Match Report Premier League

၆ ပွဲဆက်နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်တင်နိုင်ခဲ့တဲ့ တော်ဝင်ဂန်းနားများ

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်တွေက ခြေအသာ ဂိုးအသာနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲအစကတည်းက နယူးကာဆယ်ကို ဘောလုံးပိုင်ဆိုင်မှု မပေးဘဲ တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့ပြီး ၁၈ မိနစ်မှာ ဆာကာရဲ့ ထောင့်ကန်ဘောကနေ ကန်တင်ပေးပို့မှုကို ဂါဘရီယဲလ် ခေါင်းတိုက်ပိတ်သွင်းခဲ့ရာမှာ ကားရီးယပ်စ် ပုတ်ထုတ်ခဲ့ပေမယ့် ဆဗင် ဘော့တ်မန်းနဲ့ ထိပြီး ဂိုးစည်းကျော်သွားခဲ့တာကြောင့် ဒိုင်လူကြီးက ဂိုးအဖြစ် သတ်မှတ်ပေးခဲ့လို့ ဂန်းနားတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာ ကိုင် ဟာဗတ်ဇ်က မာတီနယ်လီရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကနေတဆင့် ချိုးပေးလိုက်တဲ့ ဘောလုံးကို ပင်နယ်တီဧရိယာအလယ်ကနေ အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

နယူးကာဆယ်ဟာ ပထမပိုင်း တစ်ပိုင်းလုံးမှာ အာဆင်နယ်ကို ဘာမှ မတုံ့ပြန်နိုင်ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှုကို ၃ မိနစ်ခန့်သာ ရခဲ့တဲ့အထိ အိမ်ရှင်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်က ပွဲကို ထိန်းကစားခဲ့တာကြောင့် နယူးကာဆယ်တို့ ချေပဂိုးသွင်းယူဖို့ ပြန်လည်ကြိုးပမ်းလာခဲ့ပေမယ့် ဂန်းနားခံစစ်ကို ဘယ်လိုမှ တိုးမပေါက်နိုင်ဖြစ်နေခဲ့ပါတယ်။

၆၅ မိနစ်မှာတော့ ဘူကာယို ဆာကာက ညာတောင်ပံကနေ နယူးကာဆယ် နောက်ခံလူကို တစ်ချက် ဖိန့်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ကားရီးယပ်စ် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာ အာဆင်နယ်တို့ ထောင့်ကန်ဘော ကန်ခွင့်ရရှိခဲ့ရာမှာ ဒီကလန် ရိုက်ရဲ့ ဖြတ်တင်ပေးပို့မှုကို ခီဗီယောက ခေါင်းတိုက်ခဲ့ရာမှာ လူးဝစ္စ မိုင်လီနဲ့ထိပြီး အနည်းငယ်လမ်းကြောင်း ပြောင်းသွားခဲ့ပြီးနောက် နဂိုကတည်းက ကယောင်ခြောက်ခြားဖြစ်နေတဲ့ ကားရီးယပ်စ် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘောလုံးကို ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပွဲကစားချိန် ၁၅ မိနစ်လောက်သာ ကျန်တော့တဲ့အချိန်မှာ အဓိကကစားသမားတွေဖြစ်တဲ့ အော်ဒီဂွါဒ်၊ ဆာကာ၊ ဟာဗတ်ဇ်တို့ကို အနားပေးခဲ့ပြီး ရိစ် နယ်လ်ဆင်၊ အန်ကီးတီးယား၊ စမစ် ရိုးတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီး ၄ မိနစ်အလိုမှာ လူစားဝင်ကစားခဲ့တဲ့ အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂျိုး ဝီလော့ခ်က ဒန် ဘန်းစ်ရဲ့ ဘယ်တောင်ပံက ခုတ်တင်လိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး တန်ပြန်တိုက်စစ်ကနေတဆင့် ရိစ် နယ်လ်ဆင် ပေးပို့ခဲ့တဲ့ဘောလုံးကို နယူးကာဆယ် နောက်ခံလူ ရှင်းထုတ်ခဲ့ရာကနေ စမစ် ရိုး အပိုင်ဂိုးကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း ဒန် ဘန်းစ် ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုးမရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အမ်းမရိတ်စ်က နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက်နိုင်ပွဲ ရရှိခဲ့ပြီဖြစ်ပြီး ဒီနိုင်ပွဲစံချိန်အတွင်း သွင်းဂိုး စုစုပေါင်း ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒ့ါအပြင် ဂန်းနားတွေဟာ ပရီးမီးယားလိဂ်သမိုင်းမှာလည်း စံချိန်သစ်တစ်ခု ရေးထိုးနိုင်ခဲ့ပြီး ပွဲကစားချိန် တစ်ပိုင်းစီမှာ ၂ ဂိုးအထိ ၇ ကြိမ်ဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော အသင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စေနေန႔ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အာဆင္နယ္နဲ႔ နယူးကာဆယ္တို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ေတြက ေျခအသာ ဂိုးအသာနဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ကို ဆက္လက္ ဖိအားေပးႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ပြဲအစကတည္းက နယူးကာဆယ္ကို ေဘာလုံးပိုင္ဆိုင္မႈ မေပးဘဲ တစ္ဖက္သတ္ ဖိအားေပးကစားႏိုင္ခဲ့ၿပီး ၁၈ မိနစ္မွာ ဆာကာရဲ႕ ေထာင့္ကန္ေဘာကေန ကန္တင္ေပးပို႔မႈကို ဂါဘရီယဲလ္ ေခါင္းတိုက္ပိတ္သြင္းခဲ့ရာမွာ ကားရီးယပ္စ္ ပုတ္ထုတ္ခဲ့ေပမယ့္ ဆဗင္ ေဘာ့တ္မန္းနဲ႔ ထိၿပီး ဂိုးစည္းေက်ာ္သြားခဲ့တာေၾကာင့္ ဒိုင္လူႀကီးက ဂိုးအျဖစ္ သတ္မွတ္ေပးခဲ့လို႔ ဂန္းနားတို႔ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။

