Premier League

မန်ချက်စတာဒါဘီမတိုင်ခင် စိုးရိမ်စရာဟောကိန်းထုတ်ခဲ့တဲ့ နဗီး

ဂယ်ရီ နဗီးက လာမယ့် တနင်္ဂနွေနေ့ အစ်တီဟတ်မှာ ကစားရမယ့် မန်ချက်စတာဒါဘီအတွက် ကြိုတင်ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ကံကိုပုံပြီး ဆူးပုံနင်းရမှာကို ကြောက်ရွံ့နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၄ ပွဲဆက်နိုင်ပွဲကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ပြန်လည်အသက်ဝင်လာပြီးနောက်ပိုင်း ပုံစံကောင်းနဲ့ အရှိန်ပြန်ရလာခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း စနေနေ့က ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ မန်ချက်စတာယူနိုက်တက်အတွက် ဥရောပဝင်ခွင့်ရဖို့ကသာ အကောင်းဆုံးဖြစ်နေပြီး အဲဒီမျှော်လင့်ချက်ဟာ တနင်္ဂနွေနေ့ အစ်တီဟတ်မှာ လက်ရှိ ချန်ပီယံတွေဖြစ်တဲ့ မန်စီးတီးနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲမှာ နောက်ထပ်တစ်ကြိမ် ကြီးကြီးမားမား ထိုးနှက်ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီအစောပိုင်းတုန်းက ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းက ရှုံးနိမ့်ခဲ့ပြီး ဖိုဒန်နဲ့ ဟာလန်းတို့ ၂ ဦးစလုံး ဟက်ထရစ်သွင်းဂိုးတွေ ရရှိခဲ့ကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ တန်ဟက်လက်အောက် ကြီး ၆ ကြီးနဲ့ အဝေးကွင်းမှတ်တမ်းအရ ဂယ်ရီ နဗီးက အသင်းဟောင်းအနေနဲ့ ဘယ်လိုအခြေအနေမျိုးနဲ့မှ ရလဒ်ကောင်းရဖို့ မမြင်ဘူးလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“လာမယ့်အပတ် စီးတီးနဲ့ပွဲမှာ ခင်ဗျား မကစားခင်ကတည်းက ရှုံးနေပြီးသားပါ။ ခင်ဗျား ဘာပြောနိုင်မှာလဲ။ ခင်​ဗျားအနေနဲ့ မန်ချက်စတာယူနိုက်တက်က အဲဒီပွဲကနေ လေးစားစရာအဆင့်အချို့နဲ့အတူ ပြန်လာနိုင်ဖို့ကို နည်းနည်းတွေးနေတာကိုက ကံကိုယုံပြီး ဆူးပုံနင်းရသလို ဖြစ်လုနီးပါးဖြစ်နေပါပြီ။ အဲဒီပွဲစဉ်က ခင်ဗျား သရဲနီတစ်ယောက်အနေနဲ့ စတင်ဖို့ ဆိုးရွားတဲ့နေရာပါ။ ခင်ဗျား ဒီပွဲကို ကောင်းကောင်း လုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကစားသွားရမှာဖြစ်ပြီး ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်တယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ အဲဒီပွဲက ဂိုးနည်းမယ့်ပွဲလို့ မျှော်လင့်ပြီး သရေလောက်တော့ ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ခင်​ဗျား အဲဒီမှာ ငါတို့တွေ အနိုင်ရသွားနိုင်တယ်လို့ စပြီး မတွေးခင်မှာ ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေက တသီတတန်းကြီးပါ။ ခင်ဗျားအနေနဲ့ ငါတို့တွေ ဒီပွဲကို ဘယ်လိုလုပ်နိုင်အောင် ကစားနိုင်မှာလဲဆိုတဲ့ အတွေးကနေ ရုန်းမထွက်နိုင်ဖြစ်နေမှာပါ။ ဒါက မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ယောက်အနေနဲ့ ငါတို့တွေ ဒီပွဲကို နိုင်အောင် ဘယ်လိုကစားမှာလဲဆိုပြီး ကျွန်တော် အမြဲတမ်းတွေးခဲ့တဲ့ တွေးတောခြင်းလုပ်ငန်းစဉ်ပါ။။ မန်ချကစ်တာယူနိုက်တက်က ဒီနေ့ ဒီပွဲမှာ ဘယ်လို အနိုင်ကစားနိုင်မလဲ။ အသင်းကြီးတွေနဲ့ အဝေးကွင်းမှာ ဒီလိုမျိုး ကစားရတဲ့ပွဲမှာဆို တွေးဖို့က ပိုပိုပြီး ခက်ခဲလာပါတယ်။ သူတို့တွေ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက အက်စတန် ဗီလာကို ကြီးမားတဲ့ အဝေးကွင်းနိုင်ပွဲရခဲ့တာ ပထမဆုံးအကြိမ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အဲဒီပွဲတောင်မှ ရှုံးသွားနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့တွေ အဝေးကွင်းမှာ အသင်းကြီးကို အနိုင်ယူပြီး ရမှတ်ရယူဖို့ ဘယ်လိုလုပ်လဲဆိုတာ ခင်ဗျား တွေးမိမှာပါ။ ကျွန်တော်တို့ ဘာဖြစ်လာမလဲ ကြည့်တာပေါ့။ ကျွန်တော်ကတော့ဒီနေ့ကတည်းက စိုးရိမ်နေပါပြီ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂယ္ရီ နဗီးက လာမယ့္ တနဂၤေႏြေန႔ အစ္တီဟတ္မွာ ကစားရမယ့္ မန္ခ်က္စတာဒါဘီအတြက္ ႀကိဳတင္ျပင္ဆင္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ဟာ ကံကိုပုံၿပီး ဆူးပုံနင္းရမွာကို ေၾကာက္႐ြံ႕ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၄ ပြဲဆက္ႏိုင္ပြဲေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္က ျပန္လည္အသက္ဝင္လာၿပီးေနာက္ပိုင္း ပုံစံေကာင္းနဲ႔ အရွိန္ျပန္ရလာခဲ့ပုံေပၚခဲ့ေပမယ့္လည္း စေနေန႔က ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့ပါတယ္။

