Premier League Transfer News

နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု – ၂၂.၁၀.၂၀၂၀

– လီဗာပူးလ်အသင်းရဲ့ ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဂျေမီ ကာရေဂါက ဂိုးသမား အက်ဒရီယန်ဟာ အသင်းရဲ့ ပထမဂိုးသမားနေရာကို ပေးရမယ့် အဆင့်မရှိကြောင်းနဲ့ သူ့ရဲ့ ပရမ်းပတာ ဆုံးဖြတ်ချက်တွေအကြောင်း အသင်းဖော်တွေ ကောင်းကောင်းသိလိမ့်မယ်လို့ဆို။

– အသင်းရဲ့ ပွဲထွက်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရောဘတ်တို ဖာမီနိုရဲ့ ဒီရာသီမှာ ခြေစွမ်းမပြနိုင်သေးတဲ့ ပုံစံကြောင့် ရှေ့တန်းသုံးယောက်ထဲကို ဒီယိုဂို ဂျိုတာကို ထည့်သွင်းကစားစေဖို့ လီဗာပူးလ်ပရိသတ်ဝက်ဘ်ဆိုက်တစ်ခု တောင်းဆိုထား။

– BT Sport ရဲ့ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ရော်ဘင် ဗန်ပါစီက ပြီးခဲ့တဲ့ အိုင်းယက်စ်နဲ့ပွဲက ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး အသင်းသားတွေကို အော်ဟစ်မောင်းနှင်နေခဲ့တဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ရဲ့ ပုံစံကို ချီးကျူး။

– အိုင်းယက်စ်နဲ့ပွဲအတွက် အသင်းရဲ့ တောင်ပံကစားသမား ဆာဒီယို မာနေးဟာ ဒဏ်ရာနဲ့ ကစားခဲ့ရတာဖြစ်ပြီး နာကျင်နေပေမယ့် ကြီးမားတဲ့ ပြဿနာ မဟုတ်လို့ ရေခဲကပ်ပြီး ကစားခဲ့တယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ထုတ်ဖော်။

– ကွင်းလယ်ကနေ နောက်တန်းကို လိုအပ်ချက်အရ ဆင်းကစားခဲ့တဲ့ ဖာဘင်ညိုဟာ တကယ့်နောက်ခံလူကောင်းတစ်ယောက်လို့ ရီယို ဖာဒီနန်က ချီးကျူးခဲ့အပြီးမှာ အသင်းဖော် ဗိုင်နယ်လ်ဒွမ်က သူ့ကို ဒီနေရာမှာ အမြဲကစားခိုင်းရင် တစ်ဂိုးမှ ပေးရမှာ မဟုတ်ဘူးလို့ ထောက်ခံပြောကြားသွား။

– အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီက လီဗာပူးလ်နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို ဒဏ်ရာရစေခဲ့တယ်ဆိုပြီး သူ့ရဲ့ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်အပေါ် စွပ်စွဲပြောဆိုမှုတွေဟာ လိုအပ်တာထက်ပိုပြီး ပြင်းထန်လွန်းတယ်လို့ ကစားသမားဘက်က ကာကွယ်သွား။

– အပြောင်းအရွှေ့ကျွမ်းကျင်သူလို့ အများက ဆိုစမှတ်ပြုထားခဲ့တဲ့ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက လီဗာပူးလ်အသင်းရဲ့ ဦးစားပေးပစ်မှတ်ဟာ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီပဲဖြစ်တယ်လို့ ရေးသား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: