Carabao & FA Match Preview

အင်္ဂလန်မှာ ဖလားမရဖူးတဲ့ ပိုချက်တီနိုနဲ့ ရာသီကုန်လစ်တော့မယ် ကလော့ပ်တို့ရဲ့ ဝင်ဘလေအချိုရည်တိုက်ပွဲ

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ ဒီရာသီရဲ့ ပထမဆုံး ပြည်တွင်းဖလားတစ်လုံးကို ရယူဖို့အတွက် ဒီနေ့ည ဝင်ဘလေကွင်းမှာ ကစားမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ ကြိုးပမ်းသွားကြတော့မှာပါ။

ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ ၂၀၂၂ ခုနှစ်တုန်းက ဗိုလ်လုပွဲ မကျေပွဲ ဆက်နွှဲသွားကြမှာဖြစ်ပြီး အဲဒီပွဲစဉ်တုန်း ဂိုးမရှိသရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်မှာ လီဗာပူးလ်က အနိုင်ရ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုလက်အောက် ပရီးမီးယားလိဂ်မှာ စိတ်ပျက်စရာ ရာသီကို ဖြတ်သန်းနေရတဲ့ ချဲလ်ဆီးအတွက်တော့ ကာရာဘောင်းဖလားဟာ ဒီရာသီမှာ ရယူနိုင်ခြေအရှိဆုံး ဖလားအဖြစ် ရှိနေတာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးအသင်းဘက်မှာ ဘာဒီယာရှီလေ၊ ရီးစ် ဂျိမ်းစ်၊ ဖိုဖာနာ၊ ကူကူရယ်လာတို့ ဒဏ်ရာရနေပြီး ကူကူရယ်လာတစ်ဦးတည်းသာ ဒီပွဲမှာ ပြန်ပါလာနိုင်ဖို့ အခွင့်အရေး အနည်းငယ်ရှိနေတာဖြစ်ပါတယ်။ အသက် ၄၀ ပြည့်တော့မယ့် ဆေးလ်ဗားကလည်း ပွဲထွက်လူစာရင်းထဲ ပြန်ပါလာနိုင်ခြေရှိပေမယ့်လည်း မသေချာသေးဘဲ ပိုချက်တီနိုကတော့ စီးတီးနဲ့ပွဲက ခံစစ်အတွဲကိုပဲ ပြန်သုံးဖို့များပါတယ်။ ချူကဝူမီကာ၊ အူဂိုချူကဝူနဲ့ ရိုမီယို လာဗီယိုတို့လည်း လွဲချော်ဦးမှာပါ။

