Match Report Premier League

မှော်ဝင်ဘိုဝင်ရဲ့ဟက်ထရစ်နဲ့ ပျားဖွပ်ပြီး နှစ်သစ်ပထမဆုံးနိုင်ပွဲရယူခဲ့တဲ့ မိုရက်စ်ရဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ တနင်္လာနေ့ညက ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့ပြီး ဂျားရော့ဒ် ဘိုဝင်ရဲ့ မှော်ဝင်ခြေစွမ်းနဲ့အတူ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မိုရက်စ်ဟာ ဒီရာသီမှာ ဝေဖန်ပြစ်တင်မှုတွေ အများအပြား ခံခဲ့ရပေမယ့်လည်း မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်တွေအနေနဲ့ ဂျားရော့ဒ် ဘိုဝင်ရဲ့ အကျိုးသက်ရောက်မှုကိုတော့ ငြင်းခုံနိုင်မှာမဟုတ်တာဖြစ်ပါတယ်။ အင်္ဂလန်ကြယ်ပွင့်ဟာ ကစားသမားဘဝ အချိန်အများစုကို တောင်ပံနေရာမှာ ကစားခဲ့တာဖြစ်ပေမယ့လည်း ဒီရာသီအစောပိုင်းမှာ မိုရက်စ်က တိုက်စစ်မှူးအဖြစ်နဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ဘိုဝင်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်ပြီး တနင်္လာနေ့ညက ဘရန့်တ်ဖို့ဒ်ကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားဘဝ ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုဝင်အတွက်တော့ နည်းပြရဲ့ အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ ယုံကြည်မှု ပေးခဲ့မှုကို ပြန်လည်ပေးဆပ်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်ဖြစ်ခဲ့ပြီး မိုရက်စ်ဟာ အာဆင်နယ်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ၆ ဂိုးပြတ် အိမ်ကွင်းရှုံးပွဲတွေ့ပြီးနောက် နောက်ထပ် ၆ ရက်အကြာမှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေ အပြင်းအထန် ခံနေရတာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ်က ဘိုဝင်က တနင်္လာနေ့မှာ ယှဉ်ကစားလို့မရနိုင်တဲ့သူလို့ ချီးကျူးခဲ့ပြီး ဂျာမနီက ယူရိုပြိုင်ပွဲအတွက် လူစာရင်းရွေးချယ်ဖို့ စဉ်းစားနေတဲ့ အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်ကိုလည်း အထင်ကြီးစေခဲ့မှာ သံသယဖြစ်စရာမရှိပါဘူး။

ပထမပိုင်း ၅ မိနစ်မှာ ဘိုဝင်က အီမာဆန်က ဘယ်တောင်ပံကနေ ပေးပို့လိုက်တဲ့ဘောလုံးကို ဂိုးဘယ်ဖက်ထောင့်ထဲကို အဆုံးသတ်သွားခဲ့တာဖြစ်ပြီး ဖလက်ကန် ဘယ်လိုမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ နောက်ထပ် ၂ မိနစ်အကြာမှာ ဘိုဝင်က ဘရန့်တ်ဖို့ဒ်ရဲ့ ပေါ့လျော့မှုကနေ ရခဲ့တဲ့ ဘောလုံးကို ကူးဒက်စ်ဆီ ပေးပို့ခဲ့ရာမှာ ဂါနာကွင်းလယ်လူက ကူဖယ်ကို ထိုးပေးခဲ့ပြီးနောက် ချက်ကစားသမားက ပင်နယ်တီ ဧရိယာထဲကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဘိုဝင်က ခြေခွင်အပြင်ဘက်နဲ့ ကျွမ်းကျင်လိမ္မာစွာ အဆုံးသတ် ကန်သွင်းယူသွားခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ပွဲမရှိသေးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းက ပထမပိုင်း အစမှာပဲ ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

 

