Carabao & FA Match Report

လူတန်ကို ၆ ဂိုးသွတ်ပြီး ပြိုင်ဘက်တွေကို ခြိမ်းခြောက်လိုက်တဲ့ မန်စီးတီး

အင်္ဂါနေ့ညက ကစားခဲ့တဲ့ လူတန်တောင်းနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲမှာ ဂွါဒီယိုလာရဲ့အသင်းက ကန်နေးလ်ဝေါ့သ် ရုဒ်မှာ ဟာလန်းရဲ့ သွင်းဂိုးတွေကြောင့် ၆-၂ နဲ့ အနိုင်ရခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးရဲ့ အက်ဖ်အေဖလား နိုင်ပွဲမှာ တစ်ဦးတည်း သွင်းဂိုး ၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ကြောက်မက်ဖွယ် သတင်းစကား ပေးပို့နိုင်ခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးကို အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်အောင် ကူညီပေးနိုင်ခဲ့သလို တစ်ပွဲတည်းမှာ ၅ ဂိုးအထိ တစ်ကြိမ်ထက်ပိုပြီး သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော မန်စီးတီးကစားသမားအဖြစ်လည်း စံချိန်သစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဟာလန်းဟာ မကြာသေးမီကမှ ၂ လကြာအနားယူခဲ့ရတဲ့ ခြေထောက်ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့သူဖြစ်ပြီး ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရဖို့အတွက် အချိန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာလန်းက လူတန်တောင်းကို တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးကို နောက်ထပ် ဖလား ၃ လုံးရယူပေးဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြိုင်ဘက်တွေကို သတိပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာစီးတီးဟာ ဖလား ၃ လုံး တပြိုင်နက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်သာ ကွာဟနေသလို ချန်ပီယံလိဂ်မှာ ၁၆ သင်းရှုံးထွက်၊ အက်ဖ်အေဖလားမှာ ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့ပြီစြဖ်ပါတယ်။

ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ကန်နေးလ်ဝေါ့သ်ရုဒ်မှာ လူတန် ခံစစ်ကို တစ်ပွဲလုံး ၎င်းရဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှု၊ ထိပ်တန်းအဆင့် ရွေ့လျားနိုင်စွမ်း၊ အညှာအတာင်းမဲ့တဲ့ အဆုံးသတ်နဲ့ နှိပ်စက် ညှင်းပန်းခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ အစ်တီဟတ်ကို ရောက်လာပြီးကတည်းက မရေမတွက်နိုင်တဲ့ စံချိန်တွေကို ရိုက်ချိုးခဲ့ပြီး အဲဒီအချိန်ကတည်းက ပရီးမီးယားလိဂ်က ဘယ်လိုကစားသမားမျိုးထက်မဆို ပြိုင်ပွဲစုံမှာ ဂိုး ၃၀ ကျော် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပထမပိုင်း ၃ မိနစ်မှာပဲ ဒီဘရိုင်းနားရဲ့ ဘယ်တောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို သက်တောင့်သက်သာ ပိတ်သွင်းယူပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၁၈ မိနစ်နဲ့ မိနစ် ၄၀ တို့မှာ ဒီဘရိုင်းနားကပဲ နော်ဝေကြယ်ပွင့်အတွက် နောက်ထပ် သွင်းဂိုး ၂ ဂိုးဖန်တီးပေးခဲ့ပြီး ဟက်ထရစ်ကိုယ်စီ ရရှိခဲ့ကြပါတယ်။

