Premier League

ချဲလ်ဆီးက တောသားချဲပေါက်လျှောက်ဝယ်တယ်ဆိုတဲ့ နဗီးရဲ့မှတ်ချက်ကို တုံ့ပြန်ခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်ဟာ ဂယ်ရီ နဗီးက ချဲလ်ဆီးရဲ့ တောသားချဲပေါက် လျှောက်ဝယ်ပြီး ပေါင်သန်းဘီလီယံချီ ဖြုန်းတီးမှုလို့ ဝေဖန်ခဲ့ပြီးနောက် ပိုချက်တီနိုဘက်ကနေ ကာကွယ်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၂ ခုနှစ် မေလမှာ ရိုမန် အေဘရာမိုဗစ်ချ်ဆီကနေ တော့ဒ် ဘိုလီ လက်လွှဲဝယ်ယူခဲ့တဲ့ အချိန်ကတည်းက ကစားသမားသစ်တွေအတွက် ပေါင်ဘီလီယံချီပြီး သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနောက်လန်လန်ဒန်သားတွေဟာ ဘိုလီလက်ထက်မှာ တော်တော်လေး ရုန်းကန်နေခဲ့ရပြီး ဒီရာသီ ၂၅ ပွဲကစားပြီးနောက် အဆင့် ၁၁ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ချဲလ်ဆီးက အဆင့် ၁၂ နေရာနဲ့သာ ရာသီပြီးဆုံးခဲ့ရတာဖြစ်ပြီး ဂယ်ရီ နဗီးက တနင်္ဂနွေနေ့မှာ လီဗာပူးလ်ကို ကာရာဘောင်းဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်ကတော့ မန်ချက်စတာယူနိုက်တက်ဂန္တဝင်ရဲ့ မှတ်ချက်ကို သဘောမတူဘဲ “လူတွေက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြောကြမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်လည်း ဗိုလ်လုပွဲရှုံးခဲ့တဲ့ တခြားထိုင်ခုံတစ်ခုမှာ ရှိနေခဲ့ဖူးတာပါ။ လူတွေက ခင်ဗျား မကြားချင်တဲ့ကိစ္စတွေ အများကြီး ပြောကြတယ်။ ကျွန်တော့်တုန်းကဆို တချို့ဟာတွေက မှန်ပေမယ့် တချို့က မမှန်ပါဘူး။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ခန့်မှန်းကြည့်ပေါ့။ ကျွန်တော်က ဗိုလ်လုပွဲ ၅ ပွဲ၊ ၆ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ဖူးတဲ့သူပါ။ ချဲလ်ဆီးအတွက် ဘယ်လိုဖြစ်ခဲ့မလဲဆိုတာ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ အားလုံးက ခင်ဗျားကို ဒါနဲ့ စကားမစပ် ခင်ဗျားက နောက်ဆုံး ဗိုလ်လုပွဲ ၅ ပွဲအထိ ရှုံးခဲ့တယ်နော်။ ဒါက စံချိန်သစ်ပဲလို့ ပြောကြမှာပါ။ အဲဒါက မကောင်းပါဘူး။ သူတို့တွေအတွက် ကျွန်တော် တကယ် ခံစားရပါတယ်”

