Premier League

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၂.၁၀.၂၀၂၀

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေနာက္ခံလူ အဲရစ္ ဂါစီယာအေနနဲ႔ သူ႕ကို ဘာစီလိုနာအသင္းဘက္က အႀကိမ္ႀကိမ္ ကမ္းလွမ္းခဲ့ၿပီး စာခ်ဳပ္သစ္ကိုလည္း မခ်ဳပ္ေတာ့ဘူးလို႔ ပယ္ခ်ခဲ့တာေတာင္မွ ဆက္လက္ထိန္းသိမ္းထားခဲ့တဲ့ တာဝန္ရွိသူေတြရဲ႕ ဆုံးျဖတ္ခ်က္ကို ေဒါသထြက္ေန။

– ေပၚတိုနဲ႔ပြဲမွာ ဦးေဆာင္ဂိုးကို ခြင့္ျပဳခဲ့ရခ်ိန္မွာ ေနာက္တန္း ၅ ေယာက္ကို ျဖတ္ေက်ာ္ေျပးသြားခဲ့တဲ့ တစ္ဖက္တုိက္စစ္မွဴးကို ခြင့္ျပဳထားခဲ့တဲ့ ခံစစ္ကစားပုံကို ႐ူဘင္ ဒီယက္စ္က စိတ္ပ်က္ေၾကာင္း ေျပာၾကားလုိက္ၿပီး တစ္ေယာက္ေယာက္က ရပ္တန္႔ခဲ့သင့္တယ္လို႔ ဆုိလိုက္ၿပီး ေနာက္ကို ထပ္မျဖစ္ဖို႔ သတိေပး။

– ေနာက္ခံလူ နာသန္ အာေကနဲ႔ ကြင္းလယ္အဖ်က္ကစားသမား အသင္းေခါင္းေဆာင္ ဖာနန္ဒင္ညဳိတုိ႔ကို ဆုံးရွဳံးထားရခ်ိန္မွာ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ အဲရစ္ ဂါစီယာကို သက္တမ္းတုိးစာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ဖို႔ ႀကဳိးစားသြားမယ္လုိ႔ဆုိ။

– လက္ရွိအခ်ိန္အထိ အသင္းမွာ မေတြ႕ျမင္ရေသးတဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္တုိ႔ကို လာမယ့္ ဝက္စ္ဟမ္းနဲ႔ အေဝးကြင္းပြဲစဥ္မွာ ျပန္လည္အသုံးျပဳႏုိင္ဖုိ႔ ရည္ရြယ္ထားၿပီး ေနာက္ဆုံးထရိန္နင္ကို ေစာင့္ၾကည့္ဆုံးျဖတ္ရမယ္လို႔ နည္းျပ ဂြါဒီယိုလာဆုိ။

– ဒီရာသီၿပဳိင္ပြဲစုံမွာ ရလဒ္ေကာင္းေတြ ရယူႏုိင္ဖို႔ မန္ခ်က္စတာစီးတီးအသင္းသားေတြအေနနဲ႔ ရာႏွဳန္းျပည့္ ေပးဆပ္ကစားသြားဖို႔ အေရးႀကီးေနၿပီး ေမာပန္းေနတဲ့ ကစားသမားေတြကို အနားေပးခ်ိန္မွာ က်န္တဲ့သူေတြအေနနဲ႔ အားထုတ္မွဳ ေလ်ာ့လုိ႔ မျဖစ္ဘူးလို႔ ဂြန္ဒိုးဝမ္တုိက္တြန္း။

– မန္ခ်က္စတာစီးတီးအသင္းကို ရွဳံးခဲ့ရတဲ့ပြဲဟာ လုံးဝမမွ်တဘူးလို႔ ေပၚတိုအသင္းေခါင္းေဆာင္ ေပေပက ေျပာၾကားလုိက္ၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ ေဘးစည္းကေန ဒိုင္လူႀကီးကို ဖိအားေပးေနတဲ့ ပုံစံကိုလည္း နည္းျပ ဆာဂ်ီယို ကြန္ေဆးဆားေဝဖန္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ခံလူ အဲရစ် ဂါစီယာအနေနဲ့ သူ့ကို ဘာစီလိုနာအသင်းဘက်က အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ပြီး စာချုပ်သစ်ကိုလည်း မချုပ်တော့ဘူးလို့ ပယ်ချခဲ့တာတောင်မှ ဆက်လက်ထိန်းသိမ်းထားခဲ့တဲ့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်နေ။

– ပေါ်တိုနဲ့ပွဲမှာ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရချိန်မှာ နောက်တန်း ၅ ယောက်ကို ဖြတ်ကျော်ပြေးသွားခဲ့တဲ့ တစ်ဖက်တိုက်စစ်မှူးကို ခွင့်ပြုထားခဲ့တဲ့ ခံစစ်ကစားပုံကို ရူဘင် ဒီယက်စ်က စိတ်ပျက်ကြောင်း ပြောကြားလိုက်ပြီး တစ်ယောက်ယောက်က ရပ်တန့်ခဲ့သင့်တယ်လို့ ဆိုလိုက်ပြီး နောက်ကို ထပ်မဖြစ်ဖို့ သတိပေး။

– နောက်ခံလူ နာသန် အာကေနဲ့ ကွင်းလယ်အဖျက်ကစားသမား အသင်းခေါင်းဆောင် ဖာနန်ဒင်ညိုတို့ကို ဆုံးရှုံးထားရချိန်မှာ နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ အဲရစ် ဂါစီယာကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆို။

– လက်ရှိအချိန်အထိ အသင်းမှာ မတွေ့မြင်ရသေးတဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားနဲ့ နောက်ခံလူ အေးမရစ် လာပေါ့တ်တို့ကို လာမယ့် ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ပြန်လည်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပြီး နောက်ဆုံးထရိန်နင်ကို စောင့်ကြည့်ဆုံးဖြတ်ရမယ်လို့ နည်းပြ ဂွါဒီယိုလာဆို။

– ဒီရာသီပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ မန်ချက်စတာစီးတီးအသင်းသားတွေအနေနဲ့ ရာနှုန်းပြည့် ပေးဆပ်ကစားသွားဖို့ အရေးကြီးနေပြီး မောပန်းနေတဲ့ ကစားသမားတွေကို အနားပေးချိန်မှာ ကျန်တဲ့သူတွေအနေနဲ့ အားထုတ်မှု လျော့လို့ မဖြစ်ဘူးလို့ ဂွန်ဒိုးဝမ်တိုက်တွန်း။

– မန်ချက်စတာစီးတီးအသင်းကို ရှုံးခဲ့ရတဲ့ပွဲဟာ လုံးဝမမျှတဘူးလို့ ပေါ်တိုအသင်းခေါင်းဆောင် ပေပေက ပြောကြားလိုက်ပြီး နည်းပြ ဂွါဒီယိုလာရဲ့ ဘေးစည်းကနေ ဒိုင်လူကြီးကို ဖိအားပေးနေတဲ့ ပုံစံကိုလည်း နည်းပြ ဆာဂျီယို ကွန်ဆေးဆားဝေဖန်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.