နောက်ထပ် ၆ မိနစ်အကြာမှာ နီရယ် မူပေးက ဇူးမားရဲ့ ဆိုးရွားတဲ့ ရှင်းထုတ်မှုကနေ တိုနီဘောလုံးရသွားခဲ့ပြီး လူးဝစ္စ ပေ့ါတားကို ပေးပို့ခဲ့ရာမှာ ပေါ့တားက ဂိုးပေါက်ဆီ ပြေးလာတဲ့ မူပေးဆီ ခင်းပေးခဲ့ပါတယ်။ မူပေးက အာရီယိုလာ ဘယ်လိုမှ မကာကွယ်နိုင်အောင် အားပါပြင်းထန်တဲ့ ဂိုးကန်သွင်းချက်နဲ့ ဘရန့်တ်ဖို့ဒ်အတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာကြောင့် ပထမပိုင်းက ၂-၁ နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတင်ချိန်မှာလည်း အိမ်ရှင်တွေကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားနိုင်ခဲ့ပြီး ၆၃ မိနစ်မှာ ဘိုဝင်က ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ပြည့်မြောက်စေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ မိုဟာမက် ကူးဒက်စ်ဟာ ရက်ဂီလွန်ကို အလွန်ကောင်းမွန်တဲ့ ပြေးလွှားဖြတ်ကျော်မှု ပြုလုပ်ပြီးနောက် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဘိုဝင်က ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာ အီမာဆန်က ပင်နယ်တီဧရိယာထပ်ကနေ ဂိုးညာဘက်အပေါ်ထောင့်ထဲကို အံ့အားသင့်ဖွယ် ကန်ချက်နဲ့ လှလှပပ အဆုံးသတ်ပြီး ဝက်စ်ဟမ်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်အတွက် ယိုအန်း ဝစ်ဆာက ၈၂ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း အိမ်ရှင်တွေဆီက သရေ ၁ မှတ် ခွဲယူနိုင်ဖို့ လုံလောက်တဲ့ ဂိုးပမာဏ မဟုတ်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ ဒီနိုင်ပွဲကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံး နိုင်ပွဲကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း အဆင့် ၈ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းဟာ တနလၤာေန႔ညက ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဂ်ားေရာ့ဒ္ ဘိုဝင္ရဲ႕ ေမွာ္ဝင္ေျခစြမ္းနဲ႔အတူ ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မိုရက္စ္ဟာ ဒီရာသီမွာ ေဝဖန္ျပစ္တင္မႈေတြ အမ်ားအျပား ခံခဲ့ရေပမယ့္လည္း မေက်မနပ္ျဖစ္ေနတဲ့ ပရိသတ္ေတြအေနနဲ႔ ဂ်ားေရာ့ဒ္ ဘိုဝင္ရဲ႕ အက်ိဳးသက္ေရာက္မႈကိုေတာ့ ျငင္းခုံႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။ အဂၤလန္ၾကယ္ပြင့္ဟာ ကစားသမားဘဝ အခ်ိန္အမ်ားစုကို ေတာင္ပံေနရာမွာ ကစားခဲ့တာျဖစ္ေပမယ့လည္း ဒီရာသီအေစာပိုင္းမွာ မိုရက္စ္က တိုက္စစ္မႉးအျဖစ္နဲ႔ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ဘိုဝင္ဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၁၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္ၿပီး တနလၤာေန႔ညက ဘရန႔္တ္ဖို႔ဒ္ကို ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ကစားသမားဘဝ ပထမဆုံးအႀကိမ္ ဟက္ထရစ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုဝင္အတြက္ေတာ့ နည္းျပရဲ႕ အေထာင္တိုက္စစ္မႉးအျဖစ္ အသုံးျပဳဖို႔ ယုံၾကည္မႈ ေပးခဲ့မႈကို ျပန္လည္ေပးဆပ္ဖို႔အတြက္ ၿပီးျပည့္စုံတဲ့အခ်ိန္ျဖစ္ခဲ့ၿပီး မိုရက္စ္ဟာ အာဆင္နယ္ကို ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ ၆ ဂိုးျပတ္ အိမ္ကြင္းရႈံးပြဲေတြ႕ၿပီးေနာက္ ေနာက္ထပ္ ၆ ရက္အၾကာမွာ ေနာ္တင္ဟမ္ေဖာရက္စ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဖိအားေတြ အျပင္းအထန္ ခံေနရတာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က ဘိုဝင္က တနလၤာေန႔မွာ ယွဥ္ကစားလို႔မရႏိုင္တဲ့သူလို႔ ခ်ီးက်ဴးခဲ့ၿပီး ဂ်ာမနီက ယူ႐ိုၿပိဳင္ပြဲအတြက္ လူစာရင္းေ႐ြးခ်ယ္ဖို႔ စဥ္းစားေနတဲ့ အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္ကိုလည္း အထင္ႀကီးေစခဲ့မွာ သံသယျဖစ္စရာမရွိပါဘူး။