ပထမပိုင်းပြီးဆုံးခါနီးမှာ ကလာ့ခ်က လူတန်တောင်းအတွက် ချေပဂိုး တစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၇ မိနစ်အကြာမှာ နောက်ထပ် ချေပဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိနေပြီဖြစ်တဲ့ ဟာလန်းက ၅၅ မိနစ်နဲ့ ၅၈ မိနစ်တို့မှာ နောက်ထပ် ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူသွားခဲ့တာကြောင့် လူတန်တို့ ဘယ်လိုမှ ပြန်မလာနိုင်တော့ဘဲ ၇၂ မိနစ်မှာ ကိုဗာချစ်က ဆဌမမြောက်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းအစ်တီဟတ်မှာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားဖို့ရှိနေပြီး ပြီးခဲ့တဲ့နှစ်တုန်းကလို ဟက်ထရစ်သွင်းယူနိုင်မယ့် ခြေစွမ်းမျိုး ဟာလန်း ပြန်လည်ရရှိလာတာက သရဲနီတွေအတွက် သတင်းဆိုးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤါေန႔ညက ကစားခဲ့တဲ့ လူတန္ေတာင္းနဲ႔ မန္ခ်က္စတာစီးတီးတို႔ရဲ႕ အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲမွာ ဂြါဒီယိုလာရဲ႕အသင္းက ကန္ေနးလ္ေဝါ့သ္ ႐ုဒ္မွာ ဟာလန္းရဲ႕ သြင္းဂိုးေတြေၾကာင့္ ၆-၂ နဲ႔ အႏိုင္ရခဲ့ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးရဲ႕ အက္ဖ္ေအဖလား ႏိုင္ပြဲမွာ တစ္ဦးတည္း သြင္းဂိုး ၅ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို ေၾကာက္မက္ဖြယ္ သတင္းစကား ေပးပို႔ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ မန္ခ်က္စတာစီးတီးကို အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့သလို တစ္ပြဲတည္းမွာ ၅ ဂိုးအထိ တစ္ႀကိမ္ထက္ပိုၿပီး သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးေသာ မန္စီးတီးကစားသမားအျဖစ္လည္း စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဟာလန္းဟာ မၾကာေသးမီကမွ ၂ လၾကာအနားယူခဲ့ရတဲ့ ေျခေထာက္ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့သူျဖစ္ၿပီး ႀကံ့ခိုင္မႈအျပည့္အဝ ျပန္ရဖို႔အတြက္ အခ်ိန္ယူခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟာလန္းက လူတန္ေတာင္းကို တစ္ဦးတည္း ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ မန္ခ်က္စတာစီးတီးကို ေနာက္ထပ္ ဖလား ၃ လုံးရယူေပးဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ၿပိဳင္ဘက္ေတြကို သတိေပးခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာစီးတီးဟာ ဖလား ၃ လုံး တၿပိဳင္နက္ ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာလည္း အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၁ မွတ္သာ ကြာဟေနသလို ခ်န္ပီယံလိဂ္မွာ ၁၆ သင္းရႈံးထြက္၊ အက္ဖ္ေအဖလားမွာ ကြာတားဖိုင္နယ္အဆင့္အထိ တက္ေရာက္ထားႏိုင္ခဲ့ၿပီျစဖ္ပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ ကန္ေနးလ္ေဝါ့သ္႐ုဒ္မွာ လူတန္ ခံစစ္ကို တစ္ပြဲလုံး ၎ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈ၊ ထိပ္တန္းအဆင့္ ေ႐ြ႕လ်ားႏိုင္စြမ္း၊ အညႇာအတာင္းမဲ့တဲ့ အဆုံးသတ္နဲ႔ ႏွိပ္စက္ ညႇင္းပန္းခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ အစ္တီဟတ္ကို ေရာက္လာၿပီးကတည္းက မေရမတြက္ႏိုင္တဲ့ စံခ်ိန္ေတြကို ႐ိုက္ခ်ိဳးခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက ပရီးမီးယားလိဂ္က ဘယ္လိုကစားသမားမ်ိဳးထက္မဆို ၿပိဳင္ပြဲစုံမွာ ဂိုး ၃၀ ေက်ာ္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ပထမပိုင္း ၃ မိနစ္မွာပဲ ဒီဘ႐ိုင္းနားရဲ႕ ဘယ္ေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို သက္ေတာင့္သက္သာ ပိတ္သြင္းယူၿပီး အဖြင့္ဂိုး သြင္းယူေပးခဲ့ၿပီး ၁၈ မိနစ္နဲ႔ မိနစ္ ၄၀ တို႔မွာ ဒီဘ႐ိုင္းနားကပဲ ေနာ္ေဝၾကယ္ပြင့္အတြက္ ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးဖန္တီးေပးခဲ့ၿပီး ဟက္ထရစ္ကိုယ္စီ ရရွိခဲ့ၾကပါတယ္။

ပထမပိုင္းၿပီးဆုံးခါနီးမွာ ကလာ့ခ္က လူတန္ေတာင္းအတြက္ ေခ်ပဂိုး တစ္ဂိုး ျပန္လည္သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္ ၇ မိနစ္အၾကာမွာ ေနာက္ထပ္ ေခ်ပဂိုး တစ္ဂိုး သြင္းယူႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းလာခဲ့ပါတယ္။

ဒါေပမယ့္လည္း ထိပ္တန္းေျခစြမ္း ျပန္လည္ရရွိေနၿပီျဖစ္တဲ့ ဟာလန္းက ၅၅ မိနစ္နဲ႔ ၅၈ မိနစ္တို႔မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ ဆက္တိုက္သြင္းယူသြားခဲ့တာေၾကာင့္ လူတန္တို႔ ဘယ္လိုမွ ျပန္မလာႏိုင္ေတာ့ဘဲ ၇၂ မိနစ္မွာ ကိုဗာခ်စ္က ဆဌမေျမာက္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လာမယ့္ တနဂၤေႏြေန႔မွာ မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္းအစ္တီဟတ္မွာ မန္ခ်က္စတာဒါဘီပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားဖို႔ရွိေနၿပီး ၿပီးခဲ့တဲ့ႏွစ္တုန္းကလို ဟက္ထရစ္သြင္းယူႏိုင္မယ့္ ေျခစြမ္းမ်ိဳး ဟာလန္း ျပန္လည္ရရွိလာတာက သရဲနီေတြအတြက္ သတင္းဆိုးျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.