Match Report Premier League

ဖောရက်စ်ကို အကြိတ်အနယ်ကစားပြီး ထိပ်ဆုံး ၄ နေရာထဲ အခိုင်အမာရပ်တည်တဲ့ အက်စတန်ဗီလာ

ဒီနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ကစားခဲ့တဲ့ အက်စတန် ဗီလာနဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ပွဲစဉ်မှာ အူနိုင်း အမ်မရီရဲ့ အက်စတန် ဗီလာက ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမပိုင်း စတယ်ဆိုတာနဲ့ပဲ အိမ်ရှင်ပီပီ လွှမ်းမိုးကစားနိုင်ခဲ့တဲ့ အက်စတန် ဗီလာအတွက် ၄ မိနစ်မှာပဲ လီယွန် ဘေလီရဲ့ ညာတောင်ပံကနေ ဆွဲပြေးလာပြီး ချိုးပေးလိုက်တဲ့ဘောလုံးကို ပင်နယ်တီဧရိယာထဲမှာ အသင့်စောင့်နေတဲ့ ဝပ်ကင်းစ်က ဂိုးပေါက်အလွတ်ထဲကို အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ ဦးဆောင်ဂိုး ပေးလိုက်ရတဲ့ ဖောရက်စ်တို့ ပျာယာခတ်သွားခဲ့ပြီး အိမ်ရှင်တို့ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဆက်လက် ဖိအားပေးကစားနိုင်ခဲ့ပြီး ၂၉ မိနစ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဂျေကော့ဘ် ရမ်ဆေး ပေးပို့လိုက်တဲ့ ဘောလုံးကို ဒီရာသီ ၉ ဂိုးမြောက်သွင်းဂိုးအဖြစ် အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်က အိမ်ရှင်တွေကို တန်ပြန်တိုက်စစ်ကနေသာ တစ်ချက်တစ်ချက် ခြိမ်းခြောက်မှု ပြုလုပ်နိုင်ခဲ့တာကလွဲပြီး ထူးထူးခြားခြား မခြိမ်းခြောက်နိုင်ခဲ့ဘဲ နောက်ထပ် ၁၀ မိနစ်အကြာမှာ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကပဲ ဂျွန် မက်ဂင်းရဲ့ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်ပြီး နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပါတယ်။

အိမ်ရှင်တွေက ပထမပိုင်းမှာပဲ ၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဖြစ်တာကြောင့် ပွဲပြီးဆုံးခါနီး ကစားအားချလိုက်ချိန်မှာ ဖောရက်စ်က ပြန်လည် ဖိအားပေးလာခဲ့ပြီး ၄၅+၅ မိနစ်မှာ ထောင့်ကန်ဘောကနေ အဝိုနီယီ ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို နီယာခိတ်က ရင်ဘတ်နဲ့ အနီးကပ်ပိတ်သွင်းပြီး ချေပဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ပူပူနွေးနွေး ချေပဂိုးရထားတဲ့ နော်တင်ဟမ်ဖောရက်စ်က ဖိအားပေးကစားလာခဲ့ပြီး ၄၈ မိနစ်မှာပဲ ဂစ်ဘ်စ်-ဝှိုက်က အိုရီဂီရဲ့ အက်စတန် ဗီလာနောက်တန်းကို ဖြတ်ကျော်ပြီး ပေးလိုက်တဲ့ဘောလုံးကို ပြေးထွက်လာတဲ့ မာတီနက်ဇ်ကို ကျော်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၂ မိနစ်အကြာမှာ အိုရီဂီက နော်တင်ဟမ် ဖောရက်စ်အတွက် တစ်ဖက် ၃ ဂိုးစီ ညီမျှသွားစေမယ့် အပိုင်ဂိုးသွင်းခွင့် ရရှိခဲ့ပေမယ့်လည်း ကန်ချက်က ဂိုးတိုင်ဘေးနားကနေ ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ဒုတိယပိုင်း ပြန်စပြီး မိနစ်ပိုင်းအတွင်း အိပ်မောကျနေခဲ့ရာကနေ ပြန်လည် နိုးထလာခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ကို ပြိုင်ပွဲထဲ ပြန်မလာနိုင်စေမယ့် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