လီဗာပူးလ်ဘက်မှာတော့ အယ်လစ်ဆန်၊ အာနိုး၊ ဘန် ဒုတ်ခ်၊ ဘာဆက်တစ်၊ မာတစ်၊ ဂျိုတာ၊ အယ်လ်ကန်တာရာ၊ ကာတစ် ဂျုံးစ်တို့အားလုံး လွဲချော်မှာဖြစ်ပြီး ဆာလား၊ ဆဘော့ဇ်ဆလိုင်းနဲ့ နူးညက်ဇ်တို့ကတော့ ဒီပွဲမတိုင်ခင် နောက်ကျ ကြံ့ခိုင်မှုစစ်ဆေးမှုခံယူသွားမှာပါ။ ကိုဒီ ဂက်ခ်ပိုကတော့ ဒီရာသီ ကာရာဘောင်းမှာ ၄ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး လူတန်နဲ့ပွဲမှာ ဆာလားနေရာ ဝင်ကစားခဲ့တဲ့ ဟာဗီး အဲလီးယော့တ်ကလည်း ဝင်ဘလေကပွဲမှာ ပွဲထွက်လာနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ချဲလ်ဆီး-ပက်ထရိုဗစ်၊ ဂူစတို၊ ဒီဆာဆီ၊ ကိုဝီလ်၊ ချေးဝဲလ်၊ ကိုင်ဆေဒို၊ ဖာနန်ဒက်ဇ်၊ ပါလ်မာ၊ ဂယ်လေဂါ၊ စတားလင်း၊ ဂျက်ဆင်။
လီဗာပူးလ်-ကယ်လီဟာ၊ ဘရက်ဒ်လီ၊ ကိုနာတီ၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ဂရာဗင်ဘာ့ချ်၊ အန်ဒို၊ မက္ကယ်လစ္စတာ၊ အဲလီးယော့တ်၊ ဂက်ခ်ပို၊ ဒီယက်ဇ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၃၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁၀ ကြိမ်နိုင် ၁၃ ကြိမ်သရေ လီဗာပူးလ်က ၁၅ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ချဲလ်ဆီးက ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး၊ လီဗာပူးလ်က ၄ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က အန်းဖီးမှာတုန်းက ဂိုးပြတ်အနိုင်ယူခံခဲ့ရတဲ့ ချဲလ်ဆီးအတွက်တော့ ခက်ခဲတဲ့ပွဲဖြစ်လာမှာဖြစ်ပြီး ပိုချက်တီနိုဟာ အင်္ဂလန်မှာ ပထမဆုံးအကြိမ် အဓိကဆုဖလားတစ်လုံးကို ရယူသွားချင်နေမှာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ကာရာဘောင်းဖလားမှာ အနည်းဆုံး ၁ ဂိုးပေးရတဲ့ စံချိန်က ပြန်လည်သက်ဝင်လာနေတဲ့ ချဲလ်ဆီးကြောင့် ဒီပွဲမှာ ဆက်လက်တိုးမြှင့်သွားနိုင်ပေမယ့်လည်း ဆာလား၊ နူးညက်ဇ်နဲ့ ဆဘော့ဇ်ဆလိုင်းတို့ မပါဝင်နိုင်ဘူးဆိုရင်တော့ ခံစစ်ထက် တိုက်စစ်ကို ပိုစိုးရိမ်ရမှာပါ။ ဒါပေမယ့်လည်း ကလော့ပ်က လူငယ်အကယ်ဒမီထွက်ကစားသမားတွေနဲ့ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားတွေကို ယုံကြည်မှုပေးသွားမှာဖြစ်ပြီး အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ပြည်တွင်းဖလားဗိုလ်လုပွဲတွေက ကျိန်စာကို ချေဖျက်နိုင်ဖွယ်မရှိဘဲ ကမ်းဘက်ဆရာတစ်ဆူဖြစ်တဲ့ လီဗာပူးလ်ကပဲ ဗိုလ်စွဲသွားဖို့ အနည်းငယ် ပိုမိုရေပန်းစားနေပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၁-၂ လီဗာပူးလ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ဟာ ဒီရာသီရဲ႕ ပထမဆုံး ျပည္တြင္းဖလားတစ္လုံးကို ရယူဖို႔အတြက္ ဒီေန႔ည ဝင္ဘေလကြင္းမွာ ကစားမယ့္ ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာ ႀကိဳးပမ္းသြားၾကေတာ့မွာပါ။

ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ဟာ ၂၀၂၂ ခုႏွစ္တုန္းက ဗိုလ္လုပြဲ မေက်ပြဲ ဆက္ႏႊဲသြားၾကမွာျဖစ္ၿပီး အဲဒီပြဲစဥ္တုန္း ဂိုးမရွိသေရက်ခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္မွာ လီဗာပူးလ္က အႏိုင္ရ ဗိုလ္စြဲသြားခဲ့တာျဖစ္ပါတယ္။ ပိုခ်က္တီႏိုလက္ေအာက္ ပရီးမီးယားလိဂ္မွာ စိတ္ပ်က္စရာ ရာသီကို ျဖတ္သန္းေနရတဲ့ ခ်ဲလ္ဆီးအတြက္ေတာ့ ကာရာေဘာင္းဖလားဟာ ဒီရာသီမွာ ရယူႏိုင္ေျခအရွိဆုံး ဖလားအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ခ်ဲလ္ဆီးအသင္းဘက္မွာ ဘာဒီယာရွီေလ၊ ရီးစ္ ဂ်ိမ္းစ္၊ ဖိုဖာနာ၊ ကူကူရယ္လာတို႔ ဒဏ္ရာရေနၿပီး ကူကူရယ္လာတစ္ဦးတည္းသာ ဒီပြဲမွာ ျပန္ပါလာႏိုင္ဖို႔ အခြင့္အေရး အနည္းငယ္ရွိေနတာျဖစ္ပါတယ္။ အသက္ ၄၀ ျပည့္ေတာ့မယ့္ ေဆးလ္ဗားကလည္း ပြဲထြက္လူစာရင္းထဲ ျပန္ပါလာႏိုင္ေျခရွိေပမယ့္လည္း မေသခ်ာေသးဘဲ ပိုခ်က္တီႏိုကေတာ့ စီးတီးနဲ႔ပြဲက ခံစစ္အတြဲကိုပဲ ျပန္သုံးဖို႔မ်ားပါတယ္။ ခ်ဴကဝူမီကာ၊ အူဂိုခ်ဴကဝူနဲ႔ ႐ိုမီယို လာဗီယိုတို႔လည္း လြဲေခ်ာ္ဦးမွာပါ။

