Premier League

IShowSpeed ကို ဂန္တဝင်တွေနဲ့ ထပ်မကစားဖို့ သတိပေးလိုက်တဲ့ အီယန် ရိုက်

အီယန် ရိုက်က ရန်ပုံငွေပွဲမှာ ဘရာဇီးလ်ဂန္တဝင် ကာကာကို ကြောက်မက်ဖွယ် ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့အတွက် အနီကတ်နဲ့ ထုတ်ပယ်ခံရမယ့်အရေးကနေ ရှောင်လွှဲနိုင်ခဲ့တဲ့ IShowSpeed အနေနဲ့ ဒီလို ဂန္တဝင်ကစားသမားတွေနဲ့ အတူတူ မကစားသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

လူသိများတဲ့ Youtuber တစ်ယောက်ဖြစ်တဲ့ IShowSpeed ဟာ သောကြာနေ့ညက ကာတာမှာ ကစားခဲ့တဲ့ Match for Hope ရန်ပုံငွေပွဲစဉ်မှာ ရောဘတ်တို ကားလို့စ်၊ အီဒင် ဟာဇက်၊ ဒရော့ဂ်ဘာ၊ ဒေးဗစ် ဗီလာတို့လို ကမ္ဘာကျော်ဘောလုံးသမားအများအပြားနဲ့အတူ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းအတွင်း IShowSpeed ဟာ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းနေတဲ့ ဘရာဇီးလ်ဂန္တဝင် ကာကာကို နောက်ကနေ လျှောထိုးဖျက်ထုတ်မှု ပြုလုပ်ခဲ့ပြီး အေစီမီလန်ဂန္တဝင်ရဲ့ ခြေသလုံးကို ဖြတ်ကန်မိခဲ့တာဖြစ်ပါတယ်။

IShowSpeed က ဘရာဇီးလ်ဂန္တဝင်က မြေကြီးပေါ် လဲကျသွားခဲ့ပြီးနောက် ၎င်းရဲ့ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကို ချက်ချင်း ထခုန်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက အဲဒီဖျက်ထုတ်မှုအတွက် အဝါကတ်ပြ သတိပေးခဲ့တာဖြစ်ပါတယ်။

IShowSpeed ဟာ အဲဒီဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်မခံရဘဲ ကွင်းထဲမှာ ဆက်ရှိနေခဲ့တာဟာ ရန်ပုံငွေပွဲဖြစ်နေတာကြောင့်ဆိုတာကို နားမလည်တာကြောင့် ဒိုင်လူကြီးကိုတောင် ဒေါသတကြီး စောဒကတက်နေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်က အဲဒီဗီဒီယိုဖိုင်ကို ကြည့်ရှုခဲ့ပြီးနောက် စိတ်မသက်မသာနဲ့ IShowSpeed ဟာ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ရင် ဘောလုံးဂန္တဝင်တွေနဲ့အတူ ရန်ပုံငွေပွဲတွေမှာ ထပ်မကစားသင့်တော့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီလိုမျိုး ဖျက်ထုတ်မယ်ဆိုရင် ဒီလူတွေနဲ့ မကစားသင့်ဘူး”လို့ ကာကာကို ဖျက်ထုတ်ခဲ့တဲ့ ပုံအောက်မှာ မှတ်ချက်ဝင်ရေးခဲ့တာဖြစ်ပြီး IShowSpeed ဟာ ပွဲမတိုင်ခင် ဘရာဇီးလ်ကြယ်ပွင့်နဲ့ စကားများခဲ့ပြီးနောက် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ပုံပေါ်ပေမယ့် ကာကာကတော့ အဲဒီလိုမဟုတ်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။

ပွဲမတိုင်ခင် ဗီဒီယိုဖိုင်ထဲမှာ IShowSpeed က ကာကာကို “လခွီးတဲ့မှပဲ။ ကျွန်တော်က ခင်ဗျားကို ယှဉ်ပြိုင်ကစားသွားရမှာမလား။ ခင်ဗျား မဟုတ်ဘူးဆိုတာက ဘာကို ဆိုလိုတာလဲ။ ကျွန်တော် အနိုင်မရနိုင်ဘူးလား။ ခင်ဗျား လောင်းကြေးစားကြေး လုပ်မလား”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီယန္ ႐ိုက္က ရန္ပုံေငြပြဲမွာ ဘရာဇီးလ္ဂႏၲဝင္ ကာကာကို ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တဲ့အတြက္ အနီကတ္နဲ႔ ထုတ္ပယ္ခံရမယ့္အေရးကေန ေရွာင္လႊဲႏိုင္ခဲ့တဲ့ IShowSpeed အေနနဲ႔ ဒီလို ဂႏၲဝင္ကစားသမားေတြနဲ႔ အတူတူ မကစားသင့္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