လက္ရွိအေျခအေနမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဥေရာပဝင္ခြင့္ရဖို႔ကသာ အေကာင္းဆုံးျဖစ္ေနၿပီး အဲဒီေမွ်ာ္လင့္ခ်က္ဟာ တနဂၤေႏြေန႔ အစ္တီဟတ္မွာ လက္ရွိ ခ်န္ပီယံေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ ႀကီးႀကီးမားမား ထိုးႏွက္ခံရဖြယ္ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီအေစာပိုင္းတုန္းက ကစားခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္တုန္းက ရႈံးနိမ့္ခဲ့ၿပီး ဖိုဒန္နဲ႔ ဟာလန္းတို႔ ၂ ဦးစလုံး ဟက္ထရစ္သြင္းဂိုးေတြ ရရွိခဲ့ၾကတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တန္ဟက္လက္ေအာက္ ႀကီး ၆ ႀကီးနဲ႔ အေဝးကြင္းမွတ္တမ္းအရ ဂယ္ရီ နဗီးက အသင္းေဟာင္းအေနနဲ႔ ဘယ္လိုအေျခအေနမ်ိဳးနဲ႔မွ ရလဒ္ေကာင္းရဖို႔ မျမင္ဘူးလို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“လာမယ့္အပတ္ စီးတီးနဲ႔ပြဲမွာ ခင္ဗ်ား မကစားခင္ကတည္းက ရႈံးေနၿပီးသားပါ။ ခင္ဗ်ား ဘာေျပာႏိုင္မွာလဲ။ ခင္​ဗ်ားအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္က အဲဒီပြဲကေန ေလးစားစရာအဆင့္အခ်ိဳ႕နဲ႔အတူ ျပန္လာႏိုင္ဖို႔ကို နည္းနည္းေတြးေနတာကိုက ကံကိုယုံၿပီး ဆူးပုံနင္းရသလို ျဖစ္လုနီးပါးျဖစ္ေနပါၿပီ။ အဲဒီပြဲစဥ္က ခင္ဗ်ား သရဲနီတစ္ေယာက္အေနနဲ႔ စတင္ဖို႔ ဆိုး႐ြားတဲ့ေနရာပါ။ ခင္ဗ်ား ဒီပြဲကို ေကာင္းေကာင္း လုပ္ႏိုင္မွာမဟုတ္ဘူးဆိုတဲ့စိတ္နဲ႔ ကစားသြားရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီပြဲက ဂိုးနည္းမယ့္ပြဲလို႔ ေမွ်ာ္လင့္ၿပီး သေရေလာက္ေတာ့ ရႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ခင္​ဗ်ား အဲဒီမွာ ငါတို႔ေတြ အႏိုင္ရသြားႏိုင္တယ္လို႔ စၿပီး မေတြးခင္မွာ ခင္ဗ်ားစိတ္ထဲမွာ ေတြးစရာေတြက တသီတတန္းႀကီးပါ။ ခင္ဗ်ားအေနနဲ႔ ငါတို႔ေတြ ဒီပြဲကို ဘယ္လိုလုပ္ႏိုင္ေအာင္ ကစားႏိုင္မွာလဲဆိုတဲ့ အေတြးကေန ႐ုန္းမထြက္ႏိုင္ျဖစ္ေနမွာပါ။ ဒါက မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ေယာက္အေနနဲ႔ ငါတို႔ေတြ ဒီပြဲကို ႏိုင္ေအာင္ ဘယ္လိုကစားမွာလဲဆိုၿပီး ကြၽန္ေတာ္ အၿမဲတမ္းေတြးခဲ့တဲ့ ေတြးေတာျခင္းလုပ္ငန္းစဥ္ပါ။။ မန္ခ်ကစ္တာယူႏိုက္တက္က ဒီေန႔ ဒီပြဲမွာ ဘယ္လို အႏိုင္ကစားႏိုင္မလဲ။ အသင္းႀကီးေတြနဲ႔ အေဝးကြင္းမွာ ဒီလိုမ်ိဳး ကစားရတဲ့ပြဲမွာဆို ေတြးဖို႔က ပိုပိုၿပီး ခက္ခဲလာပါတယ္။ သူတို႔ေတြ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက အက္စတန္ ဗီလာကို ႀကီးမားတဲ့ အေဝးကြင္းႏိုင္ပြဲရခဲ့တာ ပထမဆုံးအႀကိမ္ဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္ အဲဒီပြဲေတာင္မွ ရႈံးသြားႏိုင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ သူတို႔ေတြ အေဝးကြင္းမွာ အသင္းႀကီးကို အႏိုင္ယူၿပီး ရမွတ္ရယူဖို႔ ဘယ္လိုလုပ္လဲဆိုတာ ခင္ဗ်ား ေတြးမိမွာပါ။ ကြၽန္ေတာ္တို႔ ဘာျဖစ္လာမလဲ ၾကည့္တာေပါ့။ ကြၽန္ေတာ္ကေတာ့ဒီေန႔ကတည္းက စိုးရိမ္ေနပါၿပီ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.