Premier League

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၂.၁၀.၂၀၂၀

– အီတလီကလပ္အသင္းေတြနဲ႔ ေအာင္ျမင္မွဳေတြ ရယူခဲ့တဲ့ နည္းျပ မက္ဇီမီလီယာႏုိ အယ္လီဂရီကေတာ့ ဖရန္႔ လမ္းပတ္အတြက္ ေပါင္ ၇၂ သန္းတန္ ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ အလုပ္ျပဳတ္တဲ့အထိ ဒုကၡေပးႏုိင္တဲ့သူလို႔ ေျပာၾကားသြား။

– ဆီဗီလာနဲ႔ပြဲရဲ႕ ဒုတိယပုိင္းမွာ လူစားဝင္ကစားခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ကိုဗာခ်စ္ရဲ႕ေျခစြမ္းကို ခ်ဲလ္ဆီးပရိသတ္ေတြ သေဘာက်ေနၾကၿပီး လာမယ့္ပြဲေတြမွာ ဦးစားေပး ကစားသမားအျဖစ္ ပြဲထြက္ခြင့္ေပးဖို႔ ေတာင္းဆုိေနၾက။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၴဝင္တုိက္စစ္မွဴးေဟာင္းနဲ႔ ၿပီးခဲ့တဲ့ နည္းျပေဟာင္း ဆာရီလက္ထက္မွာ လက္ေထာက္အျဖစ္ ေဆာင္ရြက္ခဲ့တဲ့ ဂ်န္ဖရန္ကို ဇိုလာက သူတုိ႔လက္ထက္တုန္းက ဂိုးသမားေကာင္းတစ္ဦးျဖစ္ခဲ့ၿပီး လက္ရွိမွာ အေျခအေန ဆုိးရြားေနခဲ့တဲ့ ကီပါဟာ သူထမ္းပုိးထားရတဲ့ ဝန္ထုပ္ဝန္ပုိးေတြနဲ႔ ဖိအားေတြေၾကာင့္ ခုလိုျဖစ္သြားခဲ့ပုံေပၚတယ္လုိ႔ သုံးသပ္ခဲ့ၿပီး စိတ္မေကာင္းေၾကာင္းဆုိ။

– အသင္းကို ေရာက္လာကတည္းက ခံစစ္သမားေတြအားလုံးရဲ႕ အထင္ႀကီးေလးစားမွဳေတြ ရရွိခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားကို လန္ဒန္မွာ ပုိမုိအသားက်ေစႏုိင္ဖို႔နဲ႔ ေျပာဆုိဆက္သြယ္မွဳ အဆင္ေျပေစဖို႔အတြက္ ကူညီေပးေနတယ္လို႔ လက္ေထာက္အသင္းေခါင္းေဆာင္ ဘရာဇီးလ္ဖြား အီတလီကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိ ေျပာၾကား။

– အသင္းရဲ႕ ရလဒ္ေတြကို တုိးတက္ေအာင္ စြမ္းေဆာင္မေပးႏုိင္ဘဲ ခံစစ္ပုိင္းကိုလည္း မျပင္ဆင္ႏုိင္ဘဲ ေပးဂိုးေတြ မ်ားေနခဲ့တဲ့ နည္းျပ ဖရန္႔ လမ္းပတ္ကို အသင္းလက္မဲ့ျဖစ္ေနတဲ့ နည္းျပ အယ္လီဂရီနဲ႔ အစားထိုးဖို႔ ေအဘရာမုိဗစ္ခ်္ စဥ္းစားေနတယ္လုိ႔ သတင္းထြက္လာ။