ပထမပိုင္း ၅ မိနစ္မွာ ဘိုဝင္က အီမာဆန္က ဘယ္ေတာင္ပံကေန ေပးပို႔လိုက္တဲ့ေဘာလုံးကို ဂိုးဘယ္ဖက္ေထာင့္ထဲကို အဆုံးသတ္သြားခဲ့တာျဖစ္ၿပီး ဖလက္ကန္ ဘယ္လိုမွ မတတ္ႏိုင္ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ ေနာက္ထပ္ ၂ မိနစ္အၾကာမွာ ဘိုဝင္က ဘရန႔္တ္ဖို႔ဒ္ရဲ႕ ေပါ့ေလ်ာ့မႈကေန ရခဲ့တဲ့ ေဘာလုံးကို ကူးဒက္စ္ဆီ ေပးပို႔ခဲ့ရာမွာ ဂါနာကြင္းလယ္လူက ကူဖယ္ကို ထိုးေပးခဲ့ၿပီးေနာက္ ခ်က္ကစားသမားက ပင္နယ္တီ ဧရိယာထဲကို ေပးပို႔ခဲ့တာျဖစ္ပါတယ္။

ဘိုဝင္က ေျခခြင္အျပင္ဘက္နဲ႔ ကြၽမ္းက်င္လိမၼာစြာ အဆုံးသတ္ ကန္သြင္းယူသြားခဲ့ၿပီး ၂၀၂၄ ခုႏွစ္အတြင္း ႏိုင္ပြဲမရွိေသးခဲ့တဲ့ ဝက္စ္ဟမ္းအသင္းက ပထမပိုင္း အစမွာပဲ ၂ ဂိုးအသာနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

 

ေနာက္ထပ္ ၆ မိနစ္အၾကာမွာ နီရယ္ မူေပးက ဇူးမားရဲ႕ ဆိုး႐ြားတဲ့ ရွင္းထုတ္မႈကေန တိုနီေဘာလုံးရသြားခဲ့ၿပီး လူးဝစၥ ေပ့ါတားကို ေပးပို႔ခဲ့ရာမွာ ေပါ့တားက ဂိုးေပါက္ဆီ ေျပးလာတဲ့ မူေပးဆီ ခင္းေပးခဲ့ပါတယ္။ မူေပးက အာရီယိုလာ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ အားပါျပင္းထန္တဲ့ ဂိုးကန္သြင္းခ်က္နဲ႔ ဘရန႔္တ္ဖို႔ဒ္အတြက္ ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာေၾကာင့္ ပထမပိုင္းက ၂-၁ နဲ႔ ၿပီးဆုံးသြားခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စတင္ခ်ိန္မွာလည္း အိမ္ရွင္ေတြကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူ ကစားႏိုင္ခဲ့ၿပီး ၆၃ မိနစ္မွာ ဘိုဝင္က ကစားသမားဘဝ ပထမဆုံးဟက္ထရစ္ျပည့္ေျမာက္ေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ပါတယ္။ မိုဟာမက္ ကူးဒက္စ္ဟာ ရက္ဂီလြန္ကို အလြန္ေကာင္းမြန္တဲ့ ေျပးလႊားျဖတ္ေက်ာ္မႈ ျပဳလုပ္ၿပီးေနာက္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဘိုဝင္က ေခါင္းတိုက္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာမွာ အီမာဆန္က ပင္နယ္တီဧရိယာထပ္ကေန ဂိုးညာဘက္အေပၚေထာင့္ထဲကို အံ့အားသင့္ဖြယ္ ကန္ခ်က္နဲ႔ လွလွပပ အဆုံးသတ္ၿပီး ဝက္စ္ဟမ္းအတြက္ စတုတၳေျမာက္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္အတြက္ ယိုအန္း ဝစ္ဆာက ၈၂ မိနစ္မွာ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း အိမ္ရွင္ေတြဆီက သေရ ၁ မွတ္ ခြဲယူႏိုင္ဖို႔ လုံေလာက္တဲ့ ဂိုးပမာဏ မဟုတ္ခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဟမ္းဟာ ဒီႏိုင္ပြဲေၾကာင့္ ၂၀၂၄ ခုႏွစ္အတြင္း ပထမဆုံး ႏိုင္ပြဲကို ရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း အဆင့္ ၈ ေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.