Carabao & FA Match Report

VAR ငြင်းပယ်မှု ကိုယ်စီခံခဲ့ရပြီး နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ကစားပြီး ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်

တနင်္ဂနွေနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပွဲစဉ်မှာ ကလော့ပ်ရဲ့အသင်းက ဗန်ဒိုက်ရဲ့ အချိန်ပို ခေါင်းတိုက်သွင်းဂိုးနဲ့ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပထမပိုင်းစစချင်းပဲ လီဗာပူးလ်က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ ဒီယက်ဇ် ဂိုးသွင်းဖို့ ကြိုးပမ်းမှုကို ချဲလ်ဆီးဂိုးသမား ပက်ထရိုဗစ်က ကာကွယ်နိုင်ခဲ့ပါတယ်။

၂၁ မိနစ်မှာ ချဲလ်ဆီးက တန်ပြန်တိုက်စစ်ကနေတဆင့် အပိုင်ဂိုးသွင်းခွင့် ရရှိခဲ့ပြီး စတားလင်း ကန်သွင်းဖို့ လုပ်နေတဲ့ ဘောလုံးကို ဘရက်ဒ်လေ ရှင်းထုတ်ဖို့ ကြိုးပမ်းခဲ့ရာမှာ ကိုး ပါလ်မာဆီ ရောက်သွားခဲ့ပြီး အပိုင်ပိတ်သွင်းခဲ့ပေမယ့် လီဗာပူးလ်ဂိုးသမား ကယ်လီဟာက အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။

၃၂ မိနစ်မှာ ချဲလ်ဆီးက တန်ပြန်တိုက်စစ်ကနေပဲ နီကိုးလတ်စ် ဂျက်ဆင် ဘောလုံး ရရှိသွားခဲ့ပြီးနောက် ဘယ်တောင်ပံက ပြေးလိုက်လာတဲ့ စတားလင်းကို ကန့်လန့်ဖြတ် ပေးပို့ခဲ့ရာမှာ အင်္ဂလန်ကြယ်ပွင့်က အဆုံးသတ်နိုင်ခဲ့ပေမယ့် VAR က အချိန်အတော်ကြာ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် နီကိုးလတ်စ် ဂျက်ဆင် တိုက်စစ်စချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ဂက်ခ်ပိုက လီဗာပူးလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်မယ့် အပိုင်အခွင့်အရေး ရရှိခဲ့ပြီး ရောဘတ်ဆန်ရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်ခဲ့ရာမှာ ဘောလုံးက ဂိုးတိုင်အောက်ခြေကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စစချင်းပဲ လီဗာပူးလ်တို့ကပဲ တရစပ် တိုက်စစ်ဆင်ခဲ့ပြီး အချိန်မရွေး ဂိုးသွင်းယူသွားနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးကတော့ ကွင်းလယ်နဲ့ တိုက်စစ်ကို ကောင်းကောင်း ချိတ်ဆက်နိုင်ခဲ့ခြင်းမရှိဘဲ ထိရောက်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

၅၂ မိနစ်မှာ အန်ဇို ဖာနန်ဒက်ဇ်က ပင်နယ်တီဧရိယာထဲမှာ ရွှေရောင်အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ဂိုးကန်သွင်းဖို့ ပိုမိုကောင်းမွန်တဲ့ နေရာမှာ ရှိနေတဲ့ အသင်းဖော်ဆီ ပေးပို့ရမယ့်အစား နောက်ပြန် ဖနောင့်ပေါက်သွင်းယူဖို့ ကြိုးပမ်းခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ဘဲ ကယ်လီဟာက အလွယ်တကူပဲ ဖမ်းယူသွားခဲ့တာဖြစ်ပါတယ်။

မိနစ် ၆၀ မှာ လီဗာပူးလ်တို့ အလွတ်တည်ကန်ဘောကန်ခွင့်ရခဲ့ရာကနေ ရောဘတ်ဆန် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဗန်ဒိုက်က ခေါင်းတိုက် အဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း VAR က လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အချိန်အတော်ကြာ စစ်ဆေးခဲ့ပါတယ်။

ရောဘတ်ဆန် ဖြတ်တင်ပေးပို့မှု ပြုလုပ်ချိန်မှာ ဂက်ခ်ပိုက သိသိသာသာ လူကျွံနေခဲ့တယ်ဆိုပြီး ဗန်ဒိုက်ရဲ့ သွင်းဂိုး VAR က ပယ်ဖျက်ခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့သာ ဆက်လက် ယှဉ်ပြိုင်ခဲ့ရပါတယ်။