– ဆီဗီလာကို ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္မွာ သူတုိ႔အသင္းရဲ႕ ခံစစ္ဟာ က်စ္လ်စ္သိပ္သည္းၿပီး အင္အားေကာင္းခဲ့တယ္လို႔ ေဝဖန္မွဳေတြနဲ႔ ႀကဳံေတြ႕ေနရတဲ့ အသင္းခံစစ္ပုိင္းအတြက္ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ ကာကြယ္ေျပာၾကား။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္ကို အနည္းဆုံး ေပါင္ ၇၃ သန္း ရရွိမွ ေရာင္းခ်သြားမွာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းဘက္က ေလ်ာ့နည္းတဲ့ ေဈးနဲ႔ ေခၚယူသြားမွာကို ကာကြယ္ဖို႔အတြက္ ၂၀၂၄ အထိ စာခ်ဳပ္ရွိေနေသးတဲ့ ကစားသမားကို သက္တမ္းတုိးဖို႔ ျမင့္မားတဲ့ လစာေငြနဲ႔ စည္း႐ုံးေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အီတလီကလပ်အသင်းတွေနဲ့ အောင်မြင်မှုတွေ ရယူခဲ့တဲ့ နည်းပြ မက်ဇီမီလီယာနို အယ်လီဂရီကတော့ ဖရန့် လမ်းပတ်အတွက် ပေါင် ၇၂ သန်းတန် ဂိုးသမား ကီပါ အာရီဇာဘာလာဂါဟာ အလုပ်ပြုတ်တဲ့အထိ ဒုက္ခပေးနိုင်တဲ့သူလို့ ပြောကြားသွား။

– ဆီဗီလာနဲ့ပွဲရဲ့ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ကိုဗာချစ်ရဲ့ခြေစွမ်းကို ချဲလ်ဆီးပရိသတ်တွေ သဘောကျနေကြပြီး လာမယ့်ပွဲတွေမှာ ဦးစားပေး ကစားသမားအဖြစ် ပွဲထွက်ခွင့်ပေးဖို့ တောင်းဆိုနေကြ။

– ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းနဲ့ ပြီးခဲ့တဲ့ နည်းပြဟောင်း ဆာရီလက်ထက်မှာ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျန်ဖရန်ကို ဇိုလာက သူတို့လက်ထက်တုန်းက ဂိုးသမားကောင်းတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာ အခြေအနေ ဆိုးရွားနေခဲ့တဲ့ ကီပါဟာ သူထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေနဲ့ ဖိအားတွေကြောင့် ခုလိုဖြစ်သွားခဲ့ပုံပေါ်တယ်လို့ သုံးသပ်ခဲ့ပြီး စိတ်မကောင်းကြောင်းဆို။

– အသင်းကို ရောက်လာကတည်းက ခံစစ်သမားတွေအားလုံးရဲ့ အထင်ကြီးလေးစားမှုတွေ ရရှိခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကို လန်ဒန်မှာ ပိုမိုအသားကျစေနိုင်ဖို့နဲ့ ပြောဆိုဆက်သွယ်မှု အဆင်ပြေစေဖို့အတွက် ကူညီပေးနေတယ်လို့ လက်ထောက်အသင်းခေါင်းဆောင် ဘရာဇီးလ်ဖွား အီတလီကွင်းလယ်လူ ဂျော်ဂျင်ညို ပြောကြား။

– အသင်းရဲ့ ရလဒ်တွေကို တိုးတက်အောင် စွမ်းဆောင်မပေးနိုင်ဘဲ ခံစစ်ပိုင်းကိုလည်း မပြင်ဆင်နိုင်ဘဲ ပေးဂိုးတွေ များနေခဲ့တဲ့ နည်းပြ ဖရန့် လမ်းပတ်ကို အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ အယ်လီဂရီနဲ့ အစားထိုးဖို့ အေဘရာမိုဗစ်ချ် စဉ်းစားနေတယ်လို့ သတင်းထွက်လာ။

– ဆီဗီလာကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ သူတို့အသင်းရဲ့ ခံစစ်ဟာ ကျစ်လျစ်သိပ်သည်းပြီး အင်အားကောင်းခဲ့တယ်လို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ အသင်းခံစစ်ပိုင်းအတွက် ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ် ကာကွယ်ပြောကြား။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို အနည်းဆုံး ပေါင် ၇၃ သန်း ရရှိမှ ရောင်းချသွားမှာဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်က လျော့နည်းတဲ့ ဈေးနဲ့ ခေါ်ယူသွားမှာကို ကာကွယ်ဖို့အတွက် ၂၀၂၄ အထိ စာချုပ်ရှိနေသေးတဲ့ ကစားသမားကို သက်တမ်းတိုးဖို့ မြင့်မားတဲ့ လစာငွေနဲ့ စည်းရုံးနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.