Premier League

အနည်းဆုံး ကစားသမား ၁၀ ဦးနဲ့ လမ်းခွဲသွားမယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ အိုးထရက်ဖို့ဒ်က သွေးသစ်လောင်းမယ့် လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ အနည်းဆုံး ကစားသမား ၁၀ ဦးအထိ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီး အန်တိုနီအတွက်လည်း ကမ်းလှမ်းမှုတွေ နားထောင်သွားမယ်လို့ သိရပါတယ်။

ဆာဂျင်မ် ရက်ကလစ်ဖ်ရောက်လာပြီးနောက်ပိုင်း ကွင်းပြင်ပမှာ အပြောင်းအလဲတွေ ပြုလုပ်နေပြီဖြစ်ပြီး INEOS ဟာ အသင်းရဲ့ ဘောလုံးလုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်သွားမယ်လို့ ယူဆခြင်းခံထားရပါတယ်။ မန်ချက်စတာစီးတီးက အိုမာ ဘာရာဒါဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အလုပ်အမှုဆောင်ချုပ်သစ်ဖြစ်လာခဲ့ပြီး နယူးကာဆယ် အားကစားဒါရိုက်တာ ဒန် အက်ရှ်ဝေါ့သ်ကိုလည်း မန်ယူနိုက်တက်က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ကွင်းအတွင်းမှာလည်း မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး၊ ကွင်းလယ်၊ ဗဟိုခံစစ်နဲ့ ညာနောက်ခံကစားသမားတွေကို လာမယ့်နွေရာသီမှာ ခေါ်ယူသွားဖို့ မျှော်လင့်နေပေမယ့်လည်း ပရီးမီးယားလိဂ် အကျိုးအမြတ်နဲ့ ရေရှည်ရပ်တည်နိုင်ရေးစည်းမျဉ်းတွေကို စိုးရိမ်ရမှာဖြစ်ပါတယ်။

ရက်ကလစ်ဖ်ဟာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့အတွက် ကစားသမားအရင်ရောင်းချတာက အကောင်းဆုံးဖြစ်တာကြောင့် ရောင်းချလို့ရနိုင်တဲ့ ကစားသမားအများအပြားကို သတ်မှတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ရောင်းထုတ်မယ့်ကစားသမားတွေထဲမှာ ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီလည်း ပါဝင်နေပြီး အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ မန်ယူနိုက်တက်သမိုင်းမှာ ဒုတိယမြောက်စျေးအကြီးဆုံးကစားသမားဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ဧပြီလကတည်းက ပရီးမီးယားလိဂ်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးတာဖြစ်ပါတယ်။

ဆန်ချို၊ ဗန်ဒီဘိခ်၊ မက်ဂျ်ဘရီတို့ဟာ ဇန်နဝါရီမှာ အငှားနဲ့ ထွက်ကစားခဲ့ကြပြီး ရောင်းထုတ်မယ့် ကစားသမားတွေထဲမှာ ပါဝင်နေတယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။ ဆိုဖရန် အမ်မရာဘတ်ဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အငှားကစားသမားဘဝ ကုန်ဆုံးမယ့် နွေရာသီမှာ ဖီအိုရင်တီးနားကို ပြန်သွားမှာဖြစ်ပြီး ဗာရွမ်း၊ မာစီယယ်လ်၊ တွမ်ဟီတန်တို့အားလုံးကလည်း ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

မာစီယယ်လ်နဲ့ ဗာရွမ်းတို့ ထွက်ခွာမှုကြောင့် အသင်းရဲ့ လစာပေးချေနေရတဲ့ ဘတ်ဂျက်ပမာဏက လျော့ကျသွားမှာဖြစ်ပြီး ဘစ်ဆာကာ၊ လင်ဒီလော့ဖ်နဲ့ ပယ်လီစထရီတို့ကလည်း ရာသီကုန်မှာ စာချုပ်သက်တမ်း ၁ နှစ်လောက်သာ ကျန်တော့မှာဖြစ်တာကြောင့် ရောင်းထုတ်မယ့်စာရင်းထဲ ပါဝင်နေပါတယ်။

ဂီတာဖေးကို အငှားနဲ့ ထွက်ကစားနေတဲ့ မေဆန် ဂရင်းဝုဒ်အတွက်တော့ မန်ချက်စတာယူနိုက်တက်က ဆုံးဖြတ်ချက် ချမှတ်ရခြင်းမရှိသေးဘဲ ရက်ကလစ်ဖ်ကတော့ အင်္ဂလန်တိုက်စစ်မှူးအတွက် အိုးထရက်ဖို့ဒ်မှာ အနာဂတ်ရှိနေနိုင်သေးတယ်လို့ အရိပ်အမြွက် ပြောဆိုထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေႏြရာသီမွာ အိုးထရက္ဖို႔ဒ္က ေသြးသစ္ေလာင္းမယ့္ လုပ္ငန္းစဥ္ရဲ႕ တစိတ္တပိုင္းအေနနဲ႔ အနည္းဆုံး ကစားသမား ၁၀ ဦးအထိ ေရာင္းထုတ္သြားဖို႔ စီစဥ္ေနၿပီး အန္တိုနီအတြက္လည္း ကမ္းလွမ္းမႈေတြ နားေထာင္သြားမယ္လို႔ သိရပါတယ္။