၆၉ မိနစ်မှာ ချဲလ်ဆီးတို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး ဂယ်လေဂါဖြတ်တင်လိုက်တဲ့ ဘောလုံးကို ကိုဝီလ် ခေါင်းတိုက်ခဲ့ရာကနေ အသင့်စောင့်ဆိုင်းနေတဲ့ ဒီဆာဆီ ပိတ်သွင်းခဲ့ပေမယ့်လည်း ဘောလုံးက ပေါင်ခြံနဲ့ ထိပြီး ကယ်လီဟာလက်ထဲကို ရောက်သွားခဲ့တာဖြစ်ပါတယ်။

၇၅ မိနစ်မှာ ကိုး ပါလ်မာ ညာတောင်ပံကနေ ထိုးဖောက်ပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ဂယ်လေဂါ ညာခြေနဲ့ အလိုက်သင့် လမ်းကြောင်းပြောင်းပေးခဲ့ပေမယ့် ဂိုးဘယ်ဖက်တိုင်ကို ထိမှန်သွားခဲ့ပြန်လို့ ချဲလ်ဆီးတို့ ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ ချဲလ်ဆီးတို့ တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ကိုးပါလ်မာရဲ့ ညာတောင်ပံကနေ ပေးပို့လိုက်တဲ့ ဘောလုံးကို ဂယ်လေဂါ ပိတ်သွင်းယူဖို့ တွန့်ဆုတ်နေခဲ့တာကြောင့် အရှေ့တက်လာတဲ့ ကယ်လီဟာက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

နောက်ထပ် ၁ မိနစ်အကြာမှာ ဂယ်လေဂါကပဲ နောက်ထပ်တစ်ကြိမ် ပင်နယ်တီဧရိယာထိပ်ကနေ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း နီကိုးလတ်စ် ဂျက်ဆင် ပြန်ခင်းပေးလိုက်တဲ့ဘောလုံးကို ကန်သွင်းမှုက ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြန်တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၉၀+၂ မိနစ်မှာ တရစပ်ဖိအားပေးတိုက်စစ်ဆင်နေတဲ့ ချဲလ်ဆီးတို့က ညာတောင်ပံကနေ ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပြီးနောက် ကိုးပါလ်မာရဲ့ ကန်ချက်ကို လီဗာပူးလ်နောက်ခံလူတွေ ပိတ်ဆို့ခဲ့ရာနေ ပြန်ထွက်လာတဲ့ ဘောလုံးကို အန်ကွန်ကူ ပိတ်သွင်းခဲ့ပေမယ့်လည်း ကယ်လီဟာလက်ထဲကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့ပြန်တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီးလေ ပွဲက ပိုမို ပြင်းထန်လေ ဖြစ်လာခဲ့ပေမယ့်လည်း သာမန်ပွဲကစားချိန်ပြည့်တဲ့အထိ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး အချိန်ပို ပထမပိုင်းမှာ ဂျေဒန် ဒန်းစ်ရဲ့ ခေါင်းတိုက်ချက်ကို ပက်ထရိုဗစ် သတိရှိရှိနဲ့ ကာကွယ်နိုင်ခဲ့လို့သာ ချဲလ်ဆီးတို့ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်းမှာ လီဗာပူးလ်ကပဲ တရစပ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး အဲလီးယော့တ်ရဲ့ အပိုင်ခေါင်းတိုက်ချက် ဂိုးတိုင်ထိခဲ့ပြီးနောက် ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ဒန်းစ် ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ချဲလ်ဆီးဂိုးသမားက လျင်လျင်မြန်မြန် ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပို ဒုတိယပိုင်းပြီးဆုံးဖို့ ၂ မိနစ်အလိုမှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ဆီမီကတ်စ်ရဲ့ ဖြတ်တင်ပေးပို့မှုကို လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပြေးဝင်ခေါင်းတိုက်ပြီး နောက်ကျအနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အချိန်ပိုပြီးဆုံးတဲ့အထိ ချဲလ်ဆီးရဲ့ တိုက်စစ်ဆင်မှုတွေကို လီဗာပူးလ်က ကြံ့ကြံခံ ကာကွယ်သွားနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ဆက်မသွားခဲ့ရဘဲ လီဗာပူးလ်တို့ ကာရာဘောင်းဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ရဲ႕ ပြဲစဥ္မွာ ကေလာ့ပ္ရဲ႕အသင္းက ဗန္ဒိုက္ရဲ႕ အခ်ိန္ပို ေခါင္းတိုက္သြင္းဂိုးနဲ႔ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ပထမပိုင္းစစခ်င္းပဲ လီဗာပူးလ္က ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ ကစားႏိုင္ခဲ့ၿပီး တိုက္စစ္ဆင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ထိေရာက္တဲ့ တိုက္စစ္ဆင္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ဘဲ ဒီယက္ဇ္ ဂိုးသြင္းဖို႔ ႀကိဳးပမ္းမႈကို ခ်ဲလ္ဆီးဂိုးသမား ပက္ထ႐ိုဗစ္က ကာကြယ္ႏိုင္ခဲ့ပါတယ္။

