La Liga Match Report

လူစားဝင်ကစားပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အရယူပေးခဲ့တဲ့ မိုဒရစ်

တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီလာတို့ရဲ့ပွဲမှာ အိမ်ရှင်တွေက လူကာ မိုဒရစ်ရဲ့ ရင်သပ်ရှုမောဖွယ် သွင်းဂိုးကြောင့် နိုင်ပွဲရရှိခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဘာနေဗျူးကို တကျော့ပြန်လာတဲ့ ဂန္တဝင်နောက်ခံကစားသမား ဆာဂီယို ရာမို့စ်ကို တနင်္ဂနွေနေ့ညမှာ ပြန်လည်ကြိုဆိုခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း မသေချာခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

၁၀ မိနစ်မှာ လူးကပ်စ် ဗက်စ်ကွက်ဇ် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း အန်နက်ဆီရီကို နာချို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် VAR က ဂိုးကို ပယ်ဖျက်ခဲ့ပြီး ဗင်နီးရှပ်စ် ဂျူနီယာရဲ့ အပိုင်ဂိုးကန်သွင်းခွင့်တွေကို နိုင်လန်းက ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းက ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ရိုဒရီဂိုနဲ့ ဗင်နီးရှပ်စ်တို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို ဆီဗီလာဂိုးသမားက တည်တည်ငြိမ်ငြိမ် ကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်တို့ ဂိုးရရှိဖို့အတွက် အခက်တွေ့နေခဲ့ရတာဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ဒုတိယပိုင်း ၇၅ မိနစ်မှာ ပွဲအဖြေကို အလှည့်အပြောင်းဖြစ်သွားစေမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး အဲဒါကတော့ နာချို ဖာနန်ဒက်ဇ်ရဲ့နေရာမှာ ဝါရင့်ကွင်းလယ်ကစားသမား လူကာ မိုဒရစ်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

လူကာ မိုဒရစ် ဝင်လာပြီးနောက်ပိုင်း ရီးရဲလ်မက်ဒရစ်က ဂိုးသွင်းယူဖို့ ဖန်တီးမှုတွေ ပိုမို ပြုလုပ်လာနိုင်ခဲ့ပြီး ၈၁ မိနစ်မှာ ဗယ်လ်ဗာဒီရဲ့ ဖြတ်တင်ပေးပို့မှုကို ဆီဗီလာနောက်ခံလူက ခေါင်းတိုက်ရှင်းထုတ်ခဲ့ရာမှာ မိုဒရစ်က လှလှပပ ဘောလုံးကို ထိန်းရင်း ဆူမာရေးကို ဖိန့်ပြပြီး ဂိုးညာဘက်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ် ဦးဆောင်နိုင်စေမယ့် အရေးကြီး အနိုင်ဂိုးကို အရန်ခုံကနေ ဝင်ကစားပြီး သွင်းယူပေးခဲ့ပြီး ပွဲအဖြေကို အပြောင်းအလဲ ပြုလုပ်ပေးနိုင်တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားဖြစ်နေဆဲဆိုတာကို သက်သေပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေန႔ညက ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဆီဗီလာတို႔ရဲ႕ပြဲမွာ အိမ္ရွင္ေတြက လူကာ မိုဒရစ္ရဲ႕ ရင္သပ္ရႈေမာဖြယ္ သြင္းဂိုးေၾကာင့္ ႏိုင္ပြဲရရွိခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ဘာေနဗ်ဴးကို တေက်ာ့ျပန္လာတဲ့ ဂႏၲဝင္ေနာက္ခံကစားသမား ဆာဂီယို ရာမို႔စ္ကို တနဂၤေႏြေန႔ညမွာ ျပန္လည္ႀကိဳဆိုခဲ့ရၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္း မေသခ်ာခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

၁၀ မိနစ္မွာ လူးကပ္စ္ ဗက္စ္ကြက္ဇ္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း အန္နက္ဆီရီကို နာခ်ိဳ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ VAR က ဂိုးကို ပယ္ဖ်က္ခဲ့ၿပီး ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ အပိုင္ဂိုးကန္သြင္းခြင့္ေတြကို ႏိုင္လန္းက ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းက ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ႐ိုဒရီဂိုနဲ႔ ဗင္နီးရွပ္စ္တို႔ရဲ႕ အပိုင္ကန္သြင္းခ်က္ေတြကို ဆီဗီလာဂိုးသမားက တည္တည္ၿငိမ္ၿငိမ္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္တို႔ ဂိုးရရွိဖို႔အတြက္ အခက္ေတြ႕ေနခဲ့ရတာျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီဟာ ဒုတိယပိုင္း ၇၅ မိနစ္မွာ ပြဲအေျဖကို အလွည့္အေျပာင္းျဖစ္သြားေစမယ့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ၿပီး အဲဒါကေတာ့ နာခ်ိဳ ဖာနန္ဒက္ဇ္ရဲ႕ေနရာမွာ ဝါရင့္ကြင္းလယ္ကစားသမား လူကာ မိုဒရစ္ကို ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

လူကာ မိုဒရစ္ ဝင္လာၿပီးေနာက္ပိုင္း ရီးရဲလ္မက္ဒရစ္က ဂိုးသြင္းယူဖို႔ ဖန္တီးမႈေတြ ပိုမို ျပဳလုပ္လာႏိုင္ခဲ့ၿပီး ၈၁ မိနစ္မွာ ဗယ္လ္ဗာဒီရဲ႕ ျဖတ္တင္ေပးပို႔မႈကို ဆီဗီလာေနာက္ခံလူက ေခါင္းတိုက္ရွင္းထုတ္ခဲ့ရာမွာ မိုဒရစ္က လွလွပပ ေဘာလုံးကို ထိန္းရင္း ဆူမာေရးကို ဖိန႔္ျပၿပီး ဂိုးညာဘက္ေထာင့္ကို အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မိုဒရစ္ဟာ ရီးရဲလ္မက္ဒရစ္ကို လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ၈ မွတ္ျဖတ္ ဦးေဆာင္ႏိုင္ေစမယ့္ အေရးႀကီး အႏိုင္ဂိုးကို အရန္ခုံကေန ဝင္ကစားၿပီး သြင္းယူေပးခဲ့ၿပီး ပြဲအေျဖကို အေျပာင္းအလဲ ျပဳလုပ္ေပးႏိုင္တဲ့ ကမာၻ႔ထိပ္တန္းအဆင့္ ကစားသမားျဖစ္ေနဆဲဆိုတာကို သက္ေသျပသႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.