Carabao & FA Match Report

လူစားဝင်ကစားသမား ချာတိတ်လေးကြောင့် အက်ဖ်အေကွာတားတက်ခဲ့တဲ့ လက်စတာ

အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ လက်စတာစီးတီးတို့ရဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ မြေခွေးတွေအတွက် အချိန်ပိုမှာ လူငယ်ကစားသမားလေး အစ်ဆာဟာကူက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဘုန်းမောက်ဟာ လက်စတာစီးတီးနဲ့ပွဲစဉ်ကို ပြီးခဲ့တဲ့ ၅ ပွဲစလုံး နိုင်ပွဲမရခဲ့တဲ့အသင်းအဖြစ်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းစကတည်းက လက်စတာရဲ့ ဖိအားပေးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင်တို့က ကစားပုံ ပိုမိုကောင်းမွန်လာခဲ့ပြီး ဂိုးကန်သွင်းမှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အပိုင်အခွင့်အရေး ၃ ကြိမ် ရရှိခဲ့ရာမှာ ၃ ကြိမ်စလုံး အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးကလည်း ဘုန်းမောက်ကို အနိုင်ရရှိစေမယ့် အပိုင်ဂိုးသွင်းခွင့် ၄ ကြိမ်အထိ ရခဲ့ပေမယ့်လည်း ၄ ကြိမ်စလုံးကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် အချိန်ပိုထိ ဆက်ကစားခဲ့ရပါတယ်။

အချိန်ပို ပထမပိုင်း ပြီးဆုံးခါနီးမှာ ဒုတိယပိုင်းတုန်းက လူစားဝင်ကစားပေးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် အက်ဗ်ဒူလ် အစ်ဆာဟာကူက အီယန်နာချိုပေးပို့လိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအပြင်ဘက်မှာ ရယူပြီးနောက် အံ့အားသင့်ဖွယ်ကန်ချက်နဲ့ ဂိုးဘယ်ဖက် အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤါေန႔ညက ကစားခဲ့တဲ့ ဘုန္းေမာက္နဲ႔ လက္စတာစီးတီးတို႔ရဲ႕ အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္မွာ ေျမေခြးေတြအတြက္ အခ်ိန္ပိုမွာ လူငယ္ကစားသမားေလး အစ္ဆာဟာကူက အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ဘုန္းေမာက္ဟာ လက္စတာစီးတီးနဲ႔ပြဲစဥ္ကို ၿပီးခဲ့တဲ့ ၅ ပြဲစလုံး ႏိုင္ပြဲမရခဲ့တဲ့အသင္းအျဖစ္နဲ႔ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ပထမပိုင္းစကတည္းက လက္စတာရဲ႕ ဖိအားေပးမႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ အိမ္ရွင္တို႔က ကစားပုံ ပိုမိုေကာင္းမြန္လာခဲ့ၿပီး ဂိုးကန္သြင္းမႈေတြ အမ်ားအျပား ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း အပိုင္အခြင့္အေရး ၃ ႀကိမ္ ရရွိခဲ့ရာမွာ ၃ ႀကိမ္စလုံး အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္စတာစီးတီးကလည္း ဘုန္းေမာက္ကို အႏိုင္ရရွိေစမယ့္ အပိုင္ဂိုးသြင္းခြင့္ ၄ ႀကိမ္အထိ ရခဲ့ေပမယ့္လည္း ၄ ႀကိမ္စလုံးကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ အခ်ိန္ပိုထိ ဆက္ကစားခဲ့ရပါတယ္။

အခ်ိန္ပို ပထမပိုင္း ၿပီးဆုံးခါနီးမွာ ဒုတိယပိုင္းတုန္းက လူစားဝင္ကစားေပးခဲ့တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ အက္ဗ္ဒူလ္ အစ္ဆာဟာကူက အီယန္နာခ်ိဳေပးပို႔လိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာအျပင္ဘက္မွာ ရယူၿပီးေနာက္ အံ့အားသင့္ဖြယ္ကန္ခ်က္နဲ႔ ဂိုးဘယ္ဖက္ အေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.