Match Report Premier League

ပြန်လာမလိုလိုနဲ့ ပြန်မလာနိုင်တော့ဘဲ မမဆောင်းဆန်ခဲ့တဲ့ မန်ယူနိုက်တက်

ဒီနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင်တွေက ၂-၁ နဲ့ ရှုံးနိမ့်ပြီး နောက်ထပ်အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပထမပိုင်းမှာ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲက မြိုင်ဆိုင်ခဲ့ပြီး နှစ်သင်းစလုံး ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဖူလ်ဟမ်က တရစပ် ဖိအားပေးကစားလာခဲ့ပြီး ကက်စမီရိုနဲ့ ဖော်ဆင်တို့ ဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရတာကြောင့် ကွင်းလယ်တိုက်ပွဲမှာ အိမ်ရှင်တို့ မသိမသာ အရေးနိမ့်လာခဲ့တာဖြစ်ပါတယ်။

၆၅ မိနစ်မှာတော့ ကက်စတာညဲရဲ့ ထောင့်ကန်ဘောကနေတဆင့် ဘက်ဆီ ပိတ်သွင်းယူခဲ့ရာမှာ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို နှစ်ဆင့် ပိတ်သွင်းယူပြီး ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်တွေက ချေပဂိုး ပြန်ရဖို့ တရစပ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ပေမယ့် ဖူလ်ဟမ် နောက်ခံလူတွေက ကြံ့ကြံ့ခံပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုမျိုးတောင် မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲပြီးခါနီး ၈၉ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဘယ်တောင်ပံကနေ ထိုးဖောက်တိုက်စစ်ဆင်ပြီး ကန်သွင်းလိုက်တဲ့ ဘောလုံးကို ဖူလ်ဟမ်ဂိုးသမား လီနို ပုတ်ထုတ်ရာကနေ ပြန်အံထွက်လာတဲ့ ဘောလုံးကို အသင့်စောင့်ဆိုင်းနေတဲ့ ဟာရီ မက်ဂွိုင်းယားက ပိတ်သွင်းပြီး ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နာကျင်အချိန်ပိုမှာ နောက်ထပ် အနိုင်ဂိုးကို သွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း တန်ပြန်တိုက်စစ်ကနေတဆင့် အီဝိုဘီက ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့တာကြောင့် ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်ဟာ အဆင့် ၅ နေရာက တော့တင်ဟမ်ဟော့စပါးကို အမီလိုက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အဆင့် ၆ နေရာမှာသာ ဆက်လက် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ၉ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဖူလ္ဟမ္တို႔ရဲ႕ ပြဲစဥ္မွာ အိမ္ရွင္ေတြက ၂-၁ နဲ႔ ရႈံးနိမ့္ၿပီး ေနာက္ထပ္အိမ္ကြင္းရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ပထမပိုင္းမွာ အျပန္အလွန္ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြနဲ႔ ပြဲက ၿမိဳင္ဆိုင္ခဲ့ၿပီး ႏွစ္သင္းစလုံး ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ဖူလ္ဟမ္က တရစပ္ ဖိအားေပးကစားလာခဲ့ၿပီး ကက္စမီ႐ိုနဲ႔ ေဖာ္ဆင္တို႔ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခံခဲ့ရတာေၾကာင့္ ကြင္းလယ္တိုက္ပြဲမွာ အိမ္ရွင္တို႔ မသိမသာ အေရးနိမ့္လာခဲ့တာျဖစ္ပါတယ္။

၆၅ မိနစ္မွာေတာ့ ကက္စတာညဲရဲ႕ ေထာင့္ကန္ေဘာကေနတဆင့္ ဘက္ဆီ ပိတ္သြင္းယူခဲ့ရာမွာ ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ႏွစ္ဆင့္ ပိတ္သြင္းယူၿပီး ဖူလ္ဟမ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။ အိမ္ရွင္ေတြက ေခ်ပဂိုး ျပန္ရဖို႔ တရစပ္ ဖိအားေပးတိုက္စစ္ဆင္ခဲ့ေပမယ့္ ဖူလ္ဟမ္ ေနာက္ခံလူေတြက ႀကံ့ႀကံ့ခံပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ထိေရာက္တဲ့ ဂိုးေပါက္ၿခိမ္းေျခာက္မႈမ်ိဳးေတာင္ မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲၿပီးခါနီး ၈၉ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဘယ္ေတာင္ပံကေန ထိုးေဖာက္တိုက္စစ္ဆင္ၿပီး ကန္သြင္းလိုက္တဲ့ ေဘာလုံးကို ဖူလ္ဟမ္ဂိုးသမား လီႏို ပုတ္ထုတ္ရာကေန ျပန္အံထြက္လာတဲ့ ေဘာလုံးကို အသင့္ေစာင့္ဆိုင္းေနတဲ့ ဟာရီ မက္ဂြိဳင္းယားက ပိတ္သြင္းၿပီး ေခ်ပဂိုး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နာက်င္အခ်ိန္ပိုမွာ ေနာက္ထပ္ အႏိုင္ဂိုးကို သြင္းယူဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း တန္ျပန္တိုက္စစ္ကေနတဆင့္ အီဝိုဘီက ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို အျပင္းကန္သြင္းသြားခဲ့တာေၾကာင့္ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

ဒီရႈံးပြဲေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ဟာ အဆင့္ ၅ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးကို အမီလိုက္ႏိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရၿပီး အဆင့္ ၆ ေနရာမွာသာ ဆက္လက္ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.