လီဗာပူးလ္ဘက္မွာေတာ့ အယ္လစ္ဆန္၊ အာႏိုး၊ ဘန္ ဒုတ္ခ္၊ ဘာဆက္တစ္၊ မာတစ္၊ ဂ်ိဳတာ၊ အယ္လ္ကန္တာရာ၊ ကာတစ္ ဂ်ဳံးစ္တို႔အားလုံး လြဲေခ်ာ္မွာျဖစ္ၿပီး ဆာလား၊ ဆေဘာ့ဇ္ဆလိုင္းနဲ႔ ႏူးညက္ဇ္တို႔ကေတာ့ ဒီပြဲမတိုင္ခင္ ေနာက္က် ႀကံ့ခိုင္မႈစစ္ေဆးမႈခံယူသြားမွာပါ။ ကိုဒီ ဂက္ခ္ပိုကေတာ့ ဒီရာသီ ကာရာေဘာင္းမွာ ၄ ဂိုးအထိ သြင္းယူထားတဲ့ ကစားသမားျဖစ္ၿပီး လူတန္နဲ႔ပြဲမွာ ဆာလားေနရာ ဝင္ကစားခဲ့တဲ့ ဟာဗီး အဲလီးေယာ့တ္ကလည္း ဝင္ဘေလကပြဲမွာ ပြဲထြက္လာႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ခ်ဲလ္ဆီး-ပက္ထ႐ိုဗစ္၊ ဂူစတို၊ ဒီဆာဆီ၊ ကိုဝီလ္၊ ေခ်းဝဲလ္၊ ကိုင္ေဆဒို၊ ဖာနန္ဒက္ဇ္၊ ပါလ္မာ၊ ဂယ္ေလဂါ၊ စတားလင္း၊ ဂ်က္ဆင္။
လီဗာပူးလ္-ကယ္လီဟာ၊ ဘရက္ဒ္လီ၊ ကိုနာတီ၊ ဗန္ဒိုက္၊ ေရာဘတ္ဆန္၊ ဂရာဗင္ဘာ့ခ်္၊ အန္ဒို၊ မကၠယ္လစၥတာ၊ အဲလီးေယာ့တ္၊ ဂက္ခ္ပို၊ ဒီယက္ဇ္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၃၈ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ခ်ဲလ္ဆီးက ၁၀ ႀကိမ္ႏိုင္ ၁၃ ႀကိမ္သေရ လီဗာပူးလ္က ၁၅ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ခ်ဲလ္ဆီးက ၂ ပြဲႏိုင္ ၁ ပြဲသေရ ၂ ပြဲရႈံး၊ လီဗာပူးလ္က ၄ ပြဲႏိုင္ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က အန္းဖီးမွာတုန္းက ဂိုးျပတ္အႏိုင္ယူခံခဲ့ရတဲ့ ခ်ဲလ္ဆီးအတြက္ေတာ့ ခက္ခဲတဲ့ပြဲျဖစ္လာမွာျဖစ္ၿပီး ပိုခ်က္တီႏိုဟာ အဂၤလန္မွာ ပထမဆုံးအႀကိမ္ အဓိကဆုဖလားတစ္လုံးကို ရယူသြားခ်င္ေနမွာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ႕ ကာရာေဘာင္းဖလားမွာ အနည္းဆုံး ၁ ဂိုးေပးရတဲ့ စံခ်ိန္က ျပန္လည္သက္ဝင္လာေနတဲ့ ခ်ဲလ္ဆီးေၾကာင့္ ဒီပြဲမွာ ဆက္လက္တိုးျမႇင့္သြားႏိုင္ေပမယ့္လည္း ဆာလား၊ ႏူးညက္ဇ္နဲ႔ ဆေဘာ့ဇ္ဆလိုင္းတို႔ မပါဝင္ႏိုင္ဘူးဆိုရင္ေတာ့ ခံစစ္ထက္ တိုက္စစ္ကို ပိုစိုးရိမ္ရမွာပါ။ ဒါေပမယ့္လည္း ကေလာ့ပ္က လူငယ္အကယ္ဒမီထြက္ကစားသမားေတြနဲ႔ ပုံမွန္ပြဲထြက္ခြင့္မရတဲ့ ကစားသမားေတြကို ယုံၾကည္မႈေပးသြားမွာျဖစ္ၿပီး အေရးႀကီးတဲ့အခိုက္အတန႔္ေတြမွာ ရလဒ္ေကာင္းေတြ ယူေဆာင္ေပးႏိုင္စြမ္းရွိသူေတြျဖစ္ပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ျပည္တြင္းဖလားဗိုလ္လုပြဲေတြက က်ိန္စာကို ေခ်ဖ်က္ႏိုင္ဖြယ္မရွိဘဲ ကမ္းဘက္ဆရာတစ္ဆူျဖစ္တဲ့ လီဗာပူးလ္ကပဲ ဗိုလ္စြဲသြားဖို႔ အနည္းငယ္ ပိုမိုေရပန္းစားေနပါတယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၁-၂ လီဗာပူးလ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.