“သူတို့တွေ ဒီလို ပြစ်တင်ဝေဖန်မှုအားလုံးကို ခံရဖို့ မထိုက်တန်ခဲ့ပါဘူး။ သူတို့တွေ တကယ်ကောင်းတဲ့ပွဲကို ကစားခဲ့တာပါ။ ဗိုလ်လုပွဲမှာ ဘယ်သူကမှ အကောင်းဆုံးပုံစံမျိုး မကစားနိုင်ပါဘူး။ ခင်ဗျား ပြိုင်ဘက်ကို အနိုင်ရဖို့ပဲ ကစားရမှာပါ။ ကျွန်တော်တို့ လုပ်ခဲ့တာလည်း အဲဒါပါပဲ။ ဒါကြောင့် ဒီငွေလျှောက်ဖြုန်းတယ်ဆိုတဲ့ကိစ္စက ကျွန်တော် သဘောမတူတာပါ။ ကျွန်တော် အဲဒီလိုပြောတာကို တကယ်နားမလည်ပါဘူး။သူတို့တွေက ဖလားကို အရမ်းလိုချင်ခဲ့ပြီး မရခဲ့ပါဘူး။ ကစားသမားတွေနဲ့ ပိုချက်တီနိုရဲ့ မျက်နှာကို ပွဲအပြီးမှာ ကျွန်တော် မြင်ခဲ့တယ်။ တော်တော်ဆိုးဆိုးရွားရွား ခံစားနေခဲ့ကြတာပါ။ အားလုံးက ဒီလိုခံစားချက်မျိုးနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် ဗိုလ်လုပွဲမှာ အဲဒီလိုမျိုးပါပဲ။ တစ်ယောက်က ပျော်နေပြီး တစ်ယောက်က ဝမ်းနည်းနေရမယ်။ တော်တော်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ နေထိုင်နေရတဲ့ ကမ္ဘာကြီးပဲလေ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္ဟာ ဂယ္ရီ နဗီးက ခ်ဲလ္ဆီးရဲ႕ ေတာသားခ်ဲေပါက္ ေလွ်ာက္ဝယ္ၿပီး ေပါင္သန္းဘီလီယံခ်ီ ျဖဳန္းတီးမႈလို႔ ေဝဖန္ခဲ့ၿပီးေနာက္ ပိုခ်က္တီႏိုဘက္ကေန ကာကြယ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၂၀၂၂ ခုႏွစ္ ေမလမွာ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ဆီကေန ေတာ့ဒ္ ဘိုလီ လက္လႊဲဝယ္ယူခဲ့တဲ့ အခ်ိန္ကတည္းက ကစားသမားသစ္ေတြအတြက္ ေပါင္ဘီလီယံခ်ီၿပီး သုံးစြဲခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အေနာက္လန္လန္ဒန္သားေတြဟာ ဘိုလီလက္ထက္မွာ ေတာ္ေတာ္ေလး ႐ုန္းကန္ေနခဲ့ရၿပီး ဒီရာသီ ၂၅ ပြဲကစားၿပီးေနာက္ အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ခ်ဲလ္ဆီးက အဆင့္ ၁၂ ေနရာနဲ႔သာ ရာသီၿပီးဆုံးခဲ့ရတာျဖစ္ၿပီး ဂယ္ရီ နဗီးက တနဂၤေႏြေန႔မွာ လီဗာပူးလ္ကို ကာရာေဘာင္းဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကေလာ့ပ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ရဲ႕ မွတ္ခ်က္ကို သေဘာမတူဘဲ “လူေတြက အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေျပာၾကမယ္ဆိုတာ ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္လည္း ဗိုလ္လုပြဲရႈံးခဲ့တဲ့ တျခားထိုင္ခုံတစ္ခုမွာ ရွိေနခဲ့ဖူးတာပါ။ လူေတြက ခင္ဗ်ား မၾကားခ်င္တဲ့ကိစၥေတြ အမ်ားႀကီး ေျပာၾကတယ္။ ကြၽန္ေတာ့္တုန္းကဆို တခ်ိဳ႕ဟာေတြက မွန္ေပမယ့္ တခ်ိဳ႕က မမွန္ပါဘူး။ ဘာေတြ ျဖစ္ခဲ့လဲဆိုတာကို ခန႔္မွန္းၾကည့္ေပါ့။ ကြၽန္ေတာ္က ဗိုလ္လုပြဲ ၅ ပြဲ၊ ၆ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့ဖူးတဲ့သူပါ။ ခ်ဲလ္ဆီးအတြက္ ဘယ္လိုျဖစ္ခဲ့မလဲဆိုတာ ကြၽန္ေတာ္ ေတြးၾကည့္လို႔ရပါတယ္။ အားလုံးက ခင္ဗ်ားကို ဒါနဲ႔ စကားမစပ္ ခင္ဗ်ားက ေနာက္ဆုံး ဗိုလ္လုပြဲ ၅ ပြဲအထိ ရႈံးခဲ့တယ္ေနာ္။ ဒါက စံခ်ိန္သစ္ပဲလို႔ ေျပာၾကမွာပါ။ အဲဒါက မေကာင္းပါဘူး။ သူတို႔ေတြအတြက္ ကြၽန္ေတာ္ တကယ္ ခံစားရပါတယ္”

“သူတို႔ေတြ ဒီလို ျပစ္တင္ေဝဖန္မႈအားလုံးကို ခံရဖို႔ မထိုက္တန္ခဲ့ပါဘူး။ သူတို႔ေတြ တကယ္ေကာင္းတဲ့ပြဲကို ကစားခဲ့တာပါ။ ဗိုလ္လုပြဲမွာ ဘယ္သူကမွ အေကာင္းဆုံးပုံစံမ်ိဳး မကစားႏိုင္ပါဘူး။ ခင္ဗ်ား ၿပိဳင္ဘက္ကို အႏိုင္ရဖို႔ပဲ ကစားရမွာပါ။ ကြၽန္ေတာ္တို႔ လုပ္ခဲ့တာလည္း အဲဒါပါပဲ။ ဒါေၾကာင့္ ဒီေငြေလွ်ာက္ျဖဳန္းတယ္ဆိုတဲ့ကိစၥက ကြၽန္ေတာ္ သေဘာမတူတာပါ။ ကြၽန္ေတာ္ အဲဒီလိုေျပာတာကို တကယ္နားမလည္ပါဘူး။သူတို႔ေတြက ဖလားကို အရမ္းလိုခ်င္ခဲ့ၿပီး မရခဲ့ပါဘူး။ ကစားသမားေတြနဲ႔ ပိုခ်က္တီႏိုရဲ႕ မ်က္ႏွာကို ပြဲအၿပီးမွာ ကြၽန္ေတာ္ ျမင္ခဲ့တယ္။ ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ခံစားေနခဲ့ၾကတာပါ။ အားလုံးက ဒီလိုခံစားခ်က္မ်ိဳးနဲ႔ ထိုက္တန္တယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဒါေပမယ့္ ဗိုလ္လုပြဲမွာ အဲဒီလိုမ်ိဳးပါပဲ။ တစ္ေယာက္က ေပ်ာ္ေနၿပီး တစ္ေယာက္က ဝမ္းနည္းေနရမယ္။ ေတာ္ေတာ္ရႈပ္ေထြးပါတယ္။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ ေနထိုင္ေနရတဲ့ ကမာၻႀကီးပဲေလ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.