငး္က ေနာက္ထပ္တစ္ႀကိမ္ ပထမအသင္း တိုးတက္လာဖို႔အတြက္ ႀကီးႀကီးမားမား ထပ္မံရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ ဒီရင္းႏွီးျမႇဳပ္ႏွံမႈက ယူအီးအက္ဖ္ေအၿပိဳင္ပြဲ ဝင္ခြင့္ရခဲ့မႈကို အသိအမွတ္ျပဳတာျဖစ္ၿပီး ကိုယ္ပိုင္ဖူလုံတဲ့ ေငြေၾကးအေျခခံကို ျပန္လည္ထူေထာင္ဖို႔ မျဖစ္မေနလိုအပ္မႈကို ကိုယ္စားျပဳပါတယ္။ကြၽန္ေတာ္တို႔ အာဆင္နယ္အမ်ိဳးသမီးအသင္းနဲ႔ အမ်ိဳးသမီးပြဲစဥ္ေတြကိုလည္း အားေပးမႈနဲ႔ စိတ္ဝင္စားမႈ သိသိသာသာဖြံ႕ၿဖိဳးလာဖို႔ ဆက္လက္ၿပီး ႀကီးႀကီးမားမား ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။”လို႔ ေရးသားထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.