Premier League

၈၈ သန်းတန် အန်တိုနီကို ၉၉ မိနစ်မှ ဘာလို့ ထည့်လဲ ရှင်းပြလိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်ဟာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ၉၉ မိနစ်အထိ အန်တိုနီကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့ပြီးနောက် တိုးတက်အောင်လုပ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၄ ပွဲဆက်နိုင်ပွဲနဲ့ အတူ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ပြန်လည် ယှဉ်ပြိုင်လာနိုင်ခဲ့ပေမယ့်လည်း စနေနေ့ညမှာ အဲလက်စ် အီဝိုဘီရဲ့ နောက်ကျသွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ဆက်တိုက် ဂိုးသွင်းယူနေတဲ့ ရာ့စ်မွတ် ဟွိုင်လန်း မပါဝင်နိုင်ခဲ့ပေမယ့်လည်း တန်ဟက်က အိုင်းယက်စ်ကနေ မတန်တဆစျေးပေးခေါ်ခဲ့တဲ့ တပည့်ကျော် အန်တိုနီအစား လူငယ်ကစားသမား အိုမာရီ ဖော်ဆင်ကို ပရီးမီးယားလိဂ်ပွဲဦးထွက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက်ကစားသမားရဲ့ ပွဲဦးထွက်ဟာ ၅၂ မိနစ်အကြာမှာတော့ အဆုံးသတ်ခဲ့ပေမယ့်လည်း တန်ဟက်က အဲဒီအချိန်မှာ အန်တိုနီကို ထည့်သွင်းဖို့ ငြင်းဆန်ခဲ့တာဖြစ်ပြီး အီဝိုဘီက နောက်ကျ အနိုင်ဂိုးသွင်းသွားပြီးမှ ဘရာဇီးလ်တောင်ပံကစားသမားကို ထည့်ခဲ့တာဖြစ်ပါတယ်။

“ကြံ့ခိုင်မှုကြောင့်မဟုတ်ပါဘူး။ သူက ကြံ့ခိုင်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ညာတောင်ပံမှာ ရွေးချယ်စရာတွေက အများကြးရှိနေပြီး တခြားနေရာတွေမှာသာ ဒဏ်ရာတွေကြောင့် ရွေးချယ်စရာမရှိဖြစ်နေတာပါ။ ကျွန်တော်တို့အားလုံးမြင်ခဲ့ရတဲ့ အန်တိုနီရဲ့ ခြေစွမ်းနဲ့ဆို သူ တိုးတက်အောင် လုပ်ရမှာပါ။ ကျွန်တော် အဲဒါကို လေ့ကျင့်ရေးမှာဖြစ်ခဲ့ပေမယ့်လည်း အိုမာရီ၊ ဂါနာချိုနဲ့ အာမက် ဂျယ်လိုတို့လည်း ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ သူတို့ရဲ့ ကျွန်တော်တို့ ဘယ်တောင်ပံခြမ်းအပေါ် လွှမ်းမိုးနိုင်မှုနဲ့ အကျိုးသက်ရောက်မှု ပြသနိုင်မှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပြီး ဘယ်လို ဖြေရှင်းရမလဲ၊ နောက်တန်းကနေ ဘယ်လို ရှေ့တက်ရမလဲဆိုတာ အဖြေရှာနိုင်ခဲ့တယ်။ ကျွန်တော်တို့ အဖြေရတာနဲ့ ကစားပုံပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်အောင် ထိန်းချုပ်မှု ရယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဒီနေ့ရှိနေတဲ့ လူစာရင်းနဲ့ဆိုရင် ဒီပွဲက အနိုင်ရခဲ့သင့်ပါတယ်။ ပထမပိုင်းရော ဒုတိယပိုင်းပါ နှေးကွေးတဲ့ စတင်မှုဖြစ်ခဲ့ပြီး ကျွန်တော်တို့ ပထမဆုံးဝီစီမှုတ်ကတည်းက အဆင်သင့်ဖြစ်နေခဲ့သင့်ပါတယ်။ ဒါက ဝေဖန်ရမယ့်အချက်ဖြစ်ပေမယ့် အသင်းက နှစ်ပိုင်းစလုံးမှာ ကြီးမားတဲ့ စိတ်ဓာတ်ပိုင်းကို ပြသခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ္ တန္ဟက္ဟာ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ ၂-၁ နဲ႔ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့တဲ့ စေနေန႔ပြဲစဥ္မွာ ၉၉ မိနစ္အထိ အန္တိုနီကို အရန္ခုံမွာ ထိုင္ခိုင္းထားခဲ့ၿပီးေနာက္ တိုးတက္ေအာင္လုပ္ဖို႔ စိန္ေခၚခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၄ ပြဲဆက္ႏိုင္ပြဲနဲ႔ အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာအတြက္ ျပန္လည္ ယွဥ္ၿပိဳင္လာႏိုင္ခဲ့ေပမယ့္လည္း စေနေန႔ညမွာ အဲလက္စ္ အီဝိုဘီရဲ႕ ေနာက္က်သြင္းဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဒဏ္ရာေၾကာင့္ ဆက္တိုက္ ဂိုးသြင္းယူေနတဲ့ ရာ့စ္မြတ္ ဟြိဳင္လန္း မပါဝင္ႏိုင္ခဲ့ေပမယ့္လည္း တန္ဟက္က အိုင္းယက္စ္ကေန မတန္တဆေစ်းေပးေခၚခဲ့တဲ့ တပည့္ေက်ာ္ အန္တိုနီအစား လူငယ္ကစားသမား အိုမာရီ ေဖာ္ဆင္ကို ပရီးမီးယားလိဂ္ပြဲဦးထြက္ခြင့္ ေပးခဲ့တာျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္ကစားသမားရဲ႕ ပြဲဦးထြက္ဟာ ၅၂ မိနစ္အၾကာမွာေတာ့ အဆုံးသတ္ခဲ့ေပမယ့္လည္း တန္ဟက္က အဲဒီအခ်ိန္မွာ အန္တိုနီကို ထည့္သြင္းဖို႔ ျငင္းဆန္ခဲ့တာျဖစ္ၿပီး အီဝိုဘီက ေနာက္က် အႏိုင္ဂိုးသြင္းသြားၿပီးမွ ဘရာဇီးလ္ေတာင္ပံကစားသမားကို ထည့္ခဲ့တာျဖစ္ပါတယ္။