ေနာက္ထပ္ ၆ မိနစ္အၾကာမွာ ကိုင္ ဟာဗတ္ဇ္က မာတီနယ္လီရဲ႕ ထိုးေဖာက္တိုက္စစ္ဆင္မႈကေနတဆင့္ ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ပင္နယ္တီဧရိယာအလယ္ကေန အမွားအယြင္းမရွိ ပိတ္သြင္းယူၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

နယူးကာဆယ္ဟာ ပထမပိုင္း တစ္ပိုင္းလုံးမွာ အာဆင္နယ္ကို ဘာမွ မတုံ႔ျပန္ႏိုင္ခဲ့ဘဲ ေဘာလုံးပိုင္ဆိုင္မႈကို ၃ မိနစ္ခန႔္သာ ရခဲ့တဲ့အထိ အိမ္ရွင္ေတြရဲ႕ လႊမ္းမိုးမႈကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္က ပြဲကို ထိန္းကစားခဲ့တာေၾကာင့္ နယူးကာဆယ္တို႔ ေခ်ပဂိုးသြင္းယူဖို႔ ျပန္လည္ႀကိဳးပမ္းလာခဲ့ေပမယ့္ ဂန္းနားခံစစ္ကို ဘယ္လိုမွ တိုးမေပါက္ႏိုင္ျဖစ္ေနခဲ့ပါတယ္။

၆၅ မိနစ္မွာေတာ့ ဘူကာယို ဆာကာက ညာေတာင္ပံကေန နယူးကာဆယ္ ေနာက္ခံလူကို တစ္ခ်က္ ဖိန႔္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ကားရီးယပ္စ္ ရပ္ၾကည့္ေန႐ုံသာ တတ္ႏိုင္ခဲ့ပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာ အာဆင္နယ္တို႔ ေထာင့္ကန္ေဘာ ကန္ခြင့္ရရွိခဲ့ရာမွာ ဒီကလန္ ႐ိုက္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ခီဗီေယာက ေခါင္းတိုက္ခဲ့ရာမွာ လူးဝစၥ မိုင္လီနဲ႔ထိၿပီး အနည္းငယ္လမ္းေၾကာင္း ေျပာင္းသြားခဲ့ၿပီးေနာက္ နဂိုကတည္းက ကေယာင္ေျခာက္ျခားျဖစ္ေနတဲ့ ကားရီးယပ္စ္ ေျခမကိုင္မိ လက္မကိုင္မိနဲ႔ ေဘာလုံးကို ပုတ္ထုတ္ခဲ့ေပမယ့္ ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပြဲကစားခ်ိန္ ၁၅ မိနစ္ေလာက္သာ က်န္ေတာ့တဲ့အခ်ိန္မွာ အဓိကကစားသမားေတြျဖစ္တဲ့ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ဟာဗတ္ဇ္တို႔ကို အနားေပးခဲ့ၿပီး ရိစ္ နယ္လ္ဆင္၊ အန္ကီးတီးယား၊ စမစ္ ႐ိုးတို႔ကို ထည့္သြင္းကစားေစခဲ့ပါတယ္။ ပြဲၿပီးဆုံးခါနီး ၄ မိနစ္အလိုမွာ လူစားဝင္ကစားခဲ့တဲ့ အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဂ်ိဳး ဝီေလာ့ခ္က ဒန္ ဘန္းစ္ရဲ႕ ဘယ္ေတာင္ပံက ခုတ္တင္လိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္ၿပီး ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးဆုံးခါနီး တန္ျပန္တိုက္စစ္ကေနတဆင့္ ရိစ္ နယ္လ္ဆင္ ေပးပို႔ခဲ့တဲ့ေဘာလုံးကို နယူးကာဆယ္ ေနာက္ခံလူ ရွင္းထုတ္ခဲ့ရာကေန စမစ္ ႐ိုး အပိုင္ဂိုးကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း ဒန္ ဘန္းစ္ ဂိုးစည္းေပၚကေန ရွင္းထုတ္ႏိုင္ခဲ့တာေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုးမရခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အမ္းမရိတ္စ္က ႏိုင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္မွာ ၆ ပြဲဆက္ႏိုင္ပြဲ ရရွိခဲ့ၿပီျဖစ္ၿပီး ဒီႏိုင္ပြဲစံခ်ိန္အတြင္း သြင္းဂိုး စုစုေပါင္း ၂၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒ့ါအျပင္ ဂန္းနားေတြဟာ ပရီးမီးယားလိဂ္သမိုင္းမွာလည္း စံခ်ိန္သစ္တစ္ခု ေရးထိုးႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ တစ္ပိုင္းစီမွာ ၂ ဂိုးအထိ ၇ ႀကိမ္ဆက္တိုက္ သြင္းယူႏိုင္ခဲ့တဲ့ ပထမဆုံးေသာ အသင္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.