Match Report Premier League

ဖိုဒန်ကယ်တင်ခဲ့လို့ လီဗာပူးလ်ကို အမီလိုက်နိုင်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ စနေနေ့ညက ဗီတာလတီကွင်းမှာ ဘုန်းမောက်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီး အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

လီဗာပူးလ်က တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလားပွဲအဖြစ် ချဲလ်ဆီးနဲ့ ကစားသွားရမှာဖြစ်တာကြောင့် ဂွါဒီယိုလာရဲ့အသင်းအတွက် ရမှတ်ကွာဟမှုကို လျှော့ချဖို့ အခွင့်အရေးကောင်းဖြစ်ခဲ့ပြီး ဖိုဒန်ရဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၁၆ ဂိုးမြောက်ဂိုးနဲ့ အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ဘုန်းမောက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာလင်း ဟာလန်းအတွက် အစောပိုင်းမှာ အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ၂၄ မိနစ်မှာ နော်ဝေတိုက်စစ်မှူးကန်ချက်ကို နီတို ပုတ်ထုတ်ရာကနေ ပြန်အံထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်က အိမ်ကွင်းမာတဲ့အသင်းဆိုတာကို ပြသခဲ့ပြီး ဒုတိယပိုင်းအစောပိုင်းမှာ ချေပဂိုး ရရှိဖို့ နီးစပ်ခဲ့ပေမယ့်လည်း တာဗားနီးယားရဲ့ ၂ ကြိမ်ဆက်တိုက် အာရုံစူးစိုက်မှုကင်းမဲ့မှုနဲ့ ဆိုလန်ကီ၊ အီးနက်စ် အူနယ်တို့ ၂ ဦးစလုံး ခေါင်းတိုက်ချက်တွေက လွဲချော်ခဲ့မှုကြောင့် နစ်နာခဲ့ရတာပါ။

မန်ချက်စတာစီးတီးဟာ စနေနေ့ညက ဘုန်းမောက်ကို အနိုင်ရခဲ့တာကြောင့် တတိယနေရာက အာငဆ်နယ်ထက် ၁ မှတ်အသာ၊ ဇယားထိပ်က လီဗာပူးလ်နဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးဟာ စေနေန႔ညက ဗီတာလတီကြင္းမွာ ဘုန္းေမာက္ကို ၁-၀ နဲ႔ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ၿပီး အႏိုင္ရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္က တနဂၤေႏြေန႔မွာ ကာရာေဘာင္းဖလားပြဲအျဖစ္ ခ်ဲလ္ဆီးနဲ႔ ကစားသြားရမွာျဖစ္တာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းအတြက္ ရမွတ္ကြာဟမႈကို ေလွ်ာ့ခ်ဖို႔ အခြင့္အေရးေကာင္းျဖစ္ခဲ့ၿပီး ဖိုဒန္ရဲ႕ ဒီရာသီ ၿပိဳင္ပြဲစုံ ၁၆ ဂိုးေျမာက္ဂိုးနဲ႔ အခြင့္ေကာင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ ဘုန္းေမာက္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အာလင္း ဟာလန္းအတြက္ အေစာပိုင္းမွာ အခြင့္အေရး ဖန္တီးေပးႏိုင္ခဲ့ၿပီးေနာက္ ၂၄ မိနစ္မွာ ေနာ္ေဝတိုက္စစ္မႉးကန္ခ်က္ကို နီတို ပုတ္ထုတ္ရာကေန ျပန္အံထြက္လာတဲ့ေဘာလုံးကို ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘုန္းေမာက္က အိမ္ကြင္းမာတဲ့အသင္းဆိုတာကို ျပသခဲ့ၿပီး ဒုတိယပိုင္းအေစာပိုင္းမွာ ေခ်ပဂိုး ရရွိဖို႔ နီးစပ္ခဲ့ေပမယ့္လည္း တာဗားနီးယားရဲ႕ ၂ ႀကိမ္ဆက္တိုက္ အာ႐ုံစူးစိုက္မႈကင္းမဲ့မႈနဲ႔ ဆိုလန္ကီ၊ အီးနက္စ္ အူနယ္တို႔ ၂ ဦးစလုံး ေခါင္းတိုက္ခ်က္ေတြက လြဲေခ်ာ္ခဲ့မႈေၾကာင့္ နစ္နာခဲ့ရတာပါ။

မန္ခ်က္စတာစီးတီးဟာ စေနေန႔ညက ဘုန္းေမာက္ကို အႏိုင္ရခဲ့တာေၾကာင့္ တတိယေနရာက အာငဆ္နယ္ထက္ ၁ မွတ္အသာ၊ ဇယားထိပ္က လီဗာပူးလ္နဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.