ဆာဂ်င္မ္ ရက္ကလစ္ဖ္ေရာက္လာၿပီးေနာက္ပိုင္း ကြင္းျပင္ပမွာ အေျပာင္းအလဲေတြ ျပဳလုပ္ေနၿပီျဖစ္ၿပီး INEOS ဟာ အသင္းရဲ႕ ေဘာလုံးလုပ္ငန္းေဆာင္တာေတြကို ထိန္းခ်ဳပ္သြားမယ္လို႔ ယူဆျခင္းခံထားရပါတယ္။ မန္ခ်က္စတာစီးတီးက အိုမာ ဘာရာဒါဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အလုပ္အမႈေဆာင္ခ်ဳပ္သစ္ျဖစ္လာခဲ့ၿပီး နယူးကာဆယ္ အားကစားဒါ႐ိုက္တာ ဒန္ အက္ရွ္ေဝါ့သ္ကိုလည္း မန္ယူႏိုက္တက္က ပစ္မွတ္ထားေနတာျဖစ္ပါတယ္။

ကြင္းအတြင္းမွာလည္း မန္ခ်က္စတာယူႏိုက္တက္ဟာ တိုက္စစ္မႉး၊ ကြင္းလယ္၊ ဗဟိုခံစစ္နဲ႔ ညာေနာက္ခံကစားသမားေတြကို လာမယ့္ေႏြရာသီမွာ ေခၚယူသြားဖို႔ ေမွ်ာ္လင့္ေနေပမယ့္လည္း ပရီးမီးယားလိဂ္ အက်ိဳးအျမတ္နဲ႔ ေရရွည္ရပ္တည္ႏိုင္ေရးစည္းမ်ဥ္းေတြကို စိုးရိမ္ရမွာျဖစ္ပါတယ္။

ရက္ကလစ္ဖ္ဟာ ကစားသမားသစ္ေတြေခၚယူႏိုင္ဖို႔အတြက္ ကစားသမားအရင္ေရာင္းခ်တာက အေကာင္းဆုံးျဖစ္တာေၾကာင့္ ေရာင္းခ်လို႔ရႏိုင္တဲ့ ကစားသမားအမ်ားအျပားကို သတ္မွတ္ထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ေရာင္းထုတ္မယ့္ကစားသမားေတြထဲမွာ ဘရာဇီးလ္ေတာင္ပံကစားသမား အန္တိုနီလည္း ပါဝင္ေနၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ကစားသမားဟာ မန္ယူႏိုက္တက္သမိုင္းမွာ ဒုတိယေျမာက္ေစ်းအႀကီးဆုံးကစားသမားျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ဧၿပီလကတည္းက ပရီးမီးယားလိဂ္မွာ တစ္ဂိုးမွ မသြင္းႏိုင္ေသးတာျဖစ္ပါတယ္။

ဆန္ခ်ိဳ၊ ဗန္ဒီဘိခ္၊ မက္ဂ်္ဘရီတို႔ဟာ ဇန္နဝါရီမွာ အငွားနဲ႔ ထြက္ကစားခဲ့ၾကၿပီး ေရာင္းထုတ္မယ့္ ကစားသမားေတြထဲမွာ ပါဝင္ေနတယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။ ဆိုဖရန္ အမ္မရာဘတ္ဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့အငွားကစားသမားဘဝ ကုန္ဆုံးမယ့္ ေႏြရာသီမွာ ဖီအိုရင္တီးနားကို ျပန္သြားမွာျဖစ္ၿပီး ဗာ႐ြမ္း၊ မာစီယယ္လ္၊ တြမ္ဟီတန္တို႔အားလုံးကလည္း ဒီရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

မာစီယယ္လ္နဲ႔ ဗာ႐ြမ္းတို႔ ထြက္ခြာမႈေၾကာင့္ အသင္းရဲ႕ လစာေပးေခ်ေနရတဲ့ ဘတ္ဂ်က္ပမာဏက ေလ်ာ့က်သြားမွာျဖစ္ၿပီး ဘစ္ဆာကာ၊ လင္ဒီေလာ့ဖ္နဲ႔ ပယ္လီစထရီတို႔ကလည္း ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ေလာက္သာ က်န္ေတာ့မွာျဖစ္တာေၾကာင့္ ေရာင္းထုတ္မယ့္စာရင္းထဲ ပါဝင္ေနပါတယ္။

ဂီတာေဖးကို အငွားနဲ႔ ထြက္ကစားေနတဲ့ ေမဆန္ ဂရင္းဝုဒ္အတြက္ေတာ့ မန္ခ်က္စတာယူႏိုက္တက္က ဆုံးျဖတ္ခ်က္ ခ်မွတ္ရျခင္းမရွိေသးဘဲ ရက္ကလစ္ဖ္ကေတာ့ အဂၤလန္တိုက္စစ္မႉးအတြက္ အိုးထရက္ဖို႔ဒ္မွာ အနာဂတ္ရွိေနႏိုင္ေသးတယ္လို႔ အရိပ္အႁမြက္ ေျပာဆိုထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.