၅၃ မိနစ်မှာ တိုင်လီမန်းစ်ရဲ့ ဂိုးကန်သွင်းချက်က ကောင်းမွန်ခဲ့ပေမယ့်လည်း ဂိုးဘယ်ဘက်တိုင်ကို ထိမှန်သွားခဲ့တာကြောင့် အက်စတန် ဗီလာတို့ နစ်နာခဲ့ရပေမယ့် ၆၁ မိနစ်မှာတော့ အိမ်ရှင်တွေအတွက် အရေးတကြီးလိုအပ်နေတဲ့ ပွဲသိမ်းဂိုးကို ရရှိခဲ့ပါတယ်။

ဝပ်ကင်းစ်က နော်တင်ဟမ်ဖောရက်စ် ဂိုးသမား ဆဲလ်စ်ကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့ရာကနေ ရလာတဲ့ ဘောလုံးကို လီယွန် ဘေလီက ၁၀ ကိုက်အကွာကနေ ဂိုးပေါက်ထဲကို ရိုးရိုးရှင်းရှင်းပဲ ကန်သွင်းယူသွားခဲ့ပြီး အိမ်ရှင်တွေကို အနိုင်သေချာစေခဲ့တာဖြစ်ပါတယ်။

၇၅ မိနစ်မှာ ဂစ်ဘ်စ်-ဝှိုက်ရဲ့ အလွတ်တည်ကန်ဘောကနေ ပေးပို့မှုကို ယိတ်စ် အဆုံးသတ်ခဲ့ရာမှာ ဂိုးတိုင်ဘေးကို ချော်ထွက်သွားခဲ့တာက နော်တင်ဟမ်ဖောရက်စ်တို့ ချေပဂိုးရဖို့ အနီးစပ်ဆုံးအခွင့်အရေး ဖြစ်ခဲ့တာဖြစ်ပါတယ်။ အက်စတန် ဗီလာဟာ အိမ်ကွင်းမှာ ၄-၂ နဲ့ နိုင်ပွဲရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွင်းမှာ ဒုတိယနေရာက တစ်ပွဲလျော့နေတဲ့ တော့တင်ဟမ်ဟော့စပါးကို ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ကစားခဲ့တဲ့ အက္စတန္ ဗီလာနဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ရဲ႕ ပြဲစဥ္မွာ အူႏိုင္း အမ္မရီရဲ႕ အက္စတန္ ဗီလာက ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။

ပထမပိုင္း စတယ္ဆိုတာနဲ႔ပဲ အိမ္ရွင္ပီပီ လႊမ္းမိုးကစားႏိုင္ခဲ့တဲ့ အက္စတန္ ဗီလာအတြက္ ၄ မိနစ္မွာပဲ လီယြန္ ေဘလီရဲ႕ ညာေတာင္ပံကေန ဆြဲေျပးလာၿပီး ခ်ိဳးေပးလိုက္တဲ့ေဘာလုံးကို ပင္နယ္တီဧရိယာထဲမွာ အသင့္ေစာင့္ေနတဲ့ ဝပ္ကင္းစ္က ဂိုးေပါက္အလြတ္ထဲကို အမွားအယြင္းမရွိ ပိတ္သြင္းယူၿပီး ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့ပါတယ္။

ပြဲစစခ်င္းမွာပဲ ဦးေဆာင္ဂိုး ေပးလိုက္ရတဲ့ ေဖာရက္စ္တို႔ ပ်ာယာခတ္သြားခဲ့ၿပီး အိမ္ရွင္တို႔ကပဲ ေဘာလုံးပိုင္ဆိုင္မႈ အသာနဲ႔ ဆက္လက္ ဖိအားေပးကစားႏိုင္ခဲ့ၿပီး ၂၉ မိနစ္မွာေတာ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ေဂ်ေကာ့ဘ္ ရမ္ေဆး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဒီရာသီ ၉ ဂိုးေျမာက္သြင္းဂိုးအျဖစ္ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္က အိမ္ရွင္ေတြကို တန္ျပန္တိုက္စစ္ကေနသာ တစ္ခ်က္တစ္ခ်က္ ၿခိမ္းေျခာက္မႈ ျပဳလုပ္ႏိုင္ခဲ့တာကလြဲၿပီး ထူးထူးျခားျခား မၿခိမ္းေျခာက္ႏိုင္ခဲ့ဘဲ ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကပဲ ဂြၽန္ မက္ဂင္းရဲ႕ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေခါင္းတိုက္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့ပါတယ္။