လူသိမ်ားတဲ့ Youtuber တစ္ေယာက္ျဖစ္တဲ့ IShowSpeed ဟာ ေသာၾကာေန႔ညက ကာတာမွာ ကစားခဲ့တဲ့ Match for Hope ရန္ပုံေငြပြဲစဥ္မွာ ေရာဘတ္တို ကားလို႔စ္၊ အီဒင္ ဟာဇက္၊ ဒေရာ့ဂ္ဘာ၊ ေဒးဗစ္ ဗီလာတို႔လို ကမာၻေက်ာ္ေဘာလုံးသမားအမ်ားအျပားနဲ႔အတူ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းအတြင္း IShowSpeed ဟာ တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းေနတဲ့ ဘရာဇီးလ္ဂႏၲဝင္ ကာကာကို ေနာက္ကေန ေလွ်ာထိုးဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ၿပီး ေအစီမီလန္ဂႏၲဝင္ရဲ႕ ေျခသလုံးကို ျဖတ္ကန္မိခဲ့တာျဖစ္ပါတယ္။

IShowSpeed က ဘရာဇီးလ္ဂႏၲဝင္က ေျမႀကီးေပၚ လဲက်သြားခဲ့ၿပီးေနာက္ ၎ရဲ႕ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈကို ခ်က္ခ်င္း ထခုန္ၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ၿပီး ဒိုင္လူႀကီးက အဲဒီဖ်က္ထုတ္မႈအတြက္ အဝါကတ္ျပ သတိေပးခဲ့တာျဖစ္ပါတယ္။

IShowSpeed ဟာ အဲဒီဖ်က္ထုတ္မႈေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္မခံရဘဲ ကြင္းထဲမွာ ဆက္ရွိေနခဲ့တာဟာ ရန္ပုံေငြပြဲျဖစ္ေနတာေၾကာင့္ဆိုတာကို နားမလည္တာေၾကာင့္ ဒိုင္လူႀကီးကိုေတာင္ ေဒါသတႀကီး ေစာဒကတက္ေနခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး အီယန္ ႐ိုက္က အဲဒီဗီဒီယိုဖိုင္ကို ၾကည့္ရႈခဲ့ၿပီးေနာက္ စိတ္မသက္မသာနဲ႔ IShowSpeed ဟာ ကိုယ့္ကိုကိုယ္ မထိန္းခ်ဳပ္ႏိုင္ရင္ ေဘာလုံးဂႏၲဝင္ေတြနဲ႔အတူ ရန္ပုံေငြပြဲေတြမွာ ထပ္မကစားသင့္ေတာ့ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဒီလိုမ်ိဳး ဖ်က္ထုတ္မယ္ဆိုရင္ ဒီလူေတြနဲ႔ မကစားသင့္ဘူး”လို႔ ကာကာကို ဖ်က္ထုတ္ခဲ့တဲ့ ပုံေအာက္မွာ မွတ္ခ်က္ဝင္ေရးခဲ့တာျဖစ္ၿပီး IShowSpeed ဟာ ပြဲမတိုင္ခင္ ဘရာဇီးလ္ၾကယ္ပြင့္နဲ႔ စကားမ်ားခဲ့ၿပီးေနာက္ ရည္႐ြယ္ခ်က္ရွိရွိ ပစ္မွတ္ထားခဲ့ပုံေပၚေပမယ့္ ကာကာကေတာ့ အဲဒီလိုမဟုတ္ဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။

ပြဲမတိုင္ခင္ ဗီဒီယိုဖိုင္ထဲမွာ IShowSpeed က ကာကာကို “လခြီးတဲ့မွပဲ။ ကြၽန္ေတာ္က ခင္ဗ်ားကို ယွဥ္ၿပိဳင္ကစားသြားရမွာမလား။ ခင္ဗ်ား မဟုတ္ဘူးဆိုတာက ဘာကို ဆိုလိုတာလဲ။ ကြၽန္ေတာ္ အႏိုင္မရႏိုင္ဘူးလား။ ခင္ဗ်ား ေလာင္းေၾကးစားေၾကး လုပ္မလား”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.