Premier League

တစ်ဦးချင်းတိုက်ပွဲမှာ ဘယ်တော့မှမရှုံးဘဲ ဒီကလန် ရိုက်ကို အံ့အားသင့်စေခဲ့တဲ့ ဂန်းနားကြယ်ပွင့်

ဒီကလန် ရိုက်ဟာ သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့တဲ့ အာဆင်နယ်အသင်းဖော်တွေထဲက တစ်ဦးကို ချီးကျူး ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟာ စနေနေ့ညက နယူးကာဆယ်ယူနိုက်တက်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဝန်ခံပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းကနေ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ပြောင်းလာခဲ့ပြီးကတည်းက ဒီကလန် ရိုက်ဟာ အာတီတာရဲ့ အမှတ်ပေးဖလားစိန်ခေါ်နေတဲ့အသင်းရဲ့အဓိကအစိတ်အပိုင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ နယူးကာဆယ် ယူနိုက်တက်နဲ့ ပွဲစဉ်မှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည် ပြသပြီး မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုင် ဟာဗတ်ဇ်၊ ဘူကာယို ဆာကာ၊ ယာကုဘ် ခီဗီယောတို့ရဲ့ သွင်းဂိုးတွေအပြင် ဆဗင် ဘော့တ်မန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးကြောင့် ဂန်းနားတွေက ၄-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဂျိုး ဝီလော့ခ်က ပွဲပြီးခါနီးမှာ အသင်းဟောင်းဘက်ကို ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီး စကားပြောရာမှာ ဒီကလန် ရိုက်က အသင်းဖော် ဂါဘရီယဲလ် မာဂါလိုင်စ်ရဲ့ ခပ်ကြမ်းကြမ်း ကစားပုံကြောင့် အံ့ဩပျော်ရွှင်မိခဲ့တယ်လို့ ဝန်ခံ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဆာလီဘာက မယုံနိုင်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် သူနဲ့ပတ်သက်ပြီး ဒီကိုမလာခင် အရင်က ကြားခဲ့ဖူးတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို တကယ် အံ့အားသင့်စေခဲ့တဲ့သူက ဂါဘရီယဲလ်ပါ။ သူက အရမ်း ကစားပုံကြမ်းတမ်းပြီး အရမ်း သန်မာပါတယ်။ သူက အဲဒီလိုမျိုး အချိန်တိုင်း လုပ်ချင်နေတာပါ။ ဘယ်တော့မှ တစ်ဦးချင်းတိုက်ပွဲမှာ မရှုံးနိမ့်ခဲ့ဘူး။ ခင်ဗျားမှာ ဒီလို ကြမ်းကြမ်းတမ်းတမ်းကစားချင်တဲ့ ဗဟိုခံစစ်ကစားသမား ၂ ဦး ရှိတဲ့အခါမှာ ခင်ဗျားအတွက် တကယ်ကို အကူအညီဖြစ်သလို ယုံကြည်မှုလည်း ရှိစေပါတယ်။”

ဒီကလန် ရိုက်က ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီးလည်း “အဲဒါက ကောငး်ပါတယ်။ ခင်ဗျား အဲဒါကို ကျေနပ်မိမှာပါ။ ဘောလုံးပွဲတွေကို အနိုင်ရအောင်ကစားဖို့ ဖိအားတွေကို ခင်ဗျား ပျော်ရွှင်ခံစားရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော့် ကစားသမားဘဝ အဆုံးသတ်တဲ့အချိန်ကျရင် ဒီလို အခိုက်အတန့်တွေကို ပြန်တွေးပြီး ဆုဖလားပြိုင်ပွဲတွေမှာ ပိုပြီးတော့ ပါဝင်ကစားခဲ့ရရင်ကောင်းမှာပဲလို့ တွေးမိမှာပါ။”လို့ ပြောဆိုခဲ့ပါတယ်။