အိမ္ရွင္ေတြက ပထမပိုင္းမွာပဲ ၃ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ပြဲၿပီးဆုံးခါနီး ကစားအားခ်လိုက္ခ်ိန္မွာ ေဖာရက္စ္က ျပန္လည္ ဖိအားေပးလာခဲ့ၿပီး ၄၅+၅ မိနစ္မွာ ေထာင့္ကန္ေဘာကေန အဝိုနီယီ ေခါင္းတိုက္ခ်ေပးလိုက္တဲ့ ေဘာလုံးကို နီယာခိတ္က ရင္ဘတ္နဲ႔ အနီးကပ္ပိတ္သြင္းၿပီး ေခ်ပဂိုး သြင္းယူခဲ့ပါတယ္။

ဒုတိယပိုင္းျပန္လည္စတင္ခ်ိန္မွာ ပူပူေႏြးေႏြး ေခ်ပဂိုးရထားတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္က ဖိအားေပးကစားလာခဲ့ၿပီး ၄၈ မိနစ္မွာပဲ ဂစ္ဘ္စ္-ဝႈိက္က အိုရီဂီရဲ႕ အက္စတန္ ဗီလာေနာက္တန္းကို ျဖတ္ေက်ာ္ၿပီး ေပးလိုက္တဲ့ေဘာလုံးကို ေျပးထြက္လာတဲ့ မာတီနက္ဇ္ကို ေက်ာ္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၂ မိနစ္အၾကာမွာ အိုရီဂီက ေနာ္တင္ဟမ္ ေဖာရက္စ္အတြက္ တစ္ဖက္ ၃ ဂိုးစီ ညီမွ်သြားေစမယ့္ အပိုင္ဂိုးသြင္းခြင့္ ရရွိခဲ့ေပမယ့္လည္း ကန္ခ်က္က ဂိုးတိုင္ေဘးနားကေန ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ဒုတိယပိုင္း ျပန္စၿပီး မိနစ္ပိုင္းအတြင္း အိပ္ေမာက်ေနခဲ့ရာကေန ျပန္လည္ ႏိုးထလာခဲ့ၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၿပိဳင္ပြဲထဲ ျပန္မလာႏိုင္ေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူဖို႔ ႀကိဳးပမ္းလာခဲ့ပါတယ္။

၅၃ မိနစ္မွာ တိုင္လီမန္းစ္ရဲ႕ ဂိုးကန္သြင္းခ်က္က ေကာင္းမြန္ခဲ့ေပမယ့္လည္း ဂိုးဘယ္ဘက္တိုင္ကို ထိမွန္သြားခဲ့တာေၾကာင့္ အက္စတန္ ဗီလာတို႔ နစ္နာခဲ့ရေပမယ့္ ၆၁ မိနစ္မွာေတာ့ အိမ္ရွင္ေတြအတြက္ အေရးတႀကီးလိုအပ္ေနတဲ့ ပြဲသိမ္းဂိုးကို ရရွိခဲ့ပါတယ္။

ဝပ္ကင္းစ္က ေနာ္တင္ဟမ္ေဖာရက္စ္ ဂိုးသမား ဆဲလ္စ္ကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့ရာကေန ရလာတဲ့ ေဘာလုံးကို လီယြန္ ေဘလီက ၁၀ ကိုက္အကြာကေန ဂိုးေပါက္ထဲကို ႐ိုး႐ိုးရွင္းရွင္းပဲ ကန္သြင္းယူသြားခဲ့ၿပီး အိမ္ရွင္ေတြကို အႏိုင္ေသခ်ာေစခဲ့တာျဖစ္ပါတယ္။

၇၅ မိနစ္မွာ ဂစ္ဘ္စ္-ဝႈိက္ရဲ႕ အလြတ္တည္ကန္ေဘာကေန ေပးပို႔မႈကို ယိတ္စ္ အဆုံးသတ္ခဲ့ရာမွာ ဂိုးတိုင္ေဘးကို ေခ်ာ္ထြက္သြားခဲ့တာက ေနာ္တင္ဟမ္ေဖာရက္စ္တို႔ ေခ်ပဂိုးရဖို႔ အနီးစပ္ဆုံးအခြင့္အေရး ျဖစ္ခဲ့တာျဖစ္ပါတယ္။ အက္စတန္ ဗီလာဟာ အိမ္ကြင္းမွာ ၄-၂ နဲ႔ ႏိုင္ပြဲရရွိခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာအတြင္းမွာ ဒုတိယေနရာက တစ္ပြဲေလ်ာ့ေနတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို ၅ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.