“ႀကံ့ခိုင္မႈေၾကာင့္မဟုတ္ပါဘူး။ သူက ႀကံ့ခိုင္ေနပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ညာေတာင္ပံမွာ ေ႐ြးခ်ယ္စရာေတြက အမ်ားၾကးရွိေနၿပီး တျခားေနရာေတြမွာသာ ဒဏ္ရာေတြေၾကာင့္ ေ႐ြးခ်ယ္စရာမရွိျဖစ္ေနတာပါ။ ကြၽန္ေတာ္တို႔အားလုံးျမင္ခဲ့ရတဲ့ အန္တိုနီရဲ႕ ေျခစြမ္းနဲ႔ဆို သူ တိုးတက္ေအာင္ လုပ္ရမွာပါ။ ကြၽန္ေတာ္ အဲဒါကို ေလ့က်င့္ေရးမွာျဖစ္ခဲ့ေပမယ့္လည္း အိုမာရီ၊ ဂါနာခ်ိဳနဲ႔ အာမက္ ဂ်ယ္လိုတို႔လည္း ကစားခြင့္ရဖို႔ ထိုက္တန္ပါတယ္။ ကြၽန္ေတာ္တို႔ သူတို႔ရဲ႕ ကြၽန္ေတာ္တို႔ ဘယ္ေတာင္ပံျခမ္းအေပၚ လႊမ္းမိုးႏိုင္မႈနဲ႔ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္မႈေၾကာင့္ ႐ုန္းကန္ခဲ့ရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း တုံ႔ျပန္ႏိုင္ခဲ့ၿပီး ဘယ္လို ေျဖရွင္းရမလဲ၊ ေနာက္တန္းကေန ဘယ္လို ေရွ႕တက္ရမလဲဆိုတာ အေျဖရွာႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ အေျဖရတာနဲ႔ ကစားပုံပိုေကာင္းလာခဲ့ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ေအာင္ ထိန္းခ်ဳပ္မႈ ရယူႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီေန႔ရွိေနတဲ့ လူစာရင္းနဲ႔ဆိုရင္ ဒီပြဲက အႏိုင္ရခဲ့သင့္ပါတယ္။ ပထမပိုင္းေရာ ဒုတိယပိုင္းပါ ေႏွးေကြးတဲ့ စတင္မႈျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ပထမဆုံးဝီစီမႈတ္ကတည္းက အဆင္သင့္ျဖစ္ေနခဲ့သင့္ပါတယ္။ ဒါက ေဝဖန္ရမယ့္အခ်က္ျဖစ္ေပမယ့္ အသင္းက ႏွစ္ပိုင္းစလုံးမွာ ႀကီးမားတဲ့ စိတ္ဓာတ္ပိုင္းကို ျပသခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.