ဒီကလန် ရိုက် ပြောခဲ့တဲ့စကားအတိုင်းပဲ အာဆင်နယ်ဟာ အလွန်မာကျောတဲ့ ဗဟိုခံစစ်အတွဲကို ပိုင်ဆိုင်ထားတာကြောင့် ပရီးမီးယားလိဂ်မှာ ခံစစ်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်နေပြီး ဂိုးမပေးရသည့်ပွဲအများဆုံးအသင်း – ၃ ပွဲ၊ ပေးဂိုးအနည်းဆုံးအသင်း – ၃ ဂိုး၊ ပြိုင်ဘက်ရဲ့ ကန်သွင်းယူနိုင်ခွင့်အနည်းဆုံးအသင်း-၄၇ ကြိမ်၊ ပြိုင်ဘက်ကို ဂိုးပေါက်ကန်သွင့်ခွင့် ပေးမှုအနည်းဆုံးအသင်း – ၁၂ ကြိမ်၊ မျှော်မှန်းပေးဂိုးအနည်းဆုံးအသင်း – ၂.၅၅ ဂိုး စတဲ့ ကိန်းဂဏန်းတွေကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီကလန္ ႐ိုက္ဟာ သူ႔ကို အမွန္တကယ္ အံ့အားသင့္ေစခဲ့တဲ့ အာဆင္နယ္အသင္းေဖာ္ေတြထဲက တစ္ဦးကို ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ဟာ စေနေန႔ညက နယူးကာဆယ္ယူႏိုက္တက္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဝန္ခံေျပာဆိုမႈေတြ ျပဳလုပ္သြားခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းကေန စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၅ သန္းနဲ႔ ေျပာင္းလာခဲ့ၿပီးကတည္းက ဒီကလန္ ႐ိုက္ဟာ အာတီတာရဲ႕ အမွတ္ေပးဖလားစိန္ေခၚေနတဲ့အသင္းရဲ႕အဓိကအစိတ္အပိုင္းျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ နယူးကာဆယ္ ယူႏိုက္တက္နဲ႔ ပြဲစဥ္မွာ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ ျပသၿပီး မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ကို ဆက္လက္ ဖိအားေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ကိုင္ ဟာဗတ္ဇ္၊ ဘူကာယို ဆာကာ၊ ယာကုဘ္ ခီဗီေယာတို႔ရဲ႕ သြင္းဂိုးေတြအျပင္ ဆဗင္ ေဘာ့တ္မန္းရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ဂိုးေၾကာင့္ ဂန္းနားေတြက ၄-၀ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဂ်ိဳး ဝီေလာ့ခ္က ပြဲၿပီးခါနီးမွာ အသင္းေဟာင္းဘက္ကို ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီး စကားေျပာရာမွာ ဒီကလန္ ႐ိုက္က အသင္းေဖာ္ ဂါဘရီယဲလ္ မာဂါလိုင္စ္ရဲ႕ ခပ္ၾကမ္းၾကမ္း ကစားပုံေၾကာင့္ အံ့ဩေပ်ာ္႐ႊင္မိခဲ့တယ္လို႔ ဝန္ခံ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဆာလီဘာက မယုံႏိုင္စရာေကာင္းတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး ဒီကိုမလာခင္ အရင္က ၾကားခဲ့ဖူးတာေတြ ရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ကို တကယ္ အံ့အားသင့္ေစခဲ့တဲ့သူက ဂါဘရီယဲလ္ပါ။ သူက အရမ္း ကစားပုံၾကမ္းတမ္းၿပီး အရမ္း သန္မာပါတယ္။ သူက အဲဒီလိုမ်ိဳး အခ်ိန္တိုင္း လုပ္ခ်င္ေနတာပါ။ ဘယ္ေတာ့မွ တစ္ဦးခ်င္းတိုက္ပြဲမွာ မရႈံးနိမ့္ခဲ့ဘူး။ ခင္ဗ်ားမွာ ဒီလို ၾကမ္းၾကမ္းတမ္းတမ္းကစားခ်င္တဲ့ ဗဟိုခံစစ္ကစားသမား ၂ ဦး ရွိတဲ့အခါမွာ ခင္ဗ်ားအတြက္ တကယ္ကို အကူအညီျဖစ္သလို ယုံၾကည္မႈလည္း ရွိေစပါတယ္။”

ဒီကလန္ ႐ိုက္က ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီးလည္း “အဲဒါက ေကာငး္ပါတယ္။ ခင္ဗ်ား အဲဒါကို ေက်နပ္မိမွာပါ။ ေဘာလုံးပြဲေတြကို အႏိုင္ရေအာင္ကစားဖို႔ ဖိအားေတြကို ခင္ဗ်ား ေပ်ာ္႐ႊင္ခံစားရလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ့္ ကစားသမားဘဝ အဆုံးသတ္တဲ့အခ်ိန္က်ရင္ ဒီလို အခိုက္အတန႔္ေတြကို ျပန္ေတြးၿပီး ဆုဖလားၿပိဳင္ပြဲေတြမွာ ပိုၿပီးေတာ့ ပါဝင္ကစားခဲ့ရရင္ေကာင္းမွာပဲလို႔ ေတြးမိမွာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။

ဒီကလန္ ႐ိုက္ ေျပာခဲ့တဲ့စကားအတိုင္းပဲ အာဆင္နယ္ဟာ အလြန္မာေက်ာတဲ့ ဗဟိုခံစစ္အတြဲကို ပိုင္ဆိုင္ထားတာေၾကာင့္ ပရီးမီးယားလိဂ္မွာ ခံစစ္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ေနၿပီး ဂိုးမေပးရသည့္ပြဲအမ်ားဆုံးအသင္း – ၃ ပြဲ၊ ေပးဂိုးအနည္းဆုံးအသင္း – ၃ ဂိုး၊ ၿပိဳင္ဘက္ရဲ႕ ကန္သြင္းယူႏိုင္ခြင့္အနည္းဆုံးအသင္း-၄၇ ႀကိမ္၊ ၿပိဳင္ဘက္ကို ဂိုးေပါက္ကန္သြင့္ခြင့္ ေပးမႈအနည္းဆုံးအသင္း – ၁၂ ႀကိမ္၊ ေမွ်ာ္မွန္းေပးဂိုးအနည္းဆုံးအသင္း – ၂.၅၅ ဂိုး စတဲ့ ကိန္းဂဏန္းေတြကို ပိုင္ဆိုင္ထားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.