၂၁ မိနစ္မွာ ခ်ဲလ္ဆီးက တန္ျပန္တိုက္စစ္ကေနတဆင့္ အပိုင္ဂိုးသြင္းခြင့္ ရရွိခဲ့ၿပီး စတားလင္း ကန္သြင္းဖို႔ လုပ္ေနတဲ့ ေဘာလုံးကို ဘရက္ဒ္ေလ ရွင္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ကိုး ပါလ္မာဆီ ေရာက္သြားခဲ့ၿပီး အပိုင္ပိတ္သြင္းခဲ့ေပမယ့္ လီဗာပူးလ္ဂိုးသမား ကယ္လီဟာက အံ့အားသင့္ဖြယ္ ကာကြယ္ႏိုင္ခဲ့ပါတယ္။

၃၂ မိနစ္မွာ ခ်ဲလ္ဆီးက တန္ျပန္တိုက္စစ္ကေနပဲ နီကိုးလတ္စ္ ဂ်က္ဆင္ ေဘာလုံး ရရွိသြားခဲ့ၿပီးေနာက္ ဘယ္ေတာင္ပံက ေျပးလိုက္လာတဲ့ စတားလင္းကို ကန႔္လန႔္ျဖတ္ ေပးပို႔ခဲ့ရာမွာ အဂၤလန္ၾကယ္ပြင့္က အဆုံးသတ္ႏိုင္ခဲ့ေပမယ့္ VAR က အခ်ိန္အေတာ္ၾကာ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ နီကိုးလတ္စ္ ဂ်က္ဆင္ တိုက္စစ္စခ်ိန္မွာ လူကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးကို ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ ဂက္ခ္ပိုက လီဗာပူးလ္အတြက္ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္မယ့္ အပိုင္အခြင့္အေရး ရရွိခဲ့ၿပီး ေရာဘတ္ဆန္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေခါင္းတိုက္ခဲ့ရာမွာ ေဘာလုံးက ဂိုးတိုင္ေအာက္ေျခကို ထိမွန္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စစခ်င္းပဲ လီဗာပူးလ္တို႔ကပဲ တရစပ္ တိုက္စစ္ဆင္ခဲ့ၿပီး အခ်ိန္မေ႐ြး ဂိုးသြင္းယူသြားႏိုင္တယ္ဆိုတဲ့ ခံစားခ်က္မ်ိဳး ရခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးကေတာ့ ကြင္းလယ္နဲ႔ တိုက္စစ္ကို ေကာင္းေကာင္း ခ်ိတ္ဆက္ႏိုင္ခဲ့ျခင္းမရွိဘဲ ထိေရာက္တဲ့အခြင့္အေရးေတြ ဖန္တီးႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။

၅၂ မိနစ္မွာ အန္ဇို ဖာနန္ဒက္ဇ္က ပင္နယ္တီဧရိယာထဲမွာ ေ႐ႊေရာင္အခြင့္အေရးရရွိခဲ့ေပမယ့္လည္း ဂိုးကန္သြင္းဖို႔ ပိုမိုေကာင္းမြန္တဲ့ ေနရာမွာ ရွိေနတဲ့ အသင္းေဖာ္ဆီ ေပးပို႔ရမယ့္အစား ေနာက္ျပန္ ဖေနာင့္ေပါက္သြင္းယူဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ဘဲ ကယ္လီဟာက အလြယ္တကူပဲ ဖမ္းယူသြားခဲ့တာျဖစ္ပါတယ္။

မိနစ္ ၆၀ မွာ လီဗာပူးလ္တို႔ အလြတ္တည္ကန္ေဘာကန္ခြင့္ရခဲ့ရာကေန ေရာဘတ္ဆန္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဗန္ဒိုက္က ေခါင္းတိုက္ အဆုံးသတ္ႏိုင္ခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာလည္း VAR က လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး အခ်ိန္အေတာ္ၾကာ စစ္ေဆးခဲ့ပါတယ္။

ေရာဘတ္ဆန္ ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခ်ိန္မွာ ဂက္ခ္ပိုက သိသိသာသာ လူကြၽံေနခဲ့တယ္ဆိုၿပီး ဗန္ဒိုက္ရဲ႕ သြင္းဂိုး VAR က ပယ္ဖ်က္ခဲ့တာေၾကာင့္ ဂိုးမရွိသေရရလဒ္နဲ႔သာ ဆက္လက္ ယွဥ္ၿပိဳင္ခဲ့ရပါတယ္။

၆၉ မိနစ္မွာ ခ်ဲလ္ဆီးတို႔ ေထာင့္ကန္ေဘာ ရရွိခဲ့ၿပီး ဂယ္ေလဂါျဖတ္တင္လိုက္တဲ့ ေဘာလုံးကို ကိုဝီလ္ ေခါင္းတိုက္ခဲ့ရာကေန အသင့္ေစာင့္ဆိုင္းေနတဲ့ ဒီဆာဆီ ပိတ္သြင္းခဲ့ေပမယ့္လည္း ေဘာလုံးက ေပါင္ၿခံနဲ႔ ထိၿပီး ကယ္လီဟာလက္ထဲကို ေရာက္သြားခဲ့တာျဖစ္ပါတယ္။

၇၅ မိနစ္မွာ ကိုး ပါလ္မာ ညာေတာင္ပံကေန ထိုးေဖာက္ၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂယ္ေလဂါ ညာေျခနဲ႔ အလိုက္သင့္ လမ္းေၾကာင္းေျပာင္းေပးခဲ့ေပမယ့္ ဂိုးဘယ္ဖက္တိုင္ကို ထိမွန္သြားခဲ့ျပန္လို႔ ခ်ဲလ္ဆီးတို႔ ဂိုးရရွိမယ့္ အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ ခ်ဲလ္ဆီးတို႔ တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ကိုးပါလ္မာရဲ႕ ညာေတာင္ပံကေန ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂယ္ေလဂါ ပိတ္သြင္းယူဖို႔ တြန႔္ဆုတ္ေနခဲ့တာေၾကာင့္ အေရွ႕တက္လာတဲ့ ကယ္လီဟာက ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ ၁ မိနစ္အၾကာမွာ ဂယ္ေလဂါကပဲ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီဧရိယာထိပ္ကေန အပိုင္ကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း နီကိုးလတ္စ္ ဂ်က္ဆင္ ျပန္ခင္းေပးလိုက္တဲ့ေဘာလုံးကို ကန္သြင္းမႈက ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့ျပန္တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၉၀+၂ မိနစ္မွာ တရစပ္ဖိအားေပးတိုက္စစ္ဆင္ေနတဲ့ ခ်ဲလ္ဆီးတို႔က ညာေတာင္ပံကေန ထိုးေဖာက္တိုက္စစ္ဆင္ခဲ့ၿပီးေနာက္ ကိုးပါလ္မာရဲ႕ ကန္ခ်က္ကို လီဗာပူးလ္ေနာက္ခံလူေတြ ပိတ္ဆို႔ခဲ့ရာေန ျပန္ထြက္လာတဲ့ ေဘာလုံးကို အန္ကြန္ကူ ပိတ္သြင္းခဲ့ေပမယ့္လည္း ကယ္လီဟာလက္ထဲကိုပဲ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္သြားခဲ့ျပန္တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီးေလ ပြဲက ပိုမို ျပင္းထန္ေလ ျဖစ္လာခဲ့ေပမယ့္လည္း သာမန္ပြဲကစားခ်ိန္ျပည့္တဲ့အထိ ဂိုးမသြင္းႏိုင္ခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရၿပီး အခ်ိန္ပို ပထမပိုင္းမွာ ေဂ်ဒန္ ဒန္းစ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ပက္ထ႐ိုဗစ္ သတိရွိရွိနဲ႔ ကာကြယ္ႏိုင္ခဲ့လို႔သာ ခ်ဲလ္ဆီးတို႔ ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

အခ်ိန္ပို ဒုတိယပိုင္းမွာ လီဗာပူးလ္ကပဲ တရစပ္ ဖိအားေပးတိုက္စစ္ဆင္ခဲ့ၿပီး အဲလီးေယာ့တ္ရဲ႕ အပိုင္ေခါင္းတိုက္ခ်က္ ဂိုးတိုင္ထိခဲ့ၿပီးေနာက္ ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ဒန္းစ္ ပိတ္သြင္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ခ်ဲလ္ဆီးဂိုးသမားက လ်င္လ်င္ျမန္ျမန္ ဖမ္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပို ဒုတိယပိုင္းၿပီးဆုံးဖို႔ ၂ မိနစ္အလိုမွာ ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန ဆီမီကတ္စ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို လီဗာပူးလ္အသင္းေခါင္းေဆာင္ ဗန္ဒိုက္က ေျပးဝင္ေခါင္းတိုက္ၿပီး ေနာက္က်အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အခ်ိန္ပိုၿပီးဆုံးတဲ့အထိ ခ်ဲလ္ဆီးရဲ႕ တိုက္စစ္ဆင္မႈေတြကို လီဗာပူးလ္က ႀကံ့ႀကံခံ ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္အထိ ဆက္မသြားခဲ့ရဘဲ လီဗာပူးလ္တို႔ ကာရာေဘာင္းဖလားကို ဆြတ